Monday 3 November 2014

မြန်မာ-ထိုင်းချစ်ကြည်ရေး တန်ဆောင်တိုင်ပွဲတွင် မီးဘေးကင်းရေး ရပ်ကွက်အဖွဲ့များဖြင့် ဆောင်ရွက်မည်

Photo: မြန်မာ-ထိုင်းချစ်ကြည်ရေး တန်ဆောင်တိုင်ပွဲတွင် မီးဘေးကင်းရေး ရပ်ကွက် အဖွဲ့များဖြင့် ဆောင်ရွက်မည်
Monday, November 3, 2014

ပထမအကြိမ် မြန်မာ -ထိုင်း ချစ်ကြည်ရေး ထားဝယ် တန်ဆောင်တိုင်ပွဲတော် ကျင်းပ သည့်နေ့တွင် တာဝန်ယူရန် မီး ဘေးစောင့်ကြည့်ရေးအဖွဲ့များကို ရပ်ကွက်များတွင် ဖွဲ့စည်းဆောင် ရွက်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

သံဃာအပါး သုံးထောင်အား ဆွမ်းလောင်လှူခြင်း၊ သံဃာ အပါးတစ်ထောင် မြို့တွင်းလှည့် လည် ပူဇော်ခံခြင်း၊ ဆီမီးတစ် သောင်းပူဇော်ခြင်းနှင့် မီးပုံးအလုံး   ငါးထောင် လွှတ်တင်ခြင်းများဖြင့် အပိုင်းသုံးခုခွဲကာ မြန်မာ-ထိုင်း ချစ်ကြည်ရေးတန်ဆောင်တိုင်ပွဲ တော်ကျင်းပမည့် နိုဝင်ဘာ ၆ရက် (တန်ဆောင်မုန်းလပြည့်နေ့)တွင်  ထားဝယ်မြို့ပေါ်ရပ်ကွက်များ၌ အရန်မီးသတ်တပ်ဖွဲ့ဝင်သုံးဦးနှင့်ရပ်ကွက်အတွင်း တာဝန်ရှိသူ အနည်းဆုံးသုံးဦးပါဝင်သော မီးဘေးစောင့်ကြည့်ရေးအဖွဲ့များကို ဖွဲ့စည်းပြီး တာဝန်ယူဆောင်ရွက်ရန်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ညွှန်ကြားထားကြောင်း သိရသည်။

ချစ်ကြည်ရေးတန်ဆောင် တိုင်အခမ်းအနားမှာ မီးပုံးအလုံးငါးထောင်ကို ညဘက်တွင်ထားဝယ်မြို့ ရွှေဝယ်သီရိအားကစားရင်ပြင်၌ တစ်ပြိုင်နက်လွှတ်တင် မည်ဖြစ်ပြီး ယင်းနေရာသည်မြို့ ၏ အရှေ့မြောက်လေကြောင်းအတွင်း ကျရောက်နေသောကြောင့်  ကျန်ရှိနေသောရပ်ကွက်များ မီး ဘေးအန္တရာယ်ကင်းစင်စေရန် သီး သန့်ဆောင်ရွက်ခြင်းဖြစ်သည်။

‘‘အစည်းအဝေးမှာ အနည်း ဆုံးခြောက်ဦးသတ်မှတ်ပေးလိုက် ပေမယ့် ကျွန်တော်တို့ ရပ်ကွက်က ဧရိယာလည်းကျယ်တယ်။ လူနေ အိမ်ခြေလည်း စိပ်တယ်။ ပြီးတော့ ဓနိမိုးတွေလည်းရှိတော့ အနည်း ဆုံး ၁၀ဦးလောက် ချထားဖို့ စီစဉ် ထားတယ်’’ဟု ကြက်စားပြင်ရပ် ကွက်အုပ်ချုပ်ရေးမှူးကပြော သည်။ ‘‘အဆိုပါ မီးဘေးစောင့် ကြည့်ရေးအဖွဲ့သည် နိုဝင်ဘာ ၆ ရက်မတိုင်မီ အပြီးဖွဲ့စည်းရမည် ဖြစ်ပြီး ယင်းည ၁၂  နာရီအထိတာ ၀န်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်းသိရသည်။

ထားဝယ်မြို့တွင် ရပ်ကွက် (၁၅) ခုရှိကာမြို့နယ်မီးသတ်စခန်း ၌ မီးသတ်ယာဉ် ကိုးစီးရှိပြီး  လုံခြုံရေးကင်မရာဖြင့် ၂၄ နာရီစောင့်ကြည့်နေကြောင်း တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှသိရသည်။

နိုဝင်ဘာ ၁ရက်က တောင် ကြီးတန်ဆောင်တိုင်ပွဲတော်တွင် ခွန်တန်မီးအမည်ရ မီးပုံးပျံပွဲခင်း အတွင်းသို့  ပြုတ်ကျခဲ့ခြင်းကြောင့် ပရိသတ် ၁၅ ဦးဒဏ်ရာရရှိခဲ့ရာ လေးဦးမှာ ပြင်းထန်ကြောင်းသိရှိ ရသည်။

အခမ်းအနားတွင် လွှတ်တင် မည့် မီးပုံးအရေအတွက်  များပြား ပြီးထားဝယ်တွင် မီးပုံးပျံပြုတ်ကျ မှုကြောင့် မီးလောင်မှုများဖြစ်ပေါ် ဖူးသဖြင့် မီးဘေးစောင့်ကြည့်ရေး အဖွဲ့များအပြင် ဒေသခံများပါ သတိထား၍ စောင့်ကြည့်သင့်ကြောင်း မီးသတ်ဝန်ထမ်းတစ်ဦး ကပြောသည်။

