Monday 3 November 2014

ရုပ်ရှင် အစည်းအရုံး ရွေးကောက် ပွဲတွင် ပါဝင် ရွေးချယ် ခံလို သူများ နိုဝင်ဘာ ၄ ရက်မှ စတင် လျှောက်ထား နိုင်

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ အမှုဆောင်သစ် ရွေးကောက်ပွဲကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပမည်ဖြစ်ရာအမှု ဆောင်အသစ်အဖြစ် ပါဝင်ရွေးချယ်လိုသူများ နိုဝင်ဘာ ၄ ရက်မှ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး သို့ လျှောက်ထား နိုင် ကြောင်းသိရသည်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ အမှုဆောင်အသစ် ရွေးချယ်ပွဲကို နှစ်နှစ်တစ်ကြိမ် ကျင်းပမည်ဖြစ် သော်လည်း မူလက ကျင်းပရမည့် ဧပြီလတွင် ကျင်းပနိုင်ခြင်းမရှိဘဲ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ မှသာ ပြောင်းရွှေ့ ကျင်းပနိုင် ခဲ့ခြင်းဖြစ်သည်။

''ရွေးကောက်ပွဲ ကြန့်ကြာတယ်ဆိုတာက မလုပ်ဘဲနေ နေတာမဟုတ်ပါဘူး။ လုပ်စရာ ရှိတာတွေကို တစ်ဆင့်ချင်းစီ လုပ် နေရလို့ပါ။ အခုလုပ်မယ့် ရွေးကောက်ပွဲကိုလည်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက် ပွဲ ဖြစ်အောင် ရွေးကောက်ပွဲ ကြီးကြပ်ရေး ကော်မရှင်ကို သေချာစွာဖွဲ့စည်းပြီး ဆောင်ရွက်နေပါတယ်'' ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ ပထမဆုံး အကြိမ် ရွေးကောက်ပွဲကို ၂ဝ၁၂ ခုနှစ် က ကျင်းပခဲ့ ပြီး ဥက္ကဋ္ဌအဖြစ် ဦးဇင်ဝိုင်းကို ရွေးချယ်တင်မြှောက်ခဲ့ခြင်း ဖြစ်ကာ ဦးဇင်ဝိုင်း၏ ကျန်းမာရေး အခြေအနေကြောင့် ဥက္ကဋ္ဌ သက်တမ်းတစ်နှစ်နှင့် နှစ်လအကြာတွင် အနားယူခဲ့ကြောင်း၊ ယင်းနောက် ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးလူမင်းက ဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ်မြောက် ကျင်းပမည့် ရွေး ကောက်ပွဲတွင် ပါဝင် ရွေးချယ် ခံလိုသူများသည် လျှောက်လွှာများကို ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၄ ရက်မှ ၁၈ ရက်အထိ မြန်မာ နိုင်ငံရုပ်ရှင် အစည်းအရုံး၌ ထုတ်ယူနိုင်ပြီး တင်ပြလာ သည့် လျှောက် လွှာ များကို သတ်မှတ် စည်းကမ်းချက်နှင့် ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးကာ ပါဝင်ရွေးချယ် ခံရသူများကို ထုတ်ပြန်ကြေညာ သွား မည်ဖြစ်ကြောင်း သိရသည်။

မင်းသော်တာလွင်
မြ၀တီ

No comments:

Post a Comment