Monday 3 November 2014

အကြွေစေ့ ဂိမ်းဆိုင်များတွင် လောင်းကစားမှုရှိ

Photo: အကြွေစေ့ ဂိမ်းဆိုင်များတွင် လောင်းကစားမှုရှိ
Monday, November 3, 2014

အကြွေစေ့ဖြင့် ကစားရသော တီဗီဂိမ်းဆိုင်များကို ငွေကြေးဖြင့် လောင်းကြေးထပ် ကစားခွင့် မပြုထားသော်လည်း မန္တလေးခရိုင်အတွင်း ဖွင့်လှစ်ထားသည့် ဂိမ်းဆိုင်အချို့တွင် လောင်းကြေးထပ်ကစားခြင်းများ ရှိကြောင်း မန္တလေးတိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်မာက ပြောသည်။

“တချို့ဂိမ်းဆိုင်တွေဆို လောင်းကြေးက ငါးသိန်းအထက်လောက်ရှိတယ်လို့ လေ့လာသိရှိရပါတယ်။ အများအားဖြင့် ဂိမ်းဆိုင်ဆိုတော့ လူငယ်တွေပဲ လာတာများသလို ဒီလိုလောင်းကြေးထပ်ကစား ခွင့်ပြုထားတာဟာ အကျင့်စာရိတ္တကိုပါ ပျက်စီးစေပါတယ်” ဟု ၎င်းက ပြောသည်။

အကြွေစေ့ဖြင့် ကစားရသည့် ပန်းသီးဂိမ်း၊ ငါးပစ်ဂိမ်းအစရှိသည့် တီဗီဂိမ်းဆိုင်များတွင် လူငယ်များသာမက လူကြီးများလည်း လာရောက် ကစားကြပြီး အချို့မှာ အဖွဲ့လိုက်လောင်းကြေးထပ်ခြင်း၊ ငွေကြေး သာမက ဆိုင်ကယ်၊ အခြားလက်ဝတ် လက်စားပစ္စည်းများကိုအား အပေါင်ထား၍ ကစားခြင်းများလည်း ရှိသည်ဟု စုံစမ်းသိရသည်။

မန်းစည်ပင်နယ်နိမိတ်အတွင်း အဆိုပါဂိမ်းဆိုင်များ ဖွင့်လှစ်ရန် လုပ်ငန်းလိုင် စင်ထုတ်ပေးလျက်ရှိသည့် သန့်ရှင်းရေးဌာနက တီဗီဂိမ်းဆိုင်များတွင် အနိုင်အရှုံး လဲလှယ်သည့်အခါ အကြွေစေ့များကို ငွေကြေးဖြင့် လဲလှယ်ခွင့်မပြုဘဲ အရုပ်များဖြင့်သာ လဲလှယ်ခွင့်ပေးထားပြီး ငွေကြေးဖြင့် လောင်းကြေးထပ် ခွင့်မပြုထားကြောင်း အဆိုပါဌာန၏ ဌာနမှူး ဦးနေဝင်းမြင့်က ပြောသည်။

ချမ်းမြသာစည်မြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် တီဗီဂိမ်းဆိုင်တွင် လူငယ်များ ညစဉ်လာရောက် ဆော့ကစားမှုများသည်ဟု ဆိုသည်။

“အဲဒီဂိမ်းဆိုင်က ညပိုင်းမှ ဖွင့်တာ။ ဒါတောင် ဆိုင်တံခါးကို တစ်ချပ်ပဲဖွင့်ထားပေမယ့် ဆိုင်ရှေ့မှာတော့ ဆိုင်ကယ်တွေကို အများကြီးပဲ” ဟု ၎င်းမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ပြောသည်။

ငွေကြေးပစ္စည်းများဖြင့် လောင်းကြေး ထပ်ကစားခွင့်ပြုလျက်ရှိသည့် ဂိမ်းဆိုင် များကို တွေ့ရှိပါက အသိပေး တိုင်ကြားနိုင်ပြီး သက်ဆိုင်ရာက ဆိုင်ရှင်နှင့် လောင်းကစား ပြုလုပ်သူကို ဥပဒေအရ အရေးယူခြင်း၊ ဆိုင်ရှိပစ္စည်းများကို သိမ်းဆည်းခြင်းမည်ဖြစ်ကြောင်း မန္တလေးတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူး ကြီး အောင်ကျော်မိုးက ပြောသည်။

