Monday 3 November 2014

မြန်မာယူ-၁၉ အသင်း ပြင်ဆင်ကုန်ကျငွေ ကန်ဒေါ်လာ သုံးသန်းခွဲရှိ

ကမ္ဘာ့ဖလားယူ-၂၀ ပြိုင်ပွဲဝင်ခွင့်ရ မြန်မာယူ-၁၉ အ သင်းအတွက် ပြင်ဆင်ခဲ့သည့် ကုန်ကျစရိတ်မှာ ကန်ဒေါ်လာ သုံးသန်း ခွဲခန့်ရှိကြောင်း မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောသည်။ 
 ‘‘ဂျပန်နိုင်ငံဘောလုံးအဖွဲ့ ချုပ် ဒုဥက္ကဋ္ဌ မြန်မာပြည်လာပါတယ်။ ဒီအသင်း (မြန်မာယူ-၁၉)အတွက် ဘယ် လောက်ကုန်ကျ စရိတ်ရှိလဲလို့ မေးပါတယ်။ ဒီအသင်းအတွက် လေးနှစ်လောက် ပြင်ဆင်ခဲ့တဲ့ ကာလ အတွင်း ကန် ဒေါ်လာ သုံးသန်းခွဲလောက်ကုန် တယ်လို့ ပြန်ပြောလိုက်ပါတယ်။ သူက ပြောပါတယ်။ သုံးသန်းခွဲက အရေးမကြီးဘူး။ ငါတို့အသင်း ကမ္ဘာ့ဖလားဝင်ခွင့်ရမယ်ဆိုရင် သန်းသုံးဆယ်လည်း ပေးနိုင်တယ် လို့ သူက ပြောပါတယ်။ ပြောချင် တာက သန်းသုံးဆယ်၊ သုံးသန်း က အရေးမကြီးပါဘူး။ ညီညွတ် မှု၊ ကြိုးစားအားထုတ်မှုနဲ့ ရုန်းကန်မှုတို့က အရေးကြီးပါတယ်။ အား လုံးကြိုးစားခဲ့လို့ ကမ္ဘာ့ဖလားအ ဆင့်ပြိုင်ပွဲကို ၀င်ရောက်ခွင့်ရရှိခဲ့ တာ ဖြစ်ပါတယ်’’ဟု နိုဝင်ဘာ ၁ ရက်ညက ဆူးလေရှန်ဂရီလာဟို တယ်၌ ကျင်းပခဲ့သည့် မြန်မာယူ- ၁၉ အသင်းအား ဂုဏ်ပြုပွဲအခမ်း အနားတွင် ၎င်းက ပြောကြားခဲ့သည်။

အာရှယူ-၁၉ နောက်ဆုံးအ ဆင့်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ရာတွင် ကန်ဒေါ်လာ တစ်သန်း ခွဲကျော် ကုန်ကျခဲ့ကြောင်း၊ပြိုင်ပွဲကျင်းပရေးကော်မတီက  ကန်ဒေါ်လာရှစ်သိန်းပေးအပ်ခဲ့ပြီး လိုအပ်သည့် ကန်ဒေါ်လာ ခုနစ်သိန်းကျော်ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က စိုက်ထုတ်ခဲ့ကြောင်း၊ ပြိုင်ပွဲလက်ခံ ကျင်းပသည့် ကုန်ကျစရိတ်များအပါအ၀င် မြန်မာယူ-၁၉ အသင်း ဂျာမနီသို့ သွားရောက် လေ့ကျင့်မှု များနှင့် နိုင်ငံတကာပြိုင်ပွဲများသို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကုန်ကျစရိတ်စုစုပေါင်း ကန်ဒေါ်လာ သုံးသန်းခွဲ ၀န်း ကျင်ရှိကြောင်း   ဦးဇော်ဇော်က ပြောသည်။

အာရှယူ-၁၉ နောက်ဆုံးအ ဆင့်ပြိုင်ပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့်အတွက် မြန်မာအသင်း အနေဖြင့် ခြေစစ်ပွဲများယှဉ်ပြိုင်ခြင်းမပြုရဘဲ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။ ခြေစစ်ပွဲယှဉ်ပြိုင် ကစားရခြင်း မရှိသော်လည်း မြန်မာယူ-၁၉ အသင်းသည် နိုင်ငံတကာပြိုင်ပွဲများကို ဆက်တိုက်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ဂျာမနီနိုင်ငံတွင်လည်း လေ့ကျင့်မှုများသွားရောက်ပြုလုပ်ခဲ့သည်။

မြန်မာအသင်းသည် အာရှ ယူ-၁၉ ပြိုင်ပွဲတွင် အကြိုဗိုလ်လု ပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး ၂၀၁၅ ကမ္ဘာ့ ယူ-၂၀ ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။ မြန်မာ့ဘောလုံးသမိုင်းတစ် လျှောက် ပထမဆုံး အကြိမ် ကမ္ဘာ့ အဆင့်ပြိုင်ပွဲသို့ ၀င်ရောက်ခွင့်ရရှိ သည့် မှတ်တမ်းရေးထိုးနိုင်ခဲ့ သည်။ ယင်းအသင်းသည် ၂၀၁၄ ဘရူနိုင်းဘုရင့်ဖလားပြိုင်ပွဲတွင်လည်း ချန်ပီယံဆုရရှိခဲ့သည်။

7Day DAILY

No comments:

Post a Comment