Monday 3 November 2014

ပုသိမ်-ရန်ကုန် ကားလမ်းမပေါ်ရှိ ပန်တိုင်တံတား မြေသားကျွံကျမှုကြောင့် ယာယီလမ်းလွှဲ အသစ်ဖောက်လုပ်ခဲ့ရပြီး ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားလာမှုများ ယာယီရပ်တန့်ခဲ့ရ

Photo: ပုသိမ်-ရန်ကုန် ကားလမ်းမပေါ်ရှိ ပန်တိုင်တံတား မြေသားကျွံကျမှုကြောင့် ယာယီလမ်းလွှဲ အသစ်ဖောက်လုပ်ခဲ့ရပြီး ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားလာမှုများ ယာယီရပ်တန့်ခဲ့ရ
Monday, November 3, 2014

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်ရှိ ပန်တိုင်ကျေးရွာအနီး မိုင်တိုင် ၁၆/၁၇ အကြားရှိ အေးရှားဝေါလ်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသည့် ပန်တိုင်တံတား မြေသားကျွံကျမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့ကြီးအများစုတွင် ခရီးသွားလာမှုများ ကုန်စည်စီးဆင်းမှုများ ယာယီရပ်တန့်ခဲ့ရပြီး၊ တံတားပြင်ဆင်နေချိန်အတွင်း ခရီးသည်များ သွားလာနိုင်ရန်အတွက် ယာယီလမ်းလွှဲတစ်ခုကို ဖောက်လုပ်ခဲ့ရကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁ ရက် ည ၈ နာရီဝန်းကျင်မှစတင်ကာ တံတားပျက်စီးခဲ့မှုကြောင့် ခရီးသည်ယာဉ်များ ကုန်တင်ကားများမှာ ယင်းတံတားနေရာတွင် ပိတ်ဆို့မှုများဖြစ်ပွားခဲ့ပြီး အချို့မှာ နေရပ်များသို့ လှည့်ပြန်ခဲ့ရခြင်းများပါ ကြုံတွေ့ခဲ့ရကြောင်း၊ ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခြင်း မရှိသောကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့ ပို့ဆောင်မည့် ကုန်စိမ်းများနှင့် ကုန်စည်များ ၀င်ရောက်လာမှုများ မရှိသောကြောင့် ဈေးကြီးများတွင် ဆိုင်ခန်းများပိတ်သည်အထိ ရပ်နားလိုက်ရခြင်း၊ ဧရာဝတီတိုင်းဒေသကြီးမှ ရန်ကုန်တိုင်းသို့ ပို့ဆောင်မည့် ပုဇွန်၊ ငါးနှင့် ဂဏန်းကုန်စည်အချို့ ပျက်စီးခြင်းများပါ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

“အခုအချိန်က ဟင်္သာတနယ်ဘက်က မတ်ပဲနဲ့ ပြောင်းဆန်တင်ပို့တဲ့ အချိန်ပါ။ ဆန်လည်း ပေါ်ကာစဆိုတော့ စတင်နေပြီပေါ့။ ရာသီချိန်လောက်တော့ မများဘူး။ ပန်တိုင်တံတား မြေသားကျွံကျမှုဖြစ်ခဲ့တော့ ကုန်ကားတွေ ကြန့်ကြာကုန်တယ်။ ကုန်ရောက်ပြီးမှ ငွေထုတ်လို့ရတော့ ငွေကြေးကြန့်ကြာမှုလည်း ဖြစ်သွားတယ်။ မနေ့က ကားတွေ ဒီနေ့မှ ရောက်လာတယ်။ ဒီနေ့ ပြန်ပြီးကားမထွက်နိုင်ဘူး။ ရန်ကုန်က လာတဲ့ကုန်တွေ ဈေးထဲပြန်ရောင်းရတာဆိုတော့ ကြန့်ကြာမှု၊ ပြတ်တောက်မှုတချို့ ဖြစ်ခဲ့တယ်။ ဧရာဝတီတိုင်းတွင်း မြို့နယ်တွေနဲ့ ရခိုင်ပြည်နယ်၊ ဂွဘက်သွားမယ့် အ၀င်အထွက်ကားတွေ ကြန့်ကြာမှုဖြစ်ခဲ့တယ်” ဟု ဟင်္သာတကုန်စည်ဒိုင် အတွင်းရေးမှူး ဦးဆန်းထွန်းဦးက ပြောကြားသည်။

