Thursday 15 January 2015

အခြေခံပညာကျောင်းများအတွက် ကျောင်းထောက်ပံ့ကြေး ပညာသင်နှစ်တစ်နှစ်လျှင် နှစ်ကြိမ်စီ ချပေးမည်

Photo: အခြေခံပညာကျောင်းများအတွက် ကျောင်းထောက်ပံ့ကြေး
ပညာသင်နှစ်တစ်နှစ်လျှင် နှစ်ကြိမ်စီ ချပေးမည်
Thursday, January 15, 2015

အခြေခံပညာကျောင်းများအတွက် ကျောင်းထောက် ပံ့ကြေးများကို ပညာသင် နှစ်တစ်နှစ်လျှင်နှစ်ကြိမ်စီချထား ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိအခြေခံပညာကျောင်းများနှင့်ကျောင်းထောက်ပံ့ ကြေးများပေးအပ်ရန် ကမ္ဘာ့ဘဏ်မှ အတိုးမဲ့ချေးငွေ အမေရိကန်ဒေါ်လာသန်း ၈ဝနှင့်ဩစတြေးလျမှ လှူဒါန်းသောဒေါ်လာသန်း ၂ဝတို့ ကိုနိုင်ငံတော်ဘဏ္ဍာငွေနှင့်ထပ် ဆောင်းကာ လွှတ်တော်မှ ချထား ပေးရန်အတည်ပြုခဲ့ပြီး ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းများအတွက် ကျောင်းထောက်ပံ့ကြေးများကို နှစ်ကြိမ်ချ ထားပေး ပြီးဖြစ်ကြောင်း၊ လာမည့်ပညာသင်နှစ်တွင်လည်း နှစ်ကြိမ်သာ ချထားပေးသွားမည်ဖြစ်ကြောင်း ပညာ ရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီး ဌာနမှသိရသည်။

''ဒီစီမံကိန်းက လေးနှစ်စီမံကိန်း ဖြစ်ပါတယ်။ ၂၀၁၄-၂၀၁၅ ပညာသင် နှစ်ကနေ ၂၀၁၇-၂၀၁၈ ပညာသင် နှစ်အထိဖြစ်ပါတယ်။ ဒီပညာသင်နှစ်အတွက် ထောက် ပံ့ကြေးတွေကို နှစ်ကြိမ်တိုင်တိုင်ချထားပေးပြီးဖြစ်ပါတယ်။ လာမယ့်နှစ်တွေ မှာလဲ နှစ် ကြိမ်ချထားပေးမှာပါ''ဟု ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးကပြောသည်။

၂၀၁၄-၂၀၁၅ပညာသင်နှစ်အတွက် ကျောင်းထောက်ပံ့ကြေးများ၏ ပထမအရစ်ကို ဇွန်လတွင် ချထားပေးခဲ့ပြီး ဒုတိယအရစ်ကို နိုဝင်ဘာလတွင် ချထားပေးခဲ့ကြောင်း၊ အဆိုပါ ထောက်ပံ့ကြေးများကို စက်တင်ဘာလ အထိ ကျောင်းအပ် သောကျောင်းသားဦးရေအပေါ်မူတည်၍ တွက်ချက်ပေး အပ်ကြောင်း၊ ဒုတိယအရစ်ကို ဩဂုတ်လအထိ ကျောင်းအပ်သော ကျောင်းသား ဦး ရေအပေါ်တွင်မူတည်ပြီးချထားပေးကြောင်း သိရသည်။

''ဆရာတို့က ထောက်ပံ့ကြေး တွေကို ဇွန်လမှာလုပ်တဲ့လစဉ်အစည်းအဝေးမှာ ရှစ်သိန်းပေးရမယ့် ကျောင်းကို ပထမအရစ် လေးသိန်းပေးတယ်။ နောက် နိုဝင်ဘာမှာ လေး သိန်းပေးတယ်။ ကျောင်းထောက်ပံ့ကြေးတွေမှာ စာသင် ခန်း၊ ကျောင်းဆောင်ဆောက်တဲ့နေရာတွေနဲ့ အကြီးစားပြုပြင်တဲ့နေရာတွေမှာ သုံးလို့ မရပါဘူး''ဟု ယင်းက ထပ်မံပြောသည်။

ချထားပေးခဲ့သည့်အစီအစဉ် အရ မူလတန်းကျောင်းခွဲတစ်ခုလျှင် ကျပ်လေးသိန်း၊ မူလတန်းကျောင်းသား ၁ဝဦးမှ ၁၀ဝဦးအထိရှိသော ကျောင်းတစ်ခုလျှင်ကျပ်ရှစ် သိန်း၊ မူ လတန်းကျောင်းသား ၁၀၁ဦးမှ ၂၀ဝဦးအထိရှိသောကျောင်းများကို ကျပ် ၁ဝသိန်း၊ ၂၀ဝမှ ၃၀ဝအထိကို ကျပ်၁၂သိန်း၊ ၃၀ဝမှ ၄၀ဝအထိ ရှိကျောင်းများ ကိုကျပ် ၁၄သိန်း၊ ဦး ရေ(၄၀၀+)ကို ကျပ်၁၆သိန်းချထားပေးကြောင်းသိရသည်။

