Monday 3 November 2014

နေပြည်တော်လေဆိပ် အရှုံးပေါ်မှုကြောင့် နိုင်ငံတော်မှ ပြန်လည်လွှဲပြောင်း ယူပေးရန် အေးရှားဝေါလ်ကုမ္ပဏီမှ တောင်းဆိုထားခြင်းအပေါ် နိုင်ငံတော်မှ တာဝန်ယူသွားရန်ရှိဟု ဆို

Photo: နေပြည်တော်လေဆိပ် အရှုံးပေါ်မှုကြောင့် နိုင်ငံတော်မှ ပြန်လည်လွှဲပြောင်း ယူပေးရန် အေးရှားဝေါလ်ကုမ္ပဏီမှ တောင်းဆိုထားခြင်းအပေါ် နိုင်ငံတော်မှ တာဝန်ယူသွားရန်ရှိဟု ဆို
Monday, November 3, 2014

အေးရှားဝေါလ်ကုမ္ပဏီမှ နေပြည်တော်လေဆိပ်ကို အရှုံးပေါ်မှုကြောင့် နိုင်ငံတော်မှ ပြန်လည်လွှဲပြောင်းယူပေးရန် တောင်းဆိုထားခြင်းအပေါ် နိုင်ငံတော်အစိုးရမှ တာဝန်ယူသွားရန်ရှိကြောင်း လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောကြားခဲ့သည်။

နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်အား ပြည်တွင်းပြည်ပ လေကြောင်း လိုင်း များ ဆင်းသက်မှုနည်းပါးခြင်းကြောင့် နိုင်ငံတော်မှ ပြန်လည်လွှဲပြောင်းယူပေးရန် အေးရှားဝေါလ်ကုမ္ပဏီမှ တောင်းဆိုထားခြင်းဖြစ်သည်။

နေပြည်တော်လေဆိပ်အား ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်သည့် အေးရှားဝေါလ် ကုမ္ပဏီမှ BOT စနစ်ဖြင့် ရယူလုပ်ကိုင်နေသည်မှာ မှန်သော်လည်း နေပြည်တော် သည် အစိုးရရုံးစိုက်ရာ မြို့တော်ဖြစ်သည့်အတွက် အပြည်ပြည် ဆိုင်ရာ လေဆိပ်တစ်ခု ရှိနေရမည်ဖြစ်ကြောင်း၊ လက်ရှိတွင် နေပြည်တော် လေဆိပ် မှာ ဝင်ငွေနှင့်ထွက်ငွေ မမျှတဖြစ်နေသည်မှာ အမှန်ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့်အတိုင်း တည်ရှိနေရန် နိုင်ငံတော်ဘက်မှ တာဝန်ယူသွားရန်ရှိကြောင်း လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ဆိုသည်။

“နေပြည်တော်လေဆိပ်က ဝင်ငွေထွက်ငွေ မမျှတဖြစ်နေတယ်ဆိုတာ အမှန်ပါ။ ပုဂ္ဂလိကကုမ္ပဏီက လုပ်ကိုင်နေတာ မှန်ပေမယ့် အစိုးရရုံးစိုက်ရာမြို့တော်မှာ အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခု ရှိကိုရှိနေရမှာဖြစ်လို့ ဒီလေဆိပ်တည်ရှိနေဖို့ မပျက်စီးဖို့ နိုင်ငံတော်ဘက်က တာဝန်ယူဖို့ရှိပါတယ်” ဟု ၎င်းကပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ဖြစ်သည့် နေပြည်တော်တွင် အပြည်ပြည် ဆိုင်ရာ လေဆိပ်သစ်ကြီးအား တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Buyers Credit (ဝယ်သူချေးငွေစနစ်) ဖြင့် မြန်မာအစိုးရနှင့် Export Import Bank of China တို့မှ Loan Agreement ကို လက်မှတ်ရေးထိုးပြီး စီမံကိန်းလုပ်ငန်းအဆင့် ၁ အား အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အေးရှားဝေါလ်ကုမ္ပဏီသည် လေဆိပ်တည်ဆောက်ရေးလုပ်ငန်း စီမံကိန်း အဆင့် ၁ အား တည်ဆောက်ခဲ့ပြီး ထပ်မံတည်ဆောက်ရမည့် လေဆိပ် တည်ဆောက် ရေး လုပ်ငန်းများနှင့် လက်ရှိကိုင်တွယ် ဆောင်ရွက်နေသည့် လေဆိပ်လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ရန်မှာ နိုင်တံတကာ လေကြောင်းလိုင်းများ ဆင်းသက်မှုမရှိပါက ဆက်လက်အရှုံးပေါ်မည် ဖြစ်သဖြင့် ယခုကဲ့သို့ နိုင်ငံပိုင်အဖြစ် ပြန်လည်လွှဲပြောင်းရယူပေးရန် တောင်းဆိုခြင်း ဖြစ်ကြောင်း သိရသည်။

နေပြည်တော်လေဆိပ်အဆောက်အုံ (ပြေးလမ်းတန်ဖိုးမပါ) အား ဒေါ်လာ ၂၃၅.၁၈၁ သန်း အကုန်အကျခံ တည်ဆောက်ခဲ့ပြီး၊ ၂ဝ၁၁ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

Eleven Media Group 

နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ် တစ်နေရာအား တွေ့ရစဉ်
နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ် တစ်နေရာအား တွေ့ရစဉ်
အေးရှားဝေါလ်ကုမ္ပဏီမှ နေပြည်တော်လေဆိပ်ကို အရှုံးပေါ်မှုကြောင့် နိုင်ငံတော်မှ ပြန်လည်လွှဲပြောင်း ယူပေးရန် တောင်းဆိုထားခြင်းအပေါ် နိုင်ငံတော်အစိုးရမှ တာဝန်ယူသွားရန်ရှိကြောင်း လေကြောင်းပို့ ဆောင်ရေး နှင့် ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောကြားခဲ့သည်။

နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်အား ပြည်တွင်းပြည်ပ လေကြောင်းလိုင်းများ ဆင်းသက်မှု နည်းပါးခြင်းကြောင့် နိုင်ငံတော်မှ ပြန်လည်လွှဲပြောင်းယူပေးရန် အေးရှားဝေါလ်ကုမ္ပဏီမှ တောင်းဆို ထားခြင်းဖြစ်သည်။

နေပြည်တော်လေဆိပ်အား ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်သည့် အေးရှားဝေါလ်ကုမ္ပဏီမှ BOT စနစ်ဖြင့် ရယူ လုပ်ကိုင်နေသည်မှာ မှန်သော်လည်း နေပြည်တော်သည် အစိုးရရုံးစိုက်ရာ မြို့တော်ဖြစ်သည့်အတွက် အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခု ရှိနေရမည်ဖြစ်ကြောင်း၊ လက်ရှိတွင် နေပြည်တော်လေဆိပ်မှာ ဝင်ငွေနှင့် ထွက်ငွေ မမျှတဖြစ်နေသည်မှာ အမှန်ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့်အတိုင်း တည်ရှိနေရန် နိုင်ငံတော်ဘက်မှ တာဝန်ယူသွားရန်ရှိကြောင်း လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ဆိုသည်။

“နေပြည်တော်လေဆိပ်က ဝင်ငွေထွက်ငွေ မမျှတဖြစ်နေတယ်ဆိုတာ အမှန်ပါ။ ပုဂ္ဂလိကကုမ္ပဏီက လုပ်ကိုင် နေတာ မှန်ပေမယ့် အစိုးရရုံးစိုက်ရာမြို့တော်မှာ အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခု ရှိကိုရှိနေ ရမှာဖြစ် လို့ ဒီလေဆိပ်တည်ရှိနေဖို့ မပျက်စီးဖို့ နိုင်ငံတော်ဘက်က တာဝန်ယူဖို့ရှိပါတယ်” ဟု ၎င်းကပြော ကြားခဲ့သည်။

မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ဖြစ်သည့် နေပြည်တော်တွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Buyers Credit (ဝယ်သူချေးငွေစနစ်) ဖြင့် မြန်မာအစိုးရနှင့် Export Import Bank of China တို့မှ Loan Agreement ကို လက်မှတ်ရေးထိုးပြီး စီမံကိန်းလုပ်ငန်းအဆင့် ၁ အား အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အေးရှားဝေါလ်ကုမ္ပဏီသည် လေဆိပ်တည်ဆောက်ရေးလုပ်ငန်း စီမံကိန်းအဆင့် ၁ အား တည်ဆောက် ခဲ့ပြီး ထပ်မံတည်ဆောက်ရမည့် လေဆိပ်တည်ဆောက်ရေး လုပ်ငန်းများနှင့် လက်ရှိကိုင်တွယ် ဆောင်ရွက် နေသည့် လေဆိပ်လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ရန်မှာ နိုင်တံတကာ လေကြောင်းလိုင်းများ ဆင်းသက်မှုမရှိပါက ဆက်လက်အရှုံးပေါ်မည် ဖြစ်သဖြင့် ယခုကဲ့သို့ နိုင်ငံပိုင်အဖြစ် ပြန်လည်လွှဲပြောင်း ရယူပေးရန် တောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။

နေပြည်တော်လေဆိပ်အဆောက်အုံ (ပြေးလမ်းတန်ဖိုးမပါ) အား ဒေါ်လာ ၂၃၅.၁၈၁ သန်း အကုန်အကျခံ တည်ဆောက်ခဲ့ပြီး၊ ၂ဝ၁၁ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

Eleven Media Group

No comments:

Post a Comment