7Day DAILY 

မြန်မာ - ထိုင်း ချစ်ကြည်ရေး ထားဝယ် တန်ဆောင်တိုင် ပွဲတော် ဆိုင်းဘုတ်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ − စိုးမိုးအောင်)
မြန်မာ - ထိုင်း ချစ်ကြည်ရေး ထားဝယ် တန်ဆောင်တိုင် ပွဲတော် ဆိုင်းဘုတ်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ − စိုးမိုးအောင်)
ပထမအကြိမ် မြန်မာ -ထိုင်း ချစ်ကြည်ရေး ထားဝယ် တန်ဆောင်တိုင်ပွဲတော် ကျင်းပ သည့်နေ့တွင် တာဝန် ယူရန် မီး ဘေးစောင့်ကြည့်ရေးအဖွဲ့များကို ရပ်ကွက်များတွင် ဖွဲ့စည်းဆောင် ရွက်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

သံဃာအပါး သုံးထောင်အား ဆွမ်းလောင်လှူခြင်း၊ သံဃာ အပါးတစ်ထောင် မြို့တွင်းလှည့် လည် ပူဇော် ခံခြင်း၊ ဆီမီးတစ် သောင်းပူဇော်ခြင်းနှင့် မီးပုံးအလုံးငါးထောင် လွှတ်တင်ခြင်းများဖြင့် အပိုင်းသုံးခုခွဲကာ မြန်မာ-ထိုင်း ချစ်ကြည်ရေးတန်ဆောင်တိုင်ပွဲ တော်ကျင်းပမည့် နိုဝင်ဘာ ၆ရက် (တန်ဆောင်မုန်း လပြည့်နေ့)တွင်  ထားဝယ်မြို့ပေါ်ရပ်ကွက်များ၌ အရန်မီးသတ်တပ်ဖွဲ့ဝင်သုံးဦးနှင့်ရပ်ကွက်အတွင်း တာဝန်ရှိသူ အနည်းဆုံးသုံးဦးပါဝင်သော မီးဘေးစောင့်ကြည့်ရေးအဖွဲ့များကို ဖွဲ့စည်းပြီး တာဝန်ယူ ဆောင်ရွက် ရန်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ညွှန်ကြားထားကြောင်း သိရသည်။

ချစ်ကြည်ရေးတန်ဆောင် တိုင်အခမ်းအနားမှာ မီးပုံးအလုံးငါးထောင်ကို ညဘက်တွင်ထားဝယ်မြို့ ရွှေဝယ် သီရိ အားကစားရင်ပြင်၌ တစ်ပြိုင်နက်လွှတ်တင် မည်ဖြစ်ပြီး ယင်းနေရာသည်မြို့၏ အရှေ့မြောက် လေကြောင်းအတွင်း ကျရောက်နေသောကြောင့်  ကျန်ရှိနေသောရပ်ကွက်များ မီး ဘေးအန္တရာယ်ကင်း စင်စေ ရန် သီး သန့်ဆောင်ရွက်ခြင်းဖြစ်သည်။

‘‘အစည်းအဝေးမှာ အနည်း ဆုံးခြောက်ဦးသတ်မှတ်ပေးလိုက် ပေမယ့် ကျွန်တော်တို့ ရပ်ကွက်က ဧရိယာ လည်းကျယ်တယ်။ လူနေအိမ်ခြေလည်းစိပ်တယ်။ ပြီးတော့ ဓနိမိုးတွေလည်းရှိတော့ အနည်းဆုံး ၁၀ ဦး လောက် ချထားဖို့ စီစဉ် ထားတယ်’’ဟု ကြက်စားပြင်ရပ် ကွက်အုပ်ချုပ်ရေးမှူးကပြော သည်။ ‘‘အဆိုပါ မီးဘေးစောင့် ကြည့်ရေးအဖွဲ့သည် နိုဝင်ဘာ ၆ ရက်မတိုင်မီ အပြီးဖွဲ့စည်းရမည် ဖြစ်ပြီး ယင်းည ၁၂  နာရီ အထိတာ ၀န်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်းသိရသည်။

ထားဝယ်မြို့တွင် ရပ်ကွက်(၁၅) ခုရှိကာမြို့နယ်မီးသတ်စခန်း၌ မီးသတ်ယာဉ်ကိုးစီးရှိပြီး  လုံခြုံရေး ကင်မရာဖြင့် ၂၄ နာရီစောင့်ကြည့်နေကြောင်း တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှသိရသည်။

နိုဝင်ဘာ ၁ရက်က တောင် ကြီးတန်ဆောင်တိုင်ပွဲတော်တွင် ခွန်တန်မီးအမည်ရ မီးပုံးပျံပွဲခင်း အတွင်းသို့  ပြုတ်ကျခဲ့ခြင်းကြောင့် ပရိသတ် ၁၅ ဦးဒဏ်ရာရရှိခဲ့ရာ လေးဦးမှာ ပြင်းထန်ကြောင်းသိရှိ ရသည်။

အခမ်းအနားတွင် လွှတ်တင် မည့် မီးပုံးအရေအတွက်  များပြား ပြီးထားဝယ်တွင် မီးပုံးပျံပြုတ်ကျ မှုကြောင့် မီးလောင်မှုများဖြစ်ပေါ် ဖူးသဖြင့် မီးဘေးစောင့်ကြည့်ရေး အဖွဲ့များအပြင် ဒေသခံများပါ သတိထား၍ စောင့်ကြည့်သင့်ကြောင်း မီးသတ်ဝန်ထမ်းတစ်ဦး ကပြောသည်။

7Day DAILY

No comments:

Post a Comment