Friday 30 January 2015

နိုင်ငံတကာက ကန့်ကွက်သော်လည်း ပြည်ပနိုင်ငံသား မူးယစ်အကျဉ်းသား ခုနစ်ဦးကို အင်ဒို ကွပ်မျက်မည်

မကြာသေးမီက လုပ်ဆောင် ခဲ့သောသေဒဏ် ချမှတ်မှုများနှင့် ပတ်သက် ၍နိုင်ငံတကာက ကန့်ကွက်ပြော ကြားမှုများ ရှိနေသော် လည်း အင်ဒို နီးရှား အစိုးရ သည်နိုင်ငံ တွင်သေဒဏ် ကျခံနေ ရသည့်ပြည်ပနိုင်ငံ  သားခုနစ်ဦးကို ကွပ်မျက်သွား  မည်ဖြစ်ကြောင်း တာဝန်ရှိ သူတစ်ဦးက ဇန်နဝါရီ ၂၉ရက် တွင်ပြော ကြားသည်။ ၄င်းတို့သည် အင်ဒို သမ္မတထံသို့ အသနား ခံစာတင် ခဲ့သော်လည်း ပယ်ချခံ ခဲ့ရသည်။
Indone
''ဘာလီ-၉''မူးယစ်မှောင်ခိုဂိုဏ်းမှ သြစတြေးလျနိုင်ငံသားခေါင်းဆောင်နှစ်ဦးသည် အင်ဒိုသမ္မတဝီဒိုဒိုထံသို့အသနားခံစာတင်ပြမှု ပယ်ချခံခဲ့ရပြီး မကြာမီ အချိန် အတွင်း ကွပ်မျက်ခံရဖွယ်ရှိကြောင်းအာ ဏာပိုင်များ က အစောပိုင်း ကပြောကြား ထားသည်။
အခြားသောပြည် ပနိုင်ငံသား မူးယစ်အကျဉ်းသား ငါးဦးသည်လည်း အသနား ခံစာများ ပယ်ချခံခဲ့ရ ပြီဖြစ်ကြောင်းရှေ့နေ ချုပ်ရုံးမှတာဝန်ရှိ သူတစ်ဦး ကပြော သည်။ ၄င်းအကျဉ်း သားများသည် ပြင်သစ်၊ ဘရာဇီး၊ နိုင်ဂျီရီးယားနှင့် ဂါနာနိုင်ငံများမှ ဖြစ်ကြ  သည်။သေဒဏ် ကျခံနေ ရသည့် အင်ဒိုနိုင်ငံ သားလေးဦးသည် လည်းသမ္မတ အသနား ခံစာများ ပယ်ချခံ ရပြီးဖြစ်သည်။

''ရှေ့နေချုပ်ရုံး စာရင်း ထဲမှာတော့ကွပ်မျက် ခံရမယ့် အကျဉ်းသား ၁၁ ဦး ရှိနေပါတယ်'' ဟုပြောရေး ဆိုခွင့် ရှိသူတိုနီ စပွန်တာနာက ဇန်နဝါရီ ၂၈ ရက်နှောင်း ပိုင်းတွင်ပြောသည်။ အဆိုပါ အကျဉ်းသားများကို မည်သည့်အချိန်နှင့် မည်သည့်နေရာတွင် ကွပ်မျက်မည်ကို လက်ရှိအချိန်ထိ မဆုံးဖြတ် ရသေးဟု ၄င်းကပြော သည်။

အင်ဒိုနီးရှားအစိုးရသည် ယခုလအစောပိုင်းက ပြည်ပနိုင်ငံသားများအပါအဝင် မူးယစ်အကျဉ်းသားခြောက် ဦးကိုကွပ်မျက်ခဲ့သည်။ ဘရာဇီးနှင့် နယ်သာလန်နိုင် ငံ အစိုးရ များက ၄င်းတို့နိုင်ငံသားများ ကွပ်မျက် ခံခဲ့ရ ခြင်းကြောင့် အဆိုပါနိုင်ငံရှိ သံအမတ်များကို ပြန်လည်ခေါ် ယူခဲ့ကြသည်။

Mizzima -  News in Burmese 

No comments:

Post a Comment