Monday 3 November 2014

တောင်ယာလုပ်နေသော ဒေသခံ ၁၃ ဦးအား KIA အဖွဲ့မှ ဖမ်းဆီး ချုပ်နှောင်

Photo: တောင်ယာလုပ်နေသော ဒေသခံ ၁၃ ဦးအား KIA အဖွဲ့မှ ဖမ်းဆီး ချုပ်နှောင်
Monday, November 3, 2014

ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်ခွဲ၊ ရပ်ကွက်(၁)၌ နေထိုင်သော ဒေသခံ ၁၃ ဦးသည် အောက်တိုဘာ ၂၈ ရက်နေ့၌ တောင်ယာလုပ်ကိုင်နေစဉ် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်း ဒေသခံများထံမှ သတင်းရရှိသည်။

“ သူတို့ တပ်ရင်းဌာနချုပ်မှာ ဖမ်းချုပ်ထားတယ်လို့ သိရတယ်၊ မိသားစုဝင်တွေလည်း စိတ်ပူနေကြတာပေါ့၊ ရပ်မိရပ်ဖ တွေသွားပြီး တောင်းပန်ဖို့တော့ လုပ်နေတယ် ” ဟု ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောသည်။

KIA အဖွဲ့မှ ဖမ်းဆီးသွားသော ဒေသခံ ၁၃ ဦးမှာ မောင်ဖောင်ယော၊ မောင်ဆွမ်ခေါ၊ မမဒိန်၊ ဒေါ်မန်ရှန်ကော့၊ ဦးလတ်မော့၊ မောင်လနောင်၊ မောင်လဒီး၊ မောင်ရှမ်းလေး၊ ဦးလဒွန်၊ ဦးဂွန်ဂျာ၊ မောင်အီဆတ်၊ မောင်ဇော်လဘွမ်၊ ဦးဂွမ်နော်တို့ ဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်က သားရော သမီးရော နှစ်ယောက်လုံးပါသွားတာ၊ အရမ်းစိတ်ပူတယ်ဗျာ၊ မရှိလို့ တောင်ယာလုပ်စား တာကို အခုလို ဖမ်းပြီး ငွေတောင်းတာတွေ လုပ်လာရင် ဒုက္ခရောက်ပြီ၊ ဘယ်သူ့ကိုမှလည်း အကူအညီ မတောင်းရဲဘူး ဖြစ်နေတယ် ” ဟု ဦးဆွတ်လွတ်နော်က ပြောသည်။

KIA အဖွဲ့၊ တပ်ရင်း ၃ ဌာနချုပ်သို့ နိုဝင်ဘာ ၁ ရက်နေ့တွင် ရပ်ကွက်(၁)နေ ရပ်မိရပ်ဖများဖြစ်ကြသော ဦးဒါရှီကူးနှင့် ဦးဂွမ်ယော်တို့ သွားရောက် တောင်းပန်ခဲ့ကြောင်းသိရသည်။

“ ဗဟိုဌာနချုပ်က ညွှန်ကြားချက်အတိုင်း ဆောင်ရွက်တာလို့ ပြောပြီး ပြန်မလွှတ်ပေးဘူး၊ ကလေးတွေကို ချုပ်နှောင် ထားတာ၊ မြင်ခဲ့ရတာ တကယ်စိတ်မကောင်းဘူး၊ မရှိဆင်းရဲသားဒေသခံပြည်သူတွေကို ဖိနှိပ်နေတဲ့ KIA အဖွဲ့ ရဲ့ လုပ်ရပ်တွေကို တားဆီးပေးမယ့် အဖွဲ့အစည်းမရှိတော့ဘူးလား မသိပါဘူး၊ တကယ်ဆိုရင် ဒီဒေသမှာ အဲဒီ KIA အဖွဲ့ ရှိကိုမရှိသင့်တာပါ ” ဟု သွားရောက်တောင်းပန်ခဲ့သူ တစ်ဦးက ပြောကြားသွားသည်။

ဇော်မိုင်
From : KDN
ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်ခွဲ၊ ရပ်ကွက်(၁)၌ နေထိုင်သော ဒေသခံ ၁၃ ဦးသည် အောက်တိုဘာ ၂၈ ရက် နေ့၌ တောင်ယာလုပ်ကိုင်နေစဉ် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ယင်း ဒေသခံများထံမှ သတင်းရရှိသည်။

“ သူတို့ တပ်ရင်းဌာနချုပ်မှာ ဖမ်းချုပ်ထားတယ်လို့ သိရတယ်၊ မိသားစုဝင်တွေလည်း စိတ်ပူနေကြတာပေါ့၊ ရပ်မိရပ်ဖ တွေသွားပြီး တောင်းပန်ဖို့တော့ လုပ်နေတယ် ” ဟု ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောသည်။

KIA အဖွဲ့မှ ဖမ်းဆီးသွားသော ဒေသခံ ၁၃ ဦးမှာ မောင်ဖောင်ယော၊ မောင်ဆွမ်ခေါ၊ မမဒိန်၊ ဒေါ်မန် ရှန်ကော့၊ ဦးလတ်မော့၊ မောင်လနောင်၊ မောင်လဒီး၊ မောင်ရှမ်းလေး၊ ဦးလဒွန်၊ ဦးဂွန်ဂျာ၊ မောင်အီဆတ်၊ မောင်ဇော်လဘွမ်၊ ဦးဂွမ်နော်တို့ ဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်က သားရော သမီးရော နှစ်ယောက်လုံးပါသွားတာ၊ အရမ်းစိတ်ပူတယ်ဗျာ၊ မရှိလို့ တောင်ယာ လုပ်စား တာကို အခုလို ဖမ်းပြီး ငွေတောင်းတာတွေ လုပ်လာရင် ဒုက္ခရောက်ပြီ၊ ဘယ်သူ့ကိုမှလည်း အကူအညီ မတောင်းရဲဘူး ဖြစ်နေတယ် ” ဟု ဦးဆွတ်လွတ်နော်က ပြောသည်။

KIA အဖွဲ့၊ တပ်ရင်း ၃ ဌာနချုပ်သို့ နိုဝင်ဘာ ၁ ရက်နေ့တွင် ရပ်ကွက်(၁)နေ ရပ်မိရပ်ဖများဖြစ်ကြသော ဦးဒါရှီကူးနှင့် ဦးဂွမ်ယော်တို့ သွားရောက် တောင်းပန်ခဲ့ကြောင်းသိရသည်။

“ ဗဟိုဌာနချုပ်က ညွှန်ကြားချက်အတိုင်း ဆောင်ရွက်တာလို့ ပြောပြီး ပြန်မလွှတ်ပေးဘူး၊ ကလေးတွေကို ချုပ်နှောင်ထားတာ၊ မြင်ခဲ့ရတာ တကယ်စိတ်မကောင်းဘူး၊ မရှိဆင်းရဲသားဒေသခံပြည်သူတွေကို ဖိနှိပ်နေ တဲ့ KIA အဖွဲ့ ရဲ့ လုပ်ရပ်တွေကို တားဆီးပေးမယ့် အဖွဲ့အစည်းမရှိတော့ဘူးလား မသိပါဘူး၊ တကယ် ဆိုရင် ဒီဒေသမှာ အဲဒီ KIA အဖွဲ့ ရှိကိုမရှိသင့်တာပါ ” ဟု သွားရောက်တောင်းပန်ခဲ့သူ တစ်ဦးက ပြော ကြားသွားသည်။

ဇော်မိုင်
From : KDN

No comments:

Post a Comment