Monday 3 November 2014

အဝလွန်သူကို အခမဲ့ ခွဲစိတ်ပေးဖို့ ဆရာဝန်တွေ တောင်းဆို

Photo: အဝလွန်သူကို အခမဲ့ ခွဲစိတ်ပေးဖို့ ဆရာဝန်တွေ တောင်းဆို
Monday, November 3, 2014

သြစတြေးလျနိုင်ငံက နာမည်ကြီး ခွဲစိတ်ရေး ဆရာဝန်နှစ်ဦးက အဝလွန်သူတွေ ပိန်သွားအောင် ခွဲစိတ်ကုသတဲ့ စရိတ်ကို အစိုးရက ကျခံပေးသင့်တယ်လို့ ပြောလိုက်ပါတယ်။

ပါမောက္ခ Michael Edye နဲ့ ဒေါက်တာ Michael Talbot တို့က အဝလွန်နေသူ တွေကို ခွဲစိတ်ပေးလိုက်တာက ရေရှည်မှာ အစိုးရအတွက် ပိုအကုန်အကျ သက်သာစေတယ်လို့ ဂျာနယ်တစ်ခုမှာ ရေးသား ဖော်ပြထားပါတယ်။

အဝလွန်သူတွေဟာ အဝလွန်ရောဂါသာမက ဝခြင်းနဲ့ ဆက်စပ်တဲ့ တခြားရောဂါ တွေပါ ခံစားရလေ့ရှိတဲ့အတွက် ရေရှည်မှာ အစိုးရအတွက် အကုန်အကျ များ တယ်လို့ ထောက်ပြပါတယ်။

ဒါကြောင့် အဝလွန်သူတွေကို ပိန်သွားအောင် ခွဲစိတ်လိုက်မယ်ဆိုရင် ခွဲစိတ် စရိတ်သာ ကုန်ပြီး ရေရှည်မှာတော့ အစိုးရအတွက် ကုန်ကျစရိတ် သက်သာ စေနိုင်တယ်လို့ ပြောပါတယ်။

သြစတြေးလျနိုင်ငံမှာ ရောဂါမှန်သမျှအတွက် ဆေးဝါးကုသခွင့် မခမဲ့ ပြုလုပ်ထားပေးပေမယ့် အဝလွန်သူတွေ ခွဲစိတ်ကုသမှု ခံယူတာတွေနဲ့ သွားပြုပြင်ရေးတွေကိုတော့ အလှအပအတွက်လို့ မြင်တဲ့အတွက် သွားနဲ့ အဝလွန်ခွဲစိတ်မှုတွေကိုတော့ အခမဲ့ လုပ်ဆောင်ပေးခြင်း မရှိပါဘူး။

ABC Radio Australia
သြစတြေးလျနိုင်ငံက ​နာမည်ကြီး ​ခွဲစိတ်ရေး ​ဆရာဝန်နှစ်ဦးက ​အဝလွန်သူတွေ ​ပိန်သွားအောင် ​ခွဲစိတ် ကုသတဲ့စရိတ်ကို ​အစိုးရက ​ကျခံပေးသင့်တယ်လို့ ​ပြောလိုက်ပါတယ်။

ပါမောက္ခ ​Michael ​Edye ​နဲ့ ​ဒေါက်တာ ​Michael ​Talbot ​တို့က ​အဝလွန်နေသူ တွေကို ​ခွဲစိတ်ပေးလိုက် တာက ​ရေရှည်မှာအစိုးရအတွက် ​ပိုအကုန်အကျ ​သက်သာစေတယ်လို့ ​ဂျာနယ်တစ်ခုမှာ ​ရေးသား ဖော်ပြ ထားပါတယ်။

အဝလွန်သူတွေဟာ ​အဝလွန်ရောဂါသာမက ​ဝခြင်းနဲ့ ​ဆက်စပ်တဲ့ ​တခြားရောဂါ တွေပါ ခံစားရလေ့ရှိတဲ့ အတွက် ​ရေရှည်မှာ ​အစိုးရအတွက် ​အကုန်အကျ ​များ တယ်လို့ ​ထောက်ပြပါတယ်။

ဒါကြောင့် ​အဝလွန်သူတွေကို ​ပိန်သွားအောင် ​ခွဲစိတ်လိုက်မယ်ဆိုရင် ​ခွဲစိတ် စရိတ်သာ ​ကုန်ပြီး ​ရေရှည်မှာ တော့ ​အစိုးရအတွက် ​ကုန်ကျစရိတ် ​သက်သာ စေနိုင်တယ်လို့ ​ပြောပါတယ်။

သြစတြေးလျနိုင်ငံမှာ ​ရောဂါမှန်သမျှအတွက် ​ဆေးဝါးကုသခွင့် ​မခမဲ့ပြုလုပ်ထားပေးပေမယ့် ​အဝလွန် သူတွေ ​ခွဲစိတ်ကုသမှု ​ခံယူတာတွေနဲ့ ​သွားပြုပြင်ရေးတွေကိုတော့ ​အလှအပအတွက်လို့ ​မြင်တဲ့အတွက် သွားနဲ့ ​အဝလွန်ခွဲစိတ်မှုတွေကိုတော့ ​အခမဲ့ ​လုပ်ဆောင်ပေးခြင်း ​မရှိပါဘူး။

ABC Radio Australia

No comments:

Post a Comment