Monday 3 November 2014

ဖားကန့်ဒေသတွင် ကျောက်စိမ်းဈေးကွက် အရောင်းအ၀ယ် ကျဆင်းနေပြီး လုပ်ငန်းငယ်များ ရပ်တည်ရန်ခက်ခဲလာ


Photo: ဖားကန့်ဒေသတွင် ကျောက်စိမ်းဈေးကွက် အရောင်းအ၀ယ် ကျဆင်းနေပြီး လုပ်ငန်းငယ်များ ရပ်တည်ရန်ခက်ခဲလာ
Monday, November 3, 2014

မြန်မာနိုင်ငံ၏ အဓိကကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသတွင် ကျောက်စိမ်းဈေးကွက် အရောင်းအ၀ယ် ကျဆင်းနေပြီး လုပ်ငန်းငယ်များ ရပ်တည်ရန်ခက်ခဲလာကြောင်း ကျောက်တူးဖော်လုပ်ငန်း လုပ်ကိုင်သူများ၊ ကျောက်စိမ်းရောင်းဝယ်သူများက ပြောကြားသည်။

အရည်အသွေးကောင်းမွန်သည့် အရည်ကျောက်နှင့် အဆင့်မြင့်ကျောက်သားများသာ ကျဆင်းနေသော ဈေးနှုန်းဖြင့် အရောင်းအ၀ယ် ဖြစ်ထွန်းနေပြီး ကျန်ကျောက်စိမ်းအမျိုးအစားများမှာ ၀ယ်သူမရှိသလောက်ဖြစ်နေကြောင်း သိရသည်။

ကျောက်စိမ်းအရည်အသွေး အကောင်းဆုံးထွက်ရှိရာ လုံးခင်းဒေသ မှော်ဆီဇာကျေးရွာမှ ကျောက်ရောင်းဝယ်သူ ကိုအောင်အောင်က “လွန်ခဲ့တဲ့နှစ်တွေက တိုက်ပွဲသာဖြစ်တာ ကျောက်ဈေးကွက်ရှိတယ်။ ဒီနှစ်တော့ သိန်း ၅၀ တန်တဲ့ကျောက်က သိန်း ၃၀ မကျော်ချင်ဘူး။ ရှိတဲ့ဗင်ကားလေးဆွဲပြီး ထမင်းဖိုးဟင်းဖိုး ရှာစားနေတာ။ ကျောက်လုပ်ငန်းလုပ်တဲ့သူ တော်တော်များများ အောက်ပြည်အောက်ရွာက ကိုယ့်အိမ်ကိုငွေမှာပြီး ရပ်တည်နေရာတာ။ ရေမဆေးမွေးတဲ့ လုပ်ငန်းငယ်တွေ လုပ်ငန်းမလည်ပတ်နိုင်လို့ ပြုတ်တာအတော်များနေပြီ” ဟုဆိုသည်။

ကျောက်စိမ်းအရောင်းအ၀ယ် နှေးရသည့် အကြောင်းအရင်းမှာ တရုတ်နိုင်ငံမှ ကျောက်စိမ်းဝယ်ယူမှု နည်းခြင်း၊ ပြည်တွင်းမှတရုတ်သို့ မှောင်ခိုထုတ်သည့်လမ်းကြောင်းများ စစ်ဆေးမှုများလာခြင်း၊ အဖမ်းအဆီး များလာခြင်းကြောင့်ဖြစ်ကြောင်း တရုတ်နိုင်ငံသို့ ကျောက်စိမ်းတင်ပို့နေသည့် ကုန်သည်များက ဆိုသည်။

