Thursday 15 January 2015

မြန်မာနိုင်ငံ ဆက်သွယ်ရေးကဏ္ဍအတွက် ဂျပန်က ယန်း ၁၀ ဘီလီယံကျော် ထုတ်ချေးမည်

Photo: မြန်မာနိုင်ငံ ဆက်သွယ်ရေးကဏ္ဍအတွက် ဂျပန်က ယန်း ၁၀ ဘီလီယံကျော် ထုတ်ချေးမည်
Thursday, January 15, 2015

ဂျပန်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍ ဖွံ့ဖြိုးရန် ယန်းငွေ ၁၀ ဒသမ၇ ဘီလီယံ ထုတ်ချေးပေးသွားမည်ဟု ကတိပြုထားပြီး မြန်မာနိုင်ငံဘက်မှ အတိုင်ပင်ခံ(အကြံပေး) အဖွဲ့ရွေးချယ်ပြီးပါက ချေးငွေထုတ်ပေးနိုင်ရေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 ‘‘ချေးငွေ ထုတ်ပေးဖို့အတွက် နှစ်ဖက်စလုံးက သဘောတူပြီးသွားပါပြီ။ လက်ရှိမှာ မြန်မာအစိုးရဘက်က အတိုင်ပင်ခံအဖွဲ့ ကိုရွေးချယ်ပြီး ဆက်သွယ်ရေး ကဏ္ဍရဲ့ ဘယ်အပိုင်းတွေမှာလုပ်သွားမလဲဆိုတာရွေးရမယ်။ အဲဒါ ပြီးမှ စလုပ်လို့ရပါမယ်’’ဟု ဂျပန် နိုင်ငံပြည်ထဲရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ အပြည်ပြည်ဆိုင်ရာတာဝန်ခံ မစ္စတာ ကီမီဟီ ကိုကီမူရာကပြောသည်။

   ဂျပန်အစိုးရအနေဖြင့် ၂၀၁၃ က အရှေ့တောင် အာရှဆီးဂိမ်းနှင့်  အာဆီယံဥက္ကဋ္ဌရာထူးတို့ကို တာဝန်ယူမည့် မြန်မာနိုင်ငံ၌ အင်တာနက်မြန်နှုန်းတိုးမြှင့်နိုင်ရေးအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများတည်ဆောက်ရန် ယန်းငွေ ၁ ဒသမ ၇ ဘီလီယံကို အရေးပေါ် အနေဖြင့် ထောက်ပံ့ပေးခဲ့သည်။ ယခုထုတ်ပေးမည့် ချေးငွေမှာ အဆိုပါလုပ်ငန်းများ ပို၍ပြည့်စုံစေရန်နှင့် ဆက်သွယ်ရေး အခြေခံအဆောက်အအုံများ တည် ဆောက်ရန်အတွက်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ကီမီဟီကိုကီမူရာအနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးမြတ်ဟိန်းတို့နှင့် တွေ့ဆုံကာ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများအတွက် ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်ရန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

 ‘‘မနေ့က ဆက်သွယ်ရေး ဝန်ကြီး၊ ဒီနေ့ နိုင်ငံတော်သမ္မတတို့ နဲ့တွေ့ခဲ့ပါတယ်။ အဓိကကတော့ ပူးပေါင်းဆောင်ရွက်ရေးအပိုင်းကို ရှေ့ဆက်ပြီး အများကြီးတိုးတက်အောင် လုပ်သွားဖို့အတွက် ဆွေးနွေးဖြစ်ခဲ့ပါတယ်’’ဟု ကီမီဟီကိုကီမူရာကရှင်းပြသည်။

ဂျပန်နိုင်ငံအနေဖြင့် မြန်မာ နိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးရန် အစိုးရထောက်ပံ့မှုနှင့် ချေးငွေများအပြင် MPT နှင့် ပူးပေါင်းထားသည့် ဂျပန်ဆက်သွယ်ရေးကုမ္ပဏီများဖြစ်သော KDDI, SumitomoCoperation တို့က ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

