Thursday 15 January 2015

ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးနှင့် အဖွဲ့အား KIA က ခေတ္တထိန်းသိမ်း၊ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ အား ဖမ်းဆီးခေါ်ဆောင်

ကချင်ပြည်နယ် အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးကမန်းဒူးနော် နှင့် အဖွဲ့အား ကေအိုင်အေ အဖွဲ့ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဝန်ကြီးကို ပြန်လွှတ် ပေးခဲ့ကြောင်း၊ လုံခြုံရေးဝန်ထမ်းသုံးဦးကိုမူ ဖမ်း ဆီးခေါ် ဆောင် ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူးနော် နှင့်အဖွဲ့ဝင် ၁၂ဦးပါသည့် အဖွဲ့သည် ဇန်နဝါရီ ၁၄ရက် နံနက် ၁၁နာရီ မိနစ် ၂ဝအချိန် ခန့်တွင် ကချင်ပြည်နယ် အတွင်းရှိ လမ်းပန်းဆက်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင် ရွက်ရန်အတွက် ဖားကန့်မှတစ်ဆင့် ဖားကန့်-ဝှေခါ-ညောင် ပင်-လုံးတုံ- ဟိုပင်လမ်းကြောင်းအတိုင်း ထွက်ခွာလာရာ လမ်းပန်းဆက် သွယ်ရေးဝန် ကြီးလိုက်ပါလာသော ယာဉ်တန်းအား ကေအိုင်အေ အင်အား ၄၀ ခန့်က ဝှေလုံတောင်ပေါ်အရောက်တွင် တားဆီးခဲ့ပြီး ဝန်ကြီးနှင့် အဖွဲ့ဝင်များအား ကားပေါ်မှ ဆင်းစေကာ ဖမ်းဆီးစစ် ဆေးမှုများကို ပြုလုပ်ခဲ့ကြောင်း၊ ယင်းနောက် လိုက်ပါလာသော လုံခြုံရေး ရဲတပ်ဖွဲ့ဝင်သုံးဦးကိုမူ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရသည်။

''ကျွန်တော်တို့က ကားသုံးစီးသွားတယ်။ ရှေ့ဆုံးကားမှာ ရဲသုံးဦးပါတယ်။ အဲဒီအချိန် လမ်းပေါ်မှာ ရောက်နေတဲ့ ကေအိုင်အေတွေက ရဲတွေကိုတွေ့တော့ ကားကိုတားလိုက်တယ်။ ကြည့် လိုက်တော့ သေနတ်တွေပါတော့ သူတို့က သေ နတ်ရှစ်ချက်လောက်ဖောက် လိုက်တယ်။ ပြီးတော့ အားလုံးကို အောက်ဆင်း ခိုင်းတယ်။ ဝန်ကြီးကား ရော သုံးစီးလုံးဆင်းပေးလိုက်ရတယ်။ သူတို့က ရဲသေနတ်တွေလဲ အကုန်သိမ်း၊ ကားတွေကိုလဲမွှေနှောက်ရှာတော့ ဆောက် လုပ်ရေးစာအုပ်စာတန်း တွေပဲမြင်တာပေါ့။ ဘာလို့ သေနတ် ယူလာတာလဲတဲ့။ ငါတို့ဒီမှာရှိနေတာ မသိဘူးလားတဲ့။ အဲဒါနဲ့ သူတို့ရဲ့အ ထက်လူကြီးတွေနဲ့ စက်တွေနဲ့ကချင် လိုပြောနေကြတယ်။ ၄၅မိနစ်လောက် ကြာတော့ ရဲတွေကို ကြိုးတုပ်လိုက် ပြီး ကျန်တဲ့သူတွေကို ပြန်ဆိုတော့ ကျန်တဲ့သူတွေ ပြန်သွား တာပေါ့။ ရဲသုံးဦးကိုတော့ သူတို့တောထဲခေါ်သွားတယ်''ဟု ဖြစ်စဉ်၌ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီးဦးကမန်းဒူးနော်၏ ကိုယ် ရေးအရာရှိဖြစ်သူ ဦးဇော်ဘောက်က ဒီမိုကရေစီတူဒေးသို့ ဇန်နဝါရီ ၁၄ ရက် ညနေ ၆နာရီခွဲခန့်က ပြောသည်။

အဆိုပါအဖွဲ့တွင် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူးနော်နှင့် အဖွဲ့သည် ညနေ ၆ နာရီခွဲ ခန့်တွင် မိုးကောင်းမြို့သို့ ပြန်လည် ရောက်ရှိခဲ့ပြီး ဖမ်းဆီးခံခဲ့ရသည့် ရဲဝန်ထမ်းသုံးဦးတွင် ဒုရဲအုပ်တစ်ဦး၊ ရဲတပ်ကြပ်တစ်ဦးနှင့် ဒုတပ်ကြပ်တစ် ဦးတို့ဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးမှ အကြီးတန်းအရာရှိကြီးတစ်ဦးက ''ဒီသတင်းမှန်ပါတယ်။ လက်ရှိတော့ တပ်မ ၆၆ ကလိုက်နေပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာန ကလဲ သတင်းထုတ်ပြန် ပါမယ်''ဟုဒီ မိုကရေစီတူဒေးသတင်းစာသို့ ပြောသည်။

ဦးဇော်ဘောက်က ''ကျွန်တော်တို့က အင်းတော်ကြီးလမ်းစစ်တယ်။ ဖား ကန့်လမ်းစစ်တယ်။ ဖားကန့်ကနေ အင်းတော်ကြီးဘက် အကူးမှာ ဖြစ် သွားတာပါ။ အခုကတော့ ဝန်ကြီးချုပ် လဲသိပြီးသွားပါပြီ။ ကျွန်တော်တို့ အ စိုးရအဖွဲ့တွေလဲ အကုန်သိပြီးပြီဆို တော့ သက်ဆိုင်ရာတွေနဲ့ ကေအိုင်အို ဆက်ဆံရေးရုံးနဲ့ စကားပြော ထားပါ တယ်။ နောက်ဆုံးအဖြေတော့ ကျွန် တော်တို့ မသိသေးပါဘူး။ ကျွန်တော် တို့က လမ်းပေါ်မှာပဲ ရှိသေးတယ်။ မိုးကောင်းအကျော်''ဟု ပြောသည်။

ဖမ်းဆီးခံရသည့် လုံခြုံရေးတပ် ဖွဲ့ဝင်များ ပြန်လည်လွတ်မြောက်ရေး အတွက် အမှတ်(၆၆)ခြေမြန်တပ်မ ဌာနချုပ် လက်အောက်ခံတပ်ရင်းများမှ ကြိုးပမ်းရင်း နယ်မြေလိုက်လံ ရှင်းလင်းမှုများကို လုပ်ဆောင် လျက်ရှိ ကြောင်း သိရှိရသည်။

TKZ,SMT
‎Democracytoday‬

No comments:

Post a Comment