လွန်ခဲ့တဲ့နှစ်က အလုပ်သမား ၇၀ ကျော်ထားတယ်။ အခု ၁၀ ယောက်ကျော်ကို မနည်းထိန်းထားရတယ်။ စားသောက်ကုန်ဈေးကြီး၊ ကျောက်က အရောင်းအ၀ယ်နှေးဖြစ်နေတာ။ ထောင်ဂဏန်း၊ သောင်းဂဏန်း ကျောက်က ဈေးကွက်ကို မရှိသလို ဖြစ်သွားတာ။ အရင်နှစ်က ကျောက်ကောင်းရင် အမြတ်၊ ကျောက်အရည်အသွေး မကောင်းတာက ထမင်းစားကျောက်လုပ်ပြီး လည်ပတ်နေတာကိုး” ဟု ညည်းတွား . . . . .
“တရုတ်နိုင်ငံထဲမှာကို အရောင်းအ၀ယ်မဖြစ်တာ။ ကျောက်တစ်လုံး ဖားကန့်မှာရောင်းရင် ငါးသိန်းရမယ်။ ဟိုရောက်လို့ ခုနစ်သိန်းလောက်ရရင် ကယ်ရီသယ်ခ သုံးသိန်းလောက်ဆိုတော့ မကျန်ဘူး။ မှောင်ခိုလမ်းကြောင်းကလည်း ကျပ်နေတာကြာပြီ။ စောင့်ပြီး အမြင်ကောင်းတဲ့ကျောက်ပဲ ၀ယ်နေတယ်” ဟု ကျောက်ကုန်သည်တစ်ဦးက ဆိုသည်။

ကျောက်စိမ်းအရောင်းအ၀ယ် ကျဆင်းနေမှုမှာ နှစ်ဝက်နီးပါး ကြာမြင့်နေပြီး တစ်နိုင်တစ်ပိုင် ကျောက်တူးသူများ၊ ရေမဆေးလုပ်သားမွေးသူများလည်း လုပ်သားများ လျော့ကျပြီး လုပ်ငန်းများဆက်လုပ်နိုင်ရန် ခက်ခဲလာကြောင်း သိရသည်။

အမှိုက်ပုံကျေးရွာမှ တစ်နိုင်တစ်ပိုင် ကျောက်တူးနေသူ ဦးထွန်းထွန်းဝင်းက “တဖြည်းဖြည်း အရောင်းအ၀ယ်အေးလာတာ။ လွန်ခဲ့တဲ့နှစ်က အလုပ်သမား ၇၀ ကျော်ထားတယ်။ အခု ၁၀ ယောက်ကျော်ကို မနည်းထိန်းထားရတယ်။ စားသောက်ကုန်ဈေးကြီး၊ ကျောက်က အရောင်းအ၀ယ်နှေးဖြစ်နေတာ။ ထောင်ဂဏန်း၊ သောင်းဂဏန်း ကျောက်က ဈေးကွက်ကို မရှိသလို ဖြစ်သွားတာ။ အရင်နှစ်က ကျောက်ကောင်းရင် အမြတ်၊ ကျောက်အရည်အသွေး မကောင်းတာက ထမင်းစားကျောက်လုပ်ပြီး လည်ပတ်နေတာကိုး” ဟု ညည်းတွားသည်။

ဖားကန့်ဒေသတွင် တစ်နိုင်တစ်ပိုင် ကျောက်တူးသူ သုံးသိန်းဝန်းကျင်ရှိနေပြီး အများစုမှာ နိုင်ငံဒေသ အနှံအပြားမှ ရောက်ရှိလာသည့် ရွေ့ပြောင်းလုပ်သားများဖြစ်သည်။

၂၀၁၂ ခုနှစ်မှစတင်ပြီး တပ်မတော်နှင့် ကေအိုင်အေတို့၏တိုက်ပွဲများ ဖားကန့်ဒေသအထိ ဖြစ်ပွားလာခဲ့ရာ ကျောက်စိမ်းတူးဖော်သည့် လုပ်ငန်းများကို နှစ်နှစ်ကျော်ပိတ်ထားခဲ့ရသည်။ ပြီးခဲ့သော ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁ ရက်မှစတင်ပြီး ဖားကန့်ဒေသ၌ ကျောက်စိမ်းလုပ်ကွက်များ ပြန်လည်လုပ်ကိုင်ခွင့်ကို နိုင်ငံတော်မှ ပြန်လည်ခွင့်ပြုပေးခဲ့သည်။ အောက်တိုဘာ ၃၀ ရက်အထိ ဖားကန့်ဒေသတွင် ပုဂ္ဂလိကကုမ္ပဏီ ၈၀၈ ခု တစ်ဧကလုပ်ကွက်ပေါင်း ၁၅၆၃၈ ကွက်၊ အကျိုးတူကုမ္ပဏီ ၂၂၂ ခု လုပ်ကွက်ပေါင်း ၃၀၂ ကွက်ရှိပြီး ယခုအချိန်တွင် ငွေအင်အားကြီးမားသည့် ကုမ္ပဏီ ၃၆ ခုသာ လုပ်ငန်းလုပ်ကိုင်ရန် ပြင်ဆင်နေကြောင်း ကချင်ပြည်နယ် သတ္တုတွင်းဝန်ကြီးဌာနမှ သိရသည်။

Eleven Media Group

ဖားကန့်ဒေသအတွင်းရှိ မှော်တစ်ခုတွင် ကျောက်စိမ်းတူးဖော်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်)

ဖားကန့်ဒေသအတွင်းရှိ မှော်တစ်ခုတွင် ကျောက်စိမ်းတူးဖော်နေသည်ကို တွေ့ရစဉ်(ဓာတ်ပုံ ထွန်းလင်းအောင်)

မြန်မာနိုင်ငံ၏ အဓိကကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသတွင် ကျောက်စိမ်းဈေးကွက် အရောင်းအ၀ယ် ကျဆင်းနေပြီး လုပ်ငန်းငယ်များ ရပ်တည်ရန်ခက်ခဲလာကြောင်း ကျောက်တူးဖော်လုပ်ငန်း လုပ်ကိုင်သူများ၊ ကျောက်စိမ်းရောင်းဝယ်သူများက ပြောကြားသည်။

အရည်အသွေးကောင်းမွန်သည့် အရည်ကျောက်နှင့် အဆင့်မြင့်ကျောက်သားများသာ ကျဆင်းနေသော ဈေးနှုန်းဖြင့် အရောင်းအ၀ယ် ဖြစ်ထွန်းနေပြီး ကျန်ကျောက်စိမ်းအမျိုးအစားများမှာ ၀ယ်သူမရှိသလောက် ဖြစ်နေကြောင်း သိရသည်။

ကျောက်စိမ်းအရည်အသွေး အကောင်းဆုံးထွက်ရှိရာ လုံးခင်းဒေသ မှော်ဆီဇာကျေးရွာမှ ကျောက်ရောင်း ၀ယ်သူ ကိုအောင်အောင်က “လွန်ခဲ့တဲ့နှစ်တွေက တိုက်ပွဲသာဖြစ်တာ ကျောက်ဈေးကွက်ရှိတယ်။ ဒီနှစ်တော့ သိန်း ၅၀ တန်တဲ့ကျောက်က သိန်း ၃၀ မကျော်ချင်ဘူး။ ရှိတဲ့ဗင်ကားလေးဆွဲပြီး ထမင်းဖိုး ဟင်းဖိုး ရှာစားနေတာ။ ကျောက်လုပ်ငန်းလုပ်တဲ့သူ တော်တော်များများ အောက်ပြည်အောက်ရွာက ကိုယ့်အိမ်ကို ငွေမှာပြီး ရပ်တည်နေရာတာ။ ရေမဆေးမွေးတဲ့ လုပ်ငန်းငယ်တွေ လုပ်ငန်းမလည်ပတ်နိုင်လို့ ပြုတ်တာအတော်များနေပြီ” ဟုဆိုသည်။

ကျောက်စိမ်းအရောင်းအ၀ယ် နှေးရသည့် အကြောင်းအရင်းမှာ တရုတ်နိုင်ငံမှ ကျောက်စိမ်းဝယ်ယူမှု နည်းခြင်း၊ ပြည်တွင်းမှတရုတ်သို့ မှောင်ခိုထုတ်သည့်လမ်းကြောင်းများ စစ်ဆေးမှုများလာခြင်း၊ အဖမ်းအဆီး များလာခြင်းကြောင့်ဖြစ်ကြောင်း တရုတ်နိုင်ငံသို့ ကျောက်စိမ်းတင်ပို့နေသည့် ကုန်သည်များက ဆိုသည်။