7Day DAILY  

ပြီးခဲ့သည့်နိုဝင်ဘာလအတွင်း ဂျပန်ဝန်ကြီးချူပ်ရှင်ဇိုအာဘေး ရန်ကုန်စာတိုက်ကြီးသို့ ရောက်ရှိစဉ်(ဓာတ်ပုံ - MPT)
ပြီးခဲ့သည့်နိုဝင်ဘာလအတွင်း ဂျပန်ဝန်ကြီးချူပ်ရှင်ဇိုအာဘေး ရန်ကုန်စာတိုက်ကြီးသို့ ရောက်ရှိစဉ်(ဓာတ်ပုံ - MPT)
ဂျပန်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍ ဖွံ့ဖြိုးရန် ယန်းငွေ ၁၀ ဒသမ၇ ဘီလီယံ ထုတ် ချေးပေးသွားမည်ဟု ကတိပြုထားပြီး မြန်မာနိုင်ငံဘက်မှ အတိုင်ပင်ခံ(အကြံပေး) အဖွဲ့ရွေးချယ်ပြီး ပါက ချေးငွေထုတ်ပေးနိုင်ရေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ချေးငွေ ထုတ်ပေးဖို့အတွက် နှစ်ဖက်စလုံးက သဘောတူပြီးသွားပါပြီ။ လက်ရှိမှာ မြန်မာအစိုးရဘက်က အတိုင်ပင်ခံအဖွဲ့ ကိုရွေးချယ်ပြီး ဆက်သွယ်ရေး ကဏ္ဍရဲ့ ဘယ်အပိုင်းတွေမှာလုပ်သွားမလဲ ဆိုတာ ရွေးရမယ်။ အဲဒါ ပြီးမှ စလုပ်လို့ရပါမယ်’’ဟု ဂျပန် နိုင်ငံပြည်ထဲရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ အပြည်ပြည်ဆိုင်ရာတာဝန်ခံ မစ္စတာ ကီမီဟီ ကိုကီမူရာကပြောသည်။

ဂျပန်အစိုးရအနေဖြင့် ၂၀၁၃ က အရှေ့တောင် အာရှဆီးဂိမ်းနှင့်  အာဆီယံဥက္ကဋ္ဌရာထူးတို့ကို တာဝန် ယူမည့် မြန်မာနိုင်ငံ၌ အင်တာနက်မြန်နှုန်းတိုးမြှင့်နိုင်ရေးအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံ များတည်ဆောက်ရန် ယန်းငွေ ၁ ဒသမ ၇ ဘီလီယံကို အရေးပေါ် အနေဖြင့် ထောက်ပံ့ပေးခဲ့သည်။ ယခု ထုတ်ပေးမည့် ချေးငွေမှာ အဆိုပါလုပ်ငန်းများ ပို၍ပြည့်စုံစေရန်နှင့် ဆက်သွယ်ရေး အခြေခံအဆောက် အအုံများ တည် ဆောက်ရန်အတွက်ဖြစ်ကြောင်း ၎င်းကဆိုသည်။


ကီမီဟီကိုကီမူရာအနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးမြတ်ဟိန်းတို့နှင့် တွေ့ဆုံကာ မြန်မာနိုင်ငံ ၏ ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများအတွက် ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်ရန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

 ‘‘မနေ့က ဆက်သွယ်ရေး ဝန်ကြီး၊ ဒီနေ့ နိုင်ငံတော်သမ္မတတို့ နဲ့တွေ့ခဲ့ပါတယ်။ အဓိကကတော့ ပူးပေါင်း ဆောင်ရွက်ရေးအပိုင်းကို ရှေ့ဆက်ပြီး အများကြီးတိုးတက်အောင် လုပ်သွားဖို့အတွက် ဆွေးနွေးဖြစ်ခဲ့ ပါတယ်’’ဟု ကီမီဟီကိုကီမူရာကရှင်းပြသည်။

ဂျပန်နိုင်ငံအနေဖြင့် မြန်မာ နိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးရန် အစိုးရထောက်ပံ့မှုနှင့် ချေးငွေများအပြင် MPT နှင့် ပူးပေါင်းထားသည့် ဂျပန်ဆက်သွယ်ရေးကုမ္ပဏီများဖြစ်သော KDDI, SumitomoCoperation တို့က ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

7Day DAILY  

No comments:

Post a Comment