Monday 3 November 2014

CR 7 အတွင်းခံ တစ်နှစ်ပြည့် အောင်ပွဲခံခဲ့တဲ့ ခရစ္စတီယာနို

Photo: CR 7 အတွင်းခံ တစ်နှစ်ပြည့် အောင်ပွဲခံခဲ့တဲ့ ခရစ္စတီယာနို
Monday, November 3, 2014

စပိန်၊ စက်တင်ဘာ ၃။ ဘောလုံးကွင်း ထဲမှာ ဂိုးတွေ တဒိုင်းဒိုင်း သွင်းယူပြီး အောင်မြင်မှုတွေ ရရှိ နေတဲ့ ခရစ္စတီယာနို ရော်နယ်ဒိုဟာ ကွင်းပြင်ပ မှာလည်း စီး ပွားရေး အရ အောင်မြင်မှုတွေ စိုက်ထူ ထားနိုင် ပါတယ်။

CR 7 အမှတ်တံဆိပ်နဲ့ ထုတ်ဝေ ခဲ့တဲ့ စီရော်နယ်ဒိုရဲ့ အတွင်းခံ ကုမ္ပဏီဟာ အခုဆိုရင် တစ်နှစ်ပြည့် အောင်ပွဲ ခံနိုင်ခဲ့ပြီ   ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက စတင် ထုတ်ဝေခဲ့တဲ့ CR 7 အတွင်းခံ တွေဟာ ကမ္ဘာ တစ်ဝှမ်းမှာ အောင်မြင်မှု ရရှိနေ တာပါ။ စတင် ထုတ်ဝေ ကတည်းက လန်ဒန်၊ ပဲရစ်၊ ရှန်ဟိုင်း၊ မက်ဒရစ်၊ မီလန်၊ အယ်လ်အေ စတဲ့ ကမ္ဘာ့ နာမည် ကြီး မြို့ကြီး တွေမှာ တစ်ပြိုင်နက် ထုတ်ဝေ ခဲ့ပြီး အောင်မြင်မှု ရခဲ့တာ ဖြစ်ပါ တယ်။ ပြီးခဲ့တဲ့ ဟောလိုး ၀င်းနေ့ ကလည်း   ဟောလိုးဝင်း အထူးထုတ် ဆိုပြီး အတွင်းခံတွေ ထုတ်ဝေခဲ့ ပါသေးတယ်။

စီရော်နယ်ဒိုဟာ CR 7 အတွင်းခံ ဘောင်းဘီပုံစံ ကိတ်မုန့်ကို ကိုယ်တိုင်လှီးပြီး ကိုယ်တိုင်စားကာသူ့ကုမ္ပဏီတစ်နှစ်ပြည့် အတွက် အောင်ပွဲခံ ခဲ့ပါတယ်။ဘော လုံးကွင်း ပြင်ပမှာ ကျေနပ် ပျော်ရွှင်နေတဲ့ စီရော်နယ်ဒိုရဲ့ ပုံစံကို တွေ့မြင်ခဲ့ရ ပါ တယ်။

စီရော်နယ်ဒိုဟာ ဒီရာသီမှာ ရီးယဲလ် အတွက် အထူး ခြေစွမ်းပြ ကစားပြီး ပြိုင်ပွဲ ပေါင်းစုံမှာ ၂၃ ဂိုး အထိ သွင်းယူထား ပါတယ်။ လာလီဂါရဲ့ အကောင်းဆုံးတိုက် စစ်မှူး ဆုကို ရရှိခဲ့တဲ့ စီရော်နယ်ဒို တစ်ယောက် ကမ္ဘာ့ အကောင်းဆုံး ဘော လုံးသမား ဆုကိုလည်း ရရှိဖို့ ရေပန်းစား နေပါတယ်။

Mizzima - News in Burmese
စပိန်၊ စက်တင်ဘာ ၃။ ဘောလုံးကွင်းထဲမှာ ဂိုးတွေတဒိုင်းဒိုင်း သွင်းယူပြီးအောင်မြင်မှုတွေရရှိနေတဲ့ ခရစ္စတီယာနို ရော်နယ်ဒိုဟာ ကွင်းပြင်ပမှာလည်း စီးပွားရေးအရ အောင်မြင်မှုတွေ စိုက်ထူထားနိုင်ပါတယ်။

CR 7 အမှတ်တံဆိပ်နဲ့ ထုတ်ဝေခဲ့တဲ့ စီရော်နယ်ဒိုရဲ့အတွင်းခံကုမ္ပဏီဟာ အခုဆိုရင် တစ်နှစ်ပြည့်အောင်ပွဲ ခံနိုင်ခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက စတင်ထုတ်ဝေခဲ့တဲ့ CR 7 အတွင်းခံတွေဟာ ကမ္ဘာ တစ်ဝှမ်းမှာ အောင်မြင်မှု ရရှိနေတာပါ။ စတင်ထုတ်ဝေကတည်းက လန်ဒန်၊ ပဲရစ်၊ ရှန်ဟိုင်း၊ မက်ဒရစ်၊ မီလန်၊ အယ်လ်အေ စတဲ့ ကမ္ဘာ့ နာမည် ကြီး မြို့ကြီး တွေမှာ တစ်ပြိုင်နက် ထုတ်ဝေခဲ့ပြီး အောင်မြင်မှု ရခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဟောလိုးဝင်းနေ့ကလည်း ဟောလိုးဝင်း အထူးထုတ်ဆိုပြီး အတွင်းခံတွေ ထုတ်ဝေခဲ့ပါသေးတယ်။

စီရော်နယ်ဒိုဟာ CR 7 အတွင်းခံ ဘောင်းဘီပုံစံကိတ်မုန့်ကို ကိုယ်တိုင်လှီးပြီး ကိုယ်တိုင် စားကာသူ့ကုမ္ပဏီ တစ်နှစ်ပြည့်အတွက် အောင်ပွဲခံခဲ့ပါတယ်။ဘောလုံးကွင်း ပြင်ပမှာ ကျေနပ်ပျော်ရွှင်နေတဲ့ စီရော်နယ်ဒိုရဲ့ ပုံစံကို တွေ့မြင်ခဲ့ရပါ တယ်။

စီရော်နယ်ဒိုဟာ ဒီရာသီမှာ ရီးယဲလ်အတွက် အထူးခြေစွမ်းပြကစားပြီးပြိုင်ပွဲ ပေါင်းစုံမှာ ၂၃ ဂိုး အထိ သွင်းယူထားပါတယ်။ လာလီဂါရဲ့ အကောင်းဆုံးတိုက်စစ်မှူးဆုကိုရရှိခဲ့တဲ့ စီရော်နယ်ဒို တစ်ယောက် ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆုကိုလည်း ရရှိဖို့ ရေပန်းစားနေပါတယ်။

Mizzima - News in Burmese

No comments:

Post a Comment