Monday 3 November 2014

MyKyat အမည်ဖြင့် မိုဘိုင်းဖုန်းနှင့် ငွေကြေးဝန်ဆောင်မှု စတင်မည်

မိုဘိုင်းဖုန်းနှင့် ငွေကြေးဝန်ဆောင်မှုများ၊ လုပ်ငန်းများ ဆောင်ရွက်နိုင်မည့် MyKyat Mobile Money ၀န်ဆောင်မှုကို ပထမပုဂ္ဂလိကဘဏ်နှင့်ပူးပေါင်း၍ ၂၀၁၅ ဇန်န၀ါရီအတွင်း ပေးသွားမည်ဖြစ်ကြောင်း Frontier Technology Partners ကုမ္ပဏီမှ သတင်းရရှိသည်။


‘‘MyKyat ကို လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကစပြီးတော့ စမ်းသပ်ခဲ့တာ အခုဆို ၉၀ ရာခိုင်နှုန်းလောက် ပြီးသွားပါပြီ။ ၂၀၁၅ ဇန်န၀ါရီလအတွင်းမှာ ပြည်တွင်းက လူအားလုံးနဲ့ အဆင်ပြေမယ့် Eco System နဲ့ မိုဘိုင်းငွေပေးချေတဲ့ ၀န်ဆောင်မှုတွေကို ပေးသွားမှာ ဖြစ်ပါတယ်’’ ဟု Frontier Technology Partners ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Tim Scheffmann က ပြောသည်။

MyKyat Mobile Money ၀န်ဆောင်မှုအား သုံးစွဲမှုအပေါ်မူ တည်ပြီး လိုက်လျောညီထွေရှိမည့် ၀န်ဆောင်မှုပုံစံဖြင့် ပေးသွားမည်ဖြစ်ပြီး လယ်သမားများ၊ ကျောင်းသားများ၊ လူငယ် များ၊ အလုပ်သမားများ နှင့် လုပ်ငန်းရှင်များဟူ၍ သုံးစွဲသူပေါ်တွင် မူတည်ပြီး ၀န်ဆောင်မှုပုံစံများ ကွဲပြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘MyKyat က ကျေးလက်ဒေသက လူတွေကို အဓိကဦးတည်ပြီးတော့ လုပ်သွားပါမယ်။ လက်ရှိမှာ အေးဂျင့် တွေ ရှာနေ သလို၊ အော်ပရေတာတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့အ တွက် လုပ်နေပါတယ်’’ ဟု Tim Scheffmann ကပြောသည်။

MyKyat Mobile Money ၀န်ဆောင်မှုမှာ မိုဘိုင်းဖုန်းများ အချင်းချင်း ငွေလွှဲပေးပို့နိုင်ရုံမက ဈေးဝယ် ယူခြင်း၊ လစာငွေများလွှဲခြင်း၊ စားသောက်ကုန်များဝယ်ယူခြင်း၊ ဖျော်ဖြေရေးကိစ္စရပ်များအတွက် ငွေလွှဲခြင်း အစရှိသည့် ၀န်ဆောင်မှုများကိုလည်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပြည်တွင်း၌ မိုဘိုင်းငွေကြေးဝန်ဆောင်မှုကိုMyanmar Mobile Money က ၀န်ဆောင်မှုများ ပေးလျက်ရှိသည်။

7Day DAILY

No comments:

Post a Comment