“တရုတ်နိုင်ငံထဲမှာကို အရောင်းအ၀ယ်မဖြစ်တာ။ ကျောက်တစ်လုံး ဖားကန့်မှာရောင်းရင် ငါးသိန်းရမယ်။ ဟိုရောက်လို့ ခုနစ်သိန်းလောက်ရရင် ကယ်ရီသယ်ခ သုံးသိန်းလောက်ဆိုတော့ မကျန်ဘူး။ မှောင်ခိုလမ်းကြောင်းကလည်း ကျပ်နေတာကြာပြီ။ စောင့်ပြီး အမြင်ကောင်းတဲ့ကျောက်ပဲ ၀ယ်နေတယ်” ဟု ကျောက်ကုန်သည်တစ်ဦးက ဆိုသည်။

ကျောက်စိမ်းအရောင်းအ၀ယ် ကျဆင်းနေမှုမှာ နှစ်ဝက်နီးပါး ကြာမြင့်နေပြီး တစ်နိုင်တစ်ပိုင် ကျောက်တူး သူများ၊ ရေမဆေးလုပ်သားမွေးသူများလည်း လုပ်သားများ လျော့ကျပြီး လုပ်ငန်းများ ဆက်လုပ်နိုင်ရန် ခက်ခဲလာကြောင်း သိရသည်။

အမှိုက်ပုံကျေးရွာမှ တစ်နိုင်တစ်ပိုင် ကျောက်တူးနေသူ ဦးထွန်းထွန်းဝင်းက “တဖြည်းဖြည်း အရောင်းအ၀ယ် အေးလာတာ။ လွန်ခဲ့တဲ့နှစ်က အလုပ်သမား ၇၀ ကျော်ထားတယ်။ အခု ၁၀ ယောက်ကျော်ကို မနည်းထိန်း ထားရတယ်။ စားသောက်ကုန်ဈေးကြီး၊ ကျောက်က အရောင်းအ၀ယ်နှေးဖြစ်နေတာ။ ထောင်ဂဏန်း၊ သောင်းဂဏန်း ကျောက်က ဈေးကွက်ကို မရှိသလို ဖြစ်သွားတာ။ အရင်နှစ်က ကျောက်ကောင်းရင် အမြတ်၊ ကျောက်အရည်အသွေး မကောင်းတာက ထမင်းစားကျောက်လုပ်ပြီး လည်ပတ်နေတာကိုး” ဟု ညည်းတွားသည်။

ဖားကန့်ဒေသတွင် တစ်နိုင်တစ်ပိုင် ကျောက်တူးသူ သုံးသိန်းဝန်းကျင်ရှိနေပြီး အများစုမှာ နိုင်ငံဒေသ အနှံအပြားမှ ရောက်ရှိလာသည့် ရွေ့ပြောင်းလုပ်သားများဖြစ်သည်။

၂၀၁၂ ခုနှစ်မှစတင်ပြီး တပ်မတော်နှင့် ကေအိုင်အေတို့၏တိုက်ပွဲများ ဖားကန့်ဒေသအထိ ဖြစ်ပွားလာခဲ့ရာ ကျောက်စိမ်းတူးဖော်သည့် လုပ်ငန်းများကို နှစ်နှစ်ကျော်ပိတ်ထားခဲ့ရသည်။ ပြီးခဲ့သော ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁ ရက်မှစတင်ပြီး ဖားကန့်ဒေသ၌ ကျောက်စိမ်းလုပ်ကွက်များ ပြန်လည်လုပ်ကိုင်ခွင့်ကို နိုင်ငံတော်မှ ပြန်လည်ခွင့်ပြုပေးခဲ့သည်။ အောက်တိုဘာ ၃၀ ရက်အထိ ဖားကန့်ဒေသတွင် ပုဂ္ဂလိကကုမ္ပဏီ ၈၀၈ ခု တစ်ဧကလုပ်ကွက်ပေါင်း ၁၅၆၃၈ ကွက်၊ အကျိုးတူကုမ္ပဏီ ၂၂၂ ခု လုပ်ကွက်ပေါင်း ၃၀၂ ကွက်ရှိပြီး ယခုအချိန်တွင် ငွေအင်အားကြီးမားသည့် ကုမ္ပဏီ ၃၆ ခုသာ လုပ်ငန်းလုပ်ကိုင်ရန် ပြင်ဆင်နေ ကြောင်း ကချင်ပြည်နယ် သတ္တုတွင်းဝန်ကြီးဌာနမှ သိရသည်။

Eleven Media Group

No comments:

Post a Comment