“ကျွန်တော်တို့ ဂဏန်းဖာတွေ တင်လိုက်တယ်၊ ကားကလမ်းပိတ်နေတယ်ဆိုတော့ ပြဿနာတက်တာပဲ၊ ကုန်တွေပျက်ကုန်လား မပျက်ကုန်လားတော့ အခုထိ ဖုန်းမရသေးဘူး၊ ကားကတော့ ဆက်ထွက်လို့ရသွားပြီပြောတယ်။ ပျက်စီးကုန်ရင်တော့ သိန်းဂဏန်းအကျော်မှာပဲ” ဟု လပွတ္တာမြို့နယ်ရှိ ရေထွက်ကုန်တင်ပို့သူ ကုန်သည်တစ်ဦးက ဆိုသည်။

ခရီးသည်တင်ယာဉ်လိုင်းများမှာ ပုံမှန်ထွက်ရှိချိန်များအတိုင်း ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။ “နံနက် ၈ နာရီ ရန်ကုန်ကထွက်လာတဲ့ကားက ညနေ ၃ နာရီကျော်မှ ရောက်လာတယ်၊ ကားတွေကတော့ ပုံမှန်အတိုင်းဆက်ထွက်မှာပါ၊ တန်ချိန်ကိုတော့ တန် ၂၀ အောက်လို့ သတ်မှတ်လိုက်တယ်” ဟု ရွှေဥက္ကာ ရန်ကုန်-မြောင်းမြ ခရီးသည်တင်ပို့ဆောင်ရေးမှ ဂိတ်မှူးက ပြောကြားသည်။

ယင်းတံတားပျက်စီးသွားသည့် နေရာတွင် ယာယီလမ်းလွှဲတစ်ခုကို အေးရှားဝေါကုမ္ပဏီမှ ဖောက်လုပ်ပေးပြီးဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သတင်းရရှိသည်။ “ယာယီတစ်လမ်းမောင်း လမ်းလွှဲကို ဒီနံနက် ၁၀ နာရီလောက်မှာ ဖောက်လို့ပြီးတယ်။ ညပိုင်းထဲက ကားတွေပိတ်နေတယ်ဆိုလို့ ရဲတပ်ဖွဲ့က လုံခြုံရေးသွားယူပေးခဲ့ပါတယ်၊ တံတားပြုပြင်ဖို့ကတော့ ငါးရက်လောက်ကြာမယ်လို့ပြောတယ်။ ရန်ကုန်တိုင်း အပိုင်ထဲကဆိုတော့ အသေချာမသိရဘူး” ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားသည်။

“ဖြစ်တဲ့နေရာက ရန်ကုန်တိုင်းမှာဆိုတော့ ရန်ကုန်တိုင်းကပဲ လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ သိပ်မသိရဘူး” ဟု ဧရာဝတီတိုင်းဒေသကြီး ဆောက်လုပ်ရေးလုပ်ငန်း ဦးစီးဌာနမှ ဦးမြင့်ကြည်က ဆိုသည်။

ယင်း ပန်တိုင်တံတားမှာ ဧရာဝတီတိုင်းဒေသကြီးသို့ အ၀င်တံတားတစ်ခုဖြစ်ပြီး တိုင်းဒေသကြီးအတွင်း မိုးရာသီအတွင်း လမ်းပိုင်းများ မပျက်စီးစေရန်ဟုဆိုကာ ယာဉ်+ကုန်တန်ချိန်များ လျှော့ချကန့်သတ်ထားခဲ့မှုကို ပြန်လည်ခွင့်ပြုပေးခဲ့သည့်နေ့အပြီး နောက်တစ်ရက်တွင် တံတားပျက်စီးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်-ပုသိမ် ကားလမ်းမပေါ်ရှိ ပန်တိုင်တံတား မြေသားကျွံကျမှုကြောင့် ယာဉ်အသွားအလာများ ရပ်ဆိုင်းခဲ့ပြီး လက်ရှိတွင် တံတားဘေးယာယီ ကျောက်ခင်းလမ်းမှ ယာဉ်များတန်းစီကာ အလှည့်ကျဖြင့် ပြန်လည်သွားလာလျက်ရှိကြောင်း နိုဝင်ဘာ ၂ ရက်တွင် သတင်းရရှိသည်။

“အခု ယာယီကျောက်ခင်းလမ်းက တစ်ဖက်ခင်းပြီးသွားပြီ။ ဧရာဝတီဘက်သွားတဲ့ ကျန်တစ်ဖက်ကိုလည်း ဆက်ခင်းသွားပါမယ်။ ရှောင်လမ်းအဆင်ပြေအောင် လုပ်ပေးပြီမှ အလယ်ကကျိုးနေတဲ့တံတားကို ပြန်ဖျက်ပြီး တံတားအသစ် ပြန်လုပ်သွားပါမယ်။ ဖြိုပြီးအသစ်ပြန်လုပ်မှာဖြစ်လို့ ပုံမှန်သွားနိုင်ဖို့ တစ်လကျော်နီးပါးလောက်တော့ ကြာပါမယ်” ဟု အေးရှားဝေါလ်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက Weekly eleven သို့ ပြောကြားသည်။ 