Mizzima - News in Burmese
အကြွေစေ့ဖြင့် ကစားရသော တီဗီဂိမ်းဆိုင်များကို ငွေကြေးဖြင့် လောင်းကြေးထပ် ကစားခွင့် မပြုထား သော်လည်း မန္တလေးခရိုင်အတွင်း ဖွင့်လှစ်ထားသည့် ဂိမ်းဆိုင်အချို့တွင် လောင်းကြေးထပ်ကစားခြင်းများ ရှိကြောင်း မန္တလေးတိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်မာက ပြောသည်။

“တချို့ဂိမ်းဆိုင်တွေဆို လောင်းကြေးက ငါးသိန်းအထက်လောက်ရှိတယ်လို့ လေ့လာသိရှိရပါတယ်။ အများ အားဖြင့် ဂိမ်းဆိုင်ဆိုတော့ လူငယ်တွေပဲ လာတာများသလို ဒီလိုလောင်းကြေးထပ်ကစား ခွင့်ပြုထား တာဟာ အကျင့်စာရိတ္တကိုပါ ပျက်စီးစေပါတယ်” ဟု ၎င်းက ပြောသည်။

အကြွေစေ့ဖြင့် ကစားရသည့် ပန်းသီးဂိမ်း၊ ငါးပစ်ဂိမ်းအစရှိသည့် တီဗီဂိမ်းဆိုင်များတွင် လူငယ်များသာမက လူကြီးများလည်း လာရောက် ကစားကြပြီး အချို့မှာ အဖွဲ့လိုက်လောင်းကြေးထပ်ခြင်း၊ ငွေကြေး သာမက ဆိုင်ကယ်၊ အခြားလက်ဝတ် လက်စားပစ္စည်းများကိုအား အပေါင်ထား၍ ကစားခြင်းများလည်း ရှိသည်ဟု စုံစမ်းသိရသည်။

မန်းစည်ပင်နယ်နိမိတ်အတွင်း အဆိုပါဂိမ်းဆိုင်များ ဖွင့်လှစ်ရန် လုပ်ငန်းလိုင် စင်ထုတ်ပေးလျက်ရှိသည့် သန့်ရှင်းရေးဌာနက တီဗီဂိမ်းဆိုင်များတွင် အနိုင်အရှုံး လဲလှယ်သည့်အခါ အကြွေစေ့များကို ငွေကြေးဖြင့် လဲလှယ်ခွင့်မပြုဘဲ အရုပ်များဖြင့်သာ လဲလှယ်ခွင့်ပေးထားပြီး ငွေကြေးဖြင့် လောင်းကြေးထပ် ခွင့်မပြုထား ကြောင်း အဆိုပါဌာန၏ ဌာနမှူး ဦးနေဝင်းမြင့်က ပြောသည်။

ချမ်းမြသာစည်မြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် တီဗီဂိမ်းဆိုင်တွင် လူငယ်များ ညစဉ်လာရောက် ဆော့ ကစားမှုများသည်ဟု ဆိုသည်။

“အဲဒီဂိမ်းဆိုင်က ညပိုင်းမှ ဖွင့်တာ။ ဒါတောင် ဆိုင်တံခါးကို တစ်ချပ်ပဲဖွင့်ထားပေမယ့် ဆိုင်ရှေ့မှာတော့ ဆိုင်ကယ်တွေကို အများကြီးပဲ” ဟု ၎င်းမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ပြောသည်။

ငွေကြေးပစ္စည်းများဖြင့် လောင်းကြေး ထပ်ကစားခွင့်ပြုလျက်ရှိသည့် ဂိမ်းဆိုင် များကို တွေ့ရှိပါက အသိပေး တိုင်ကြားနိုင်ပြီး သက်ဆိုင်ရာက ဆိုင်ရှင်နှင့် လောင်းကစား ပြုလုပ်သူကို ဥပဒေအရ အရေးယူခြင်း၊ ဆိုင်ရှိ ပစ္စည်းများကို သိမ်းဆည်းခြင်းမည်ဖြစ်ကြောင်း မန္တလေးတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူး ကြီး အောင်ကျော်မိုးက ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment