Thursday 15 January 2015

တရုတ်တွင် ဖြစ်ပွားနေသည့် ကြက်ငှက်တုပ်ကွေးရောဂါ မြန်မာသို့ ကူးစက်ပြန့်ပွားခြင်းမရှိစေရန် နေပြည်တော်တွင် ယခုတစ်ပတ်အတွင်း အစည်းအဝေးကျင်းပမည်

တရုတ် နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် ကြက် ငှက်တုပ်ကွေးရောဂါ မြန်မာနိုင်ငံ အတွင်းသို့ ကူးစက်ပြန့်ပွား ခြင်းမရှိစေ ရန် ရှေ့လုပ်ငန်းစဉ်များတိုင်ပင် ဆွေးနွေးရန် နေပြည်တော်တွင် ယခု တစ်ပတ်အတွင်း အစည်း အဝေး ကျင်း ပသွားမည်ဖြစ်ကြောင်း သိရသည်။

''မြန်မာနိုင်ငံအတွင်းကို တရုတ် နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကြက်ငှက် တုပ်ကွေးရော ဂါ ကူးစက်ပြန့်ပွားခြင်း မဖြစ်အောင် ကြိုတင်ကာကွယ်မှု တွေလုပ်ဖို့ ယခုလ အတွင်း နေပြည် တော်မှာ အစည်းအဝေးနှစ်ရက် လုပ်သွားမှာပါ။ ရှေ့ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို ဒီအစည်းအဝေး မှာ ဆွေးနွေးသွားကြ မှာပါ''ဟု ကျန်းမာရေးဦးစီးဌာန(ဗဟိုကူးစက်ရော ဂါတိုက်ဖျက်ရေးဌာန)မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ဉာဏ် ဝင်းမြင့်က ပြောသည်။

အဆိုပါ အစည်းအဝေးသို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO၊ FAO နှင့် တိရစ္ဆာန်မွေးမြူရေးနှင့် ကု သရေး ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဆိုင်ရာဓာတ်ခွဲဌာန၊ ကျန်းမာရေး ဦး စီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်ကြီး များနှင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ဆေးရုံကြီး များတွင် တာဝန်ထမ်းဆောင်လျက် ရှိသော အထူးကုဆရာဝန်ကြီးများ တက်ရောက်ကြမည်ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

လက်ရှိ တရုတ်နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် ကြက်ငှက်တုပ်ကွေးရော ဂါ မြန်မာနိုင်ငံသို့ ကူးစက်ပြန့် ပွားခြင်းမရှိစေရန် နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက် များတွင် အမြဲမပြတ် စောင့်ကြပ်ကြည့်ရှုနေရ မည်ဖြစ်ကြောင်း မွေးမြူရေးရေ လုပ်ငန်း နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန် ကြီးဌာနမှ ပညာရှင်အကြံပေး ဒေါက် တာအောင်ကြီးက အကြံပြုပြောကြားသည်။

''မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ကြက်တွေက အလိုအလျောက် ကြက် ငှက်တုပ်ကွေးရောဂါတွေ ထဖြစ်လာမှာ မဟုတ်ပါဘူး။ ယခုလတ်တလော ဖြစ် ပွားနေတဲ့ တရုတ်နိုင်ငံ ကနေ မြန်မာနိုင်ငံထဲကို တရားမဝင် ခိုးသွင်း ရင်တော့ မြန် မာနိုင်ငံအထဲ မှာလည်း ကူးစက်ပြန့်ပွားသွားနိုင်ပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်တွေမှာ အမြဲတစေစောင့် ကြပ် ကြည့်နေဖို့လိုအပ်ပါတယ်''ဟု ယင်း က ဆိုသည်။

ကြက်ငှက်တုပ်ကွေးရောဂါ မြန် မာနိုင်ငံသို့ ကူးစက်ပြန့်ပွားခြင်း မရှိစေရန် နယ်စပ်ဒေသဝင်ပေါက် ထွက် ပေါက်များဖြစ်သည့် လွယ်ဂျယ်၊ လိုင်ဇာ၊ မူဆယ်၊ နမ့်ခမ်းနှင့်ကျိုင်းတုံတို့ တွင် တရုတ်နိုင်ငံမှ ကြက်ငှက်တုပ် ကွေးရောဂါဖြစ် ပွားနေသော ကြက် များ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ခိုးသွင်းမှုများရှိမရှိ သက်ဆိုင် ရာ တာဝန်ရှိသူများက အမြဲမပြတ် စောင့်ကြပ်ကြည့်ရှုရ မည်ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြား သည်။

ထို့ပြင် ၂၀၁၄ခုနှစ်အတွင်း ဟောင်ကောင်၊ ချန်ရှာဝန်ဈေးရှိ ကြက်များတွင် ကြက်ငှက်တုပ်ကွေး H7N9 ဖြစ်ပွားခဲ့မှုကြောင့် ကြက် ကောင်ရေ ၁၅၀၀ဝခန့်ကို သုတ်သင် ခဲ့ရပြီး အဆိုပါဈေးကို သန့်ရှင်းရေး ပြုလုပ် ရန် နှင့် ရောဂါပိုးမွှားများ နှိမ် နင်းရန် ၂၁ရက် ပိတ်ထားလိုက် ကြောင်း၊ ဈေးပိတ်ထားစဉ်ကာလအတွင်း တွင်လည်း ကြက်အရှင် ရောင်း ဝယ်မှုများကိုပါ တားမြစ်ပိတ်ပင်ခဲ့ ကြောင်း ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။

''ကြက်ငှက် တုပ်ကွေးရောဂါ မြန်မာနိုင်ငံအထဲကို ကူးစက်ပြန့်ပွား မှုမရှိအောင် ကြိုတင်ကာကွယ်ဖို့ လိုပါတယ်။ နယ်စပ်ကနေ တင်သွင်း တဲ့ ကြက်ဥ၊ ကြက်ပေါက်၊ ကြက်သား တွေကို တိရစ္ဆာန်ကျန်းမာ ကြောင်း ထောက်ခံချက်၊ ကာကွယ်ဆေးထိုး ထားကြောင်း၊ ရောဂါကင်းရှင်းတဲ့ခြံ မှာ မွေးမြူထားကြောင်း၊ ဥဖောက် စက်ကလည်း ရောဂါကင်းကြောင်း ထောက်ခံချက်တွေပါမှ တင်သွင်း သင့်ပါတယ်။ နယ်စပ်ကနေ ခိုးသွင်း တာမျိုး လုံးဝမလုပ်သင့်ပါဘူး'' ဟု ယင်းက ဆက်လက်ပြောကြားသည်။

ဟောင်ကောင်တွင် ၂၀၁၄ခုနှစ် အစောပိုင်းက စတင်၍ ပထမဆုံး ရောဂါတွေ့ရှိ ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၅ရက်တွင် တရုတ်ပြည်မ ရှင်ကျင်း ပြည်မှ ပြန် လည်ရောက်ရှိလာသည့် အသက် ၆၈နှစ်ရှိ အမျိုးသမီး တစ်ဦးမှာလည်း အဆိုပါ H7N9 ကူးစက် ခံခဲ့ရသောကြောင့် ဆေးရုံသို့ပင် တက်ရောက်ကုသခဲ့ရကြောင်း ဆင် ဟွာသတင်းဌာနကပင် ဖော်ပြထားသည်။

ထိုင်ဝမ်တွင်လည်း ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုကို နှိမ် နင်းရန်အတွက် ငန်းနှင့်ဘဲ ၁၆၀၀၀ ကျော် အား သတ်ဖြတ်ရန် အမိန့်ပေး ခဲ့ပြီး ကြက်ကောင်ရေ ၁၂၀၀၀၀ ကိုလည်း သတ်ဖြတ်ခဲ့ကြောင်း AFP သတင်းက ဖော်ပြထားသည်။

NOL
‎Democracytoday‬

No comments:

Post a Comment