Eleven Media Group 

ကျွံကျနေသည့် တံတားပေါ်တွင် လူနှင့်ဆိုင်ကယ်များ ဖြတ်သန်းရန် ပျဉ်ချပ်များခင်းထားသည်ကို နိုဝင်ဘာ ၂ ရက်က တွေ့ရစဉ်

ကျွံကျနေသည့် တံတားပေါ်တွင် လူနှင့်ဆိုင်ကယ်များ ဖြတ်သန်းရန် ပျဉ်ချပ်များခင်းထားသည်ကို နိုဝင်ဘာ ၂ ရက်က တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်ရှိ ပန်တိုင်ကျေးရွာအနီး မိုင်တိုင် ၁၆/၁၇ အကြားရှိ အေးရှား ဝေါလ်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသည့် ပန်တိုင်တံတား မြေသားကျွံကျမှုကြောင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့ကြီးအများစုတွင် ခရီးသွားလာမှုများ ကုန်စည်စီးဆင်းမှုများ ယာယီရပ်တန့်ခဲ့ရပြီး၊ တံတားပြင်ဆင်နေချိန်အတွင်း ခရီးသည်များ သွားလာနိုင်ရန်အတွက် ယာယီလမ်းလွှဲတစ်ခုကို ဖောက်လုပ် ခဲ့ရကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁ ရက် ည ၈ နာရီဝန်းကျင်မှစတင်ကာ တံတားပျက်စီးခဲ့မှုကြောင့် ခရီးသည်ယာဉ်များ ကုန်တင် ကားများမှာ ယင်းတံတားနေရာတွင် ပိတ်ဆို့မှုများဖြစ်ပွားခဲ့ပြီး အချို့မှာ နေရပ်များသို့ လှည့်ပြန်ခဲ့ရခြင်း များ ပါ ကြုံတွေ့ခဲ့ရကြောင်း၊ ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခြင်း မရှိသောကြောင့် ဧရာဝတီ တိုင်း ဒေသကြီး အတွင်းသို့ ပို့ဆောင်မည့် ကုန်စိမ်းများနှင့် ကုန်စည်များ ၀င်ရောက်လာမှုများ မရှိသောကြောင့် ဈေးကြီးများတွင် ဆိုင်ခန်းများပိတ်သည်အထိ ရပ်နားလိုက်ရခြင်း၊ ဧရာဝတီတိုင်းဒေသကြီးမှ ရန်ကုန်တိုင်း သို့ ပို့ဆောင်မည့် ပုဇွန်၊ ငါးနှင့် ဂဏန်းကုန်စည်အချို့ ပျက်စီးခြင်းများပါ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

“အခုအချိန်က ဟင်္သာတနယ်ဘက်က မတ်ပဲနဲ့ ပြောင်းဆန်တင်ပို့တဲ့အချိန်ပါ။ ဆန်လည်းပေါ်ကာစ ဆိုတော့ စတင်နေပြီပေါ့။ ရာသီချိန်လောက်တော့ မများဘူး။ ပန်တိုင်တံတား မြေသားကျွံကျမှုဖြစ်ခဲ့တော့ ကုန်ကား တွေ ကြန့်ကြာကုန်တယ်။ ကုန်ရောက်ပြီးမှ ငွေထုတ်လို့ရတော့ ငွေကြေးကြန့်ကြာမှုလည်း ဖြစ်သွားတယ်။ မနေ့က ကားတွေ ဒီနေ့မှ ရောက်လာတယ်။ ဒီနေ့ ပြန်ပြီးကားမထွက်နိုင်ဘူး။ ရန်ကုန်က လာတဲ့ကုန်တွေ ဈေးထဲပြန်ရောင်းရတာဆိုတော့ ကြန့်ကြာမှု၊ ပြတ်တောက်မှုတချို့ ဖြစ်ခဲ့တယ်။ ဧရာဝတီတိုင်းတွင်း မြို့နယ် တွေနဲ့ ရခိုင်ပြည်နယ်၊ ဂွဘက်သွားမယ့် အ၀င်အထွက်ကားတွေ ကြန့်ကြာမှုဖြစ်ခဲ့တယ်” ဟု ဟင်္သာတ ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးဆန်းထွန်းဦးက ပြောကြားသည်။

“ကျွန်တော်တို့ ဂဏန်းဖာတွေ တင်လိုက်တယ်၊ ကားကလမ်းပိတ်နေတယ်ဆိုတော့ ပြဿနာတက်တာပဲ၊ ကုန်တွေပျက်ကုန်လား မပျက်ကုန်လားတော့ အခုထိ ဖုန်းမရသေးဘူး၊ ကားကတော့ ဆက်ထွက်လို့ ရသွား ပြီပြောတယ်။ ပျက်စီးကုန်ရင်တော့ သိန်းဂဏန်းအကျော်မှာပဲ” ဟု လပွတ္တာမြို့နယ်ရှိ ရေထွက် ကုန်တင် ပို့သူ ကုန်သည်တစ်ဦးက ဆိုသည်။

