Monday 3 November 2014

ဧည့်မထ စပါးတင်း ၁ဝဝ ကို ကျပ်သုံးသိန်းခွဲနဲ့ ၀ယ်ယူမည်

ဧရာဝတီနဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ သက်ငယ်စပါးဈေးတွေ ကျဆင်းနေတဲ့အတွက် တောင်သူတွေအရှုံး မပေါ်စေဖို့ ဒီလကစပြီး ဧည့်မထစပါး တင်း ၁ဝဝ ကို ကျပ်သုံးသိန်းခွဲနဲ့ ၀ယ်ယူသွားမယ်လို့ မြန်မာနိုင်ငံ တောင်သူ လယ်သမားအသင်းက ကြေညာလိုက်ပါတယ်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နိုင်ငံတော် အရန်ဆန်ထားရှိရေး ကြီးကြပ်မှုကော်မတီက နိုင်ငံတော်အရန်ဆန်နဲ့ တပ်မတော်ရိက္ခာအတွက် ဝယ်ယူမှာဖြစ်ပြီး အခုနိုဝင်ဘာလမကုန်ခင်မှာ ၀ယ်ယူ မှာဖြစ် တယ်လို့ သိရပါတယ်။

အခုလို ဧည့်မထစပါးတစ်တင်း ကျပ်သုံးသိန်းခွဲနဲ့ ၀ယ်ယူဖို့ကို မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နဲ့ မြန်မာ့လယ်ယာ စီးပွားအများပိုင် ကော်ပိုရေးရှင်းတို့ တွေ့ဆုံညှိနှိုင်းပြီး ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့မိုးစပါးပေါ်ချိန်တုန်းက သက်ငယ်စပါးတင်းတစ်ရာဟာ ကျပ်လေးသိန်းဝန်းကျင်အထိရှိခဲ့ပြီး ဒီနှစ်မှာ တော့ စပါးစတင်ပေါ်တဲ့အချိန်မှာတောင် ကျပ်သုံးသိန်းသုံးသောင်းလောက်နဲ့သာ အရောင်းအ၀ယ် ရှိခဲ့ကြ ပါတယ်။

RFA Burmese 

No comments:

Post a Comment