Monday 3 November 2014

အခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်အမတ် တစ်ရာကျော် ၀င်ရောက်ဆွေးနွေးမည်

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် လွှတ်တော်တွင် ဆွေးနွေးကြသည့်အခါ တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ်များအပါအ၀င် နိုင်ငံရေးပါ တီအသီးသီးမှ လွှတ်တော်ကိုယ် စားလှယ် စုစုပေါင်း တစ်ရာကျော် ၀င်ရောက်ဆွေးနွေးကြမည်ဖြစ် ကြောင်း သတင်းရရှိသည်။

လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်း ပုံအခြေခံဥပဒေ ပြင်ဆင်နိုင် ရေးအတွက် ပြည်ထောင်စုလွှတ် တော်သို့  တင်သွင်းထားသည့် ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင် ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ အစီရင်ခံစာကို နိုဝင်ဘာလ ၁၃ ရက်မှ ၂၁ ရက်အထိ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးကြမည် ဖြစ်သည်။

‘‘ဖွဲ့စည်းပုံအခြေခံဥပဒေကို ၀င်ဆွေးနွေးမယ့်စာရင်းကို ကြည့် လိုက်တော့ အယောက်တစ်ရာ ကျော်ရှိနေ ပြီ။ ဒီတစ်ကြိမ်က လွှတ်တော်မှာ ၀င်ရောက်ဆွေးနွေးမယ့် သူအများဆုံးပါဝင်မယ့် အကြောင်းအရာလည်း ဖြစ်နေတယ်’’ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ပြော သည်။

လွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဆွေး နွေးကြသည့်အခါ လွှတ်တော် တွင်း အင် အားကြီး ပါတီများဖြစ် ကြသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတို့မှလည်း လွှတ်တော်ကိုယ်စားလှယ် ဦးရေ ၃၀ နီးပါး  ၀င်ရောက်ဆွေးနွေးရန် စီစဉ်ထားကြောင်း ယင်းပါတီ များမှ သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် အရေးကြီးသောပုဒ်မ ဖြစ်နေပါက ယင်းပုဒ်မတစ်ခု တည်းအပေါ်တွင် လွှတ်တော် ကိုယ်စားလှယ် ဦးရေ နှစ်ဦးမှ သုံးဦးထိ ၀င်ရောက်ဆွေးနွေး မည်ဖြစ် သည်ဟု အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးမြင့်ဦးက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီတို့နည်းတူ တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ်များကလည်း အများစုဝင် ရောက်ဆွေးနွေးကြရန် စီစဉ်ထား ပြီး လွှတ်တော်တွင် တတိယအင် အားကြီး ပါတီဖြစ်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP) မှ လွှတ်တော် ကိုယ်စား လှယ် ၁၀ ဦးကျော်ဝင်ရောက်ဆွေးနွေးမည်ဖြစ်သည်ဟု ယင်းပါတီမှ ပြည်သူ့လွှတ်တော်    ကိုယ် စားလှယ် ဦးစိုင်းမောင်တင်က ပြော သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး   အကောင်အထည် ဖော်မှုကော်မတီ၏ အစီရင်ခံစာကို လွှတ်တော် တွင်း ကိုယ်စားလှယ်များက ဆွေးနွေးပြီးသည့်အခါ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မည့်   ဥပဒေကြမ်း တစ်ခု ရေးဆွဲကာ ပြည်ထောင်စုလွှတ် တော်သို့ တင်ပြကြမည်ဖြစ်သည်။

7Day DAILY

No comments:

Post a Comment