ခရီးသည်တင်ယာဉ်လိုင်းများမှာ ပုံမှန်ထွက်ရှိချိန်များအတိုင်း ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း သိရ သည်။ “နံနက် ၈ နာရီ ရန်ကုန်ကထွက်လာတဲ့ကားက ညနေ ၃ နာရီကျော်မှ ရောက်လာတယ်၊ ကားတွေ ကတော့ ပုံမှန်အတိုင်းဆက်ထွက်မှာပါ၊ တန်ချိန်ကိုတော့ တန် ၂၀ အောက်လို့ သတ်မှတ်လိုက်တယ်” ဟု ရွှေဥက္ကာ ရန်ကုန်-မြောင်းမြ ခရီးသည်တင်ပို့ဆောင်ရေးမှ ဂိတ်မှူးက ပြောကြားသည်။

ယင်းတံတားပျက်စီးသွားသည့် နေရာတွင် ယာယီလမ်းလွှဲတစ်ခုကို အေးရှားဝေါကုမ္ပဏီမှ ဖောက်လုပ် ပေးပြီးဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သတင်းရရှိသည်။ “ယာယီတစ်လမ်းမောင်း လမ်း လွှဲကို ဒီနံနက် ၁၀ နာရီလောက်မှာ ဖောက်လို့ပြီးတယ်။ ညပိုင်းထဲက ကားတွေပိတ်နေတယ်ဆိုလို့ ရဲ တပ်ဖွဲ့က လုံခြုံရေးသွားယူပေးခဲ့ပါတယ်၊ တံတားပြုပြင်ဖို့ကတော့ ငါးရက်လောက်ကြာမယ်လို့ပြောတယ်။ ရန်ကုန်တိုင်း အပိုင်ထဲကဆိုတော့ အသေချာမသိရဘူး” ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားသည်။

“ဖြစ်တဲ့နေရာက ရန်ကုန်တိုင်းမှာဆိုတော့ ရန်ကုန်တိုင်းကပဲ လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ သိပ်မ သိရဘူး” ဟု ဧရာဝတီတိုင်းဒေသကြီး ဆောက်လုပ်ရေးလုပ်ငန်း ဦးစီးဌာနမှ ဦးမြင့်ကြည်က ဆိုသည်။

ယင်း ပန်တိုင်တံတားမှာ ဧရာဝတီတိုင်းဒေသကြီးသို့ အ၀င်တံတားတစ်ခုဖြစ်ပြီး တိုင်းဒေသကြီးအတွင်း မိုးရာသီအတွင်း လမ်းပိုင်းများ မပျက်စီးစေရန်ဟုဆိုကာ ယာဉ်+ကုန်တန်ချိန်များ လျှော့ချကန့်သတ် ထားခဲ့ မှုကို ပြန်လည်ခွင့်ပြုပေးခဲ့သည့်နေ့အပြီး နောက်တစ်ရက်တွင် တံတားပျက်စီးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်-ပုသိမ် ကားလမ်းမပေါ်ရှိ ပန်တိုင်တံတား မြေသားကျွံကျမှုကြောင့် ယာဉ်အသွားအလာများ ရပ် ဆိုင်းခဲ့ပြီး လက်ရှိတွင် တံတားဘေးယာယီ ကျောက်ခင်းလမ်းမှ ယာဉ်များတန်းစီကာ အလှည့်ကျဖြင့် ပြန်လည် သွားလာလျက်ရှိကြောင်း နိုဝင်ဘာ ၂ ရက်တွင် သတင်းရရှိသည်။

“အခု ယာယီကျောက်ခင်းလမ်းက တစ်ဖက်ခင်းပြီးသွားပြီ။ ဧရာဝတီဘက်သွားတဲ့ ကျန်တစ်ဖက်ကိုလည်း ဆက်ခင်းသွားပါမယ်။ ရှောင်လမ်းအဆင်ပြေအောင် လုပ်ပေးပြီမှ အလယ်ကကျိုးနေတဲ့တံတားကို ပြန် ဖျက်ပြီး တံတားအသစ် ပြန်လုပ်သွားပါမယ်။ ဖြိုပြီးအသစ်ပြန်လုပ်မှာဖြစ်လို့ ပုံမှန်သွားနိုင်ဖို့ တစ်လကျော် နီးပါးလောက်တော့ ကြာပါမယ်” ဟု အေးရှားဝေါလ်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက Weekly eleven သို့ ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment