Monday 3 November 2014

ပြည်တွင်းမှ ဖန်တီးသည့် ဂိမ်းများ ငွေပေးချေမှု အခက်အခဲကြောင့် ဈေးကွက်ရရှိရန် ခက်ခဲ

 ပြည်တွင်းမှ ရိုးရာဇာတ် ကောင်များပါဝင်သည့် ဂိမ်းအမျိုးအစားများမှာ ဈေးကွက်အခိုင် အမာရှိသော်လည်း အွန်လိုင်းတွင် ရောင်းချရန် ငွေပေးချေနိုင်သည့် စနစ်အခိုင်အမာ မရှိသေး၍ ဖန်တီးသူများ အခက်အခဲ ရှိနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်တွင်းမှ ထုတ်လုပ်ထား သည့် ဂိမ်းအမျိုးအစားများမှာ နည်းပညာပိုင်းအရ အားနည်းမှု အချို့ ရှိသော် လည်း ဈေးကွက်အ ခိုင်အမာရရှိထားပြီး၊ Google Play Store တွင် အခမဲ့ဒေါင်းလုတ်ရယူသူ တစ်သိန်း ကျော်ရှိသည်။

ပြည်တွင်း၌ ရိုးရာဇာတ် ကောင်များဖြင့် ဂိမ်းအမျိုးအစား လေးမျိုး ထုတ်လုပ်ထားသည့် Total Gameplay Studio မှ ဒါရိုက်တာ ကိုမြင့်ကျော်သူက ‘‘နည်းပညာပိုင်းအရ အားနည်းတာ မှန်ပါတယ်။ ဒါပေမဲ့ Market က အခိုင်အမာ ရှိပါတယ်။ အွန်လိုင်းငွေပေးချေမှု အားနည်းချက်ရှိနေလို့ ပြည်တွင်းက Developer တွေ အခက်အခဲ ဖြစ်နေတာပါ။ အစ်ကိုတို့ဆီမှာ အွန်လိုင်းကနေ ငွေပေးချေနိုင်ဖို့အတွက်ဘဏ်အချို့နဲ့ ကုမ္ပဏီ အချို့စတင်နေပေမယ့် ခိုင်ခိုင်မာမာတော့ မဟုတ်သေးဘူး။ အဲဒါကို အစ်ကိုတို့ စောင့်ကြည့်နေတယ်’’ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက ဂျပန်နိုင်ငံ၌ ကျင်းပခဲ့ သော Tokyo Game ပြပွဲသို့ မြန်မာနိုင်ငံ ကိုယ်စား Total Ga-meplay Studio အပါအ၀င် ဂိမ်းထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုသွားရောက် ပြသခဲ့ကြောင်း အဆိုပါ ဂိမ်းပြပွဲတွင်လည်း လာရောက်ကြည့်ရှုသူများအနေဖြင့် ဘုရင့်နောင် ဇာတ်ကောင် ပါဝင်သည့် ဂိမ်းနှင့် မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် ဂိမ်းများကို စိတ်ဝင်စားမှုများပြားခဲ့ကြောင်း ကိုမြင့်ကျော်သူက ပြောသည်။

ရိုးရာဇာတ်ကောင်များကို အသုံးပြုပြီး ပြည်တွင်း၌ ထုတ်လုပ်ထားသည့် ဂိမ်းအချို့နှင့်ပတ်သက်၍ သုံးစွဲသူ တစ်ဦးက ‘‘ဆီး ဂိမ်းပြိုင်ပွဲတုန်းက ခြင်းလုံးဂိမ်း ထွက်တယ်။ အဲဒီတုန်းကလည်း ဆော့တယ်။ ငပိန်ဂိမ်း လည်းဆော့ တယ်။ ဆော့လို့ကောင်းပါတယ်။ နိုင်ငံခြားဂိမ်းတွေနဲ့ ယှဉ်ဆော့လို့တော့ မရဘူးပေါ့။ ဒါပေမဲ့ ကိုယ့်နိုင်ငံရဲ့ ရိုးရာဇာတ်ကောင်လေးတွေနဲ့ဆိုတော့ တစ်မျိုးဆန်းတာ ပေါ့။ အဲဒါကပဲ ဂိမ်းဆော့တဲ့သူ တွေကို စွဲဆောင်သွားတာဖြစ်လိမ့် မယ်။ ဇာတ်ကောင်တွေနည်းသေး တယ်လို့ ထင်တယ်။ ဒီထက်ပိုပြီး စုံစုံလင်လင်လေးဆို ပိုကောင်းမယ်’’ဟု မှတ်ချက်ပြုသည်။

လက်ရှိ မြန်မာနိုင်ငံ၏ အွန်လိုင်းငွေပေးချေမှု စနစ်နှင့် ပတ် သက်၍  အွန်လိုင်းဈေးကွက် အကြံပေး မန်နေဂျာ ကိုအောင်ခမ်းက ‘‘ကျွန်တော်တို့ဆီမှာ အွန်လိုင်းငွေပေးချေမှုကို ပုဂ္ဂလိကဘဏ် သုံးခုက လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ အရောင်းအ၀ယ် သိပ်မဖြစ်ပါဘူး။ အဆင်ပြေတာရှိသလို အဆင်မပြေ တာလည်း ရှိတယ်။တစ်ခါတစ်ရံမှာ ဒီဘက်က ပေးချေတဲ့အကောင့်ကို တခြားနိုင်ငံက အသိအမှတ် မပြုတာတွေ ဖြစ်ဖူးတယ်’’ ဟု ပြောသည်။

7Day DAILY

No comments:

Post a Comment