ATK
Democracytoday
အခြေခံပညာကျောင်းများအတွက် ကျောင်းထောက် ပံ့ကြေးများကို ပညာသင် နှစ်တစ်နှစ်လျှင်နှစ်ကြိမ်စီ ချထား ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိအခြေခံပညာကျောင်းများနှင့်ကျောင်းထောက်ပံ့ ကြေးများပေးအပ်ရန် ကမ္ဘာ့ဘဏ်မှ အတိုးမဲ့ ချေးငွေ အမေရိကန်ဒေါ်လာသန်း ၈ဝနှင့် ဩစတြေးလျမှ လှူဒါန်းသောဒေါ်လာသန်း ၂ဝတို့ ကို နိုင်ငံတော်ဘဏ္ဍာငွေနှင့်ထပ်ဆောင်းကာ လွှတ်တော်မှချထားပေးရန်အတည်ပြုခဲ့ပြီး ၂၀၁၄-၂၀၁၅ ပညာ သင်နှစ်တွင် အခြေခံပညာကျောင်းများအတွက် ကျောင်းထောက်ပံ့ကြေးများကို နှစ်ကြိမ်ချ ထားပေးပြီး ဖြစ်ကြောင်း၊ လာမည့်ပညာသင်နှစ်တွင်လည်း နှစ်ကြိမ်သာ ချထားပေးသွားမည်ဖြစ်ကြောင်း ပညာရေး စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီး ဌာနမှသိရသည်။

''ဒီစီမံကိန်းက လေးနှစ်စီမံကိန်း ဖြစ်ပါတယ်။ ၂၀၁၄-၂၀၁၅ ပညာသင် နှစ်ကနေ ၂၀၁၇-၂၀၁၈ ပညာသင် နှစ်အထိဖြစ်ပါတယ်။ ဒီပညာသင်နှစ်အတွက် ထောက် ပံ့ကြေးတွေကို နှစ်ကြိမ်တိုင်တိုင် ချထားပေးပြီးဖြစ်ပါတယ်။ လာမယ့်နှစ်တွေမှာလဲ နှစ်ကြိမ်ချထားပေးမှာပါ''ဟု ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးကပြောသည်။

၂၀၁၄-၂၀၁၅ပညာသင်နှစ်အတွက် ကျောင်းထောက်ပံ့ကြေးများ၏ ပထမအရစ်ကို ဇွန်လတွင် ချထား ပေးခဲ့ပြီး ဒုတိယအရစ်ကို နိုဝင်ဘာလတွင် ချထားပေးခဲ့ကြောင်း၊ အဆိုပါ ထောက်ပံ့ကြေးများကို စက်တင်ဘာလ အထိ ကျောင်းအပ် သောကျောင်းသားဦးရေအပေါ်မူတည်၍ တွက်ချက်ပေး အပ်ကြောင်း၊ ဒုတိယအရစ်ကို ဩဂုတ်လအထိ ကျောင်းအပ်သော ကျောင်းသား ဦးရေအပေါ်တွင် မူတည်ပြီး ချထားပေး ကြောင်း သိရသည်။

''ဆရာတို့က ထောက်ပံ့ကြေး တွေကို ဇွန်လမှာလုပ်တဲ့လစဉ်အစည်းအဝေးမှာ ရှစ်သိန်းပေးရမယ့် ကျောင်းကို ပထမအရစ် လေးသိန်းပေးတယ်။ နောက်နိုဝင်ဘာမှာ လေးသိန်းပေးတယ်။ ကျောင်း ထောက်ပံ့ကြေးတွေမှာ စာသင် ခန်း၊ ကျောင်းဆောင်ဆောက်တဲ့နေရာတွေနဲ့ အကြီးစားပြုပြင်တဲ့နေရာ တွေမှာ သုံးလို့ မရပါဘူး''ဟု ယင်းက ထပ်မံပြောသည်။

ချထားပေးခဲ့သည့်အစီအစဉ် အရ မူလတန်းကျောင်းခွဲတစ်ခုလျှင် ကျပ်လေးသိန်း၊ မူလတန်းကျောင်းသား ၁ဝဦးမှ ၁၀ဝဦးအထိရှိသော ကျောင်းတစ်ခုလျှင်ကျပ်ရှစ် သိန်း၊ မူ လတန်းကျောင်းသား ၁၀၁ဦးမှ ၂၀ဝဦး အထိရှိသောကျောင်းများကို ကျပ် ၁ဝသိန်း၊ ၂၀ဝမှ ၃၀ဝအထိကို ကျပ်၁၂သိန်း၊ ၃၀ဝမှ ၄၀ဝအထိ ရှိကျောင်းများ ကိုကျပ် ၁၄သိန်း၊ ဦး ရေ(၄၀၀+)ကို ကျပ်၁၆သိန်းချထားပေးကြောင်းသိရသည်။

ATK
‎Democracytoday‬

No comments:

Post a Comment