Monday 3 November 2014

လင်မယားချင်း ရန်ဖြစ်ပြီး အ၀တ်များမီးရှို့ရာမှ မီးလောင်မှုဖြစ်

မုံရွာမြို့ရှိ ခရိုင်မြေစာရင်း ဦးစီးဌာနတွင်း နေထိုင်သောမြေ စာရင်း ဦးစီးအရာရှိလင်မယားချင်း စကားများ ရန်ဖြစ်ပြီး အ၀တ်အ စားများကို မီးရှို့ရာမှတစ်ဆင့်မီး လောင်မှုဖြစ်ပွားခဲ့သဖြင့် အမှုဖွင့် အရေးယူထား ကြောင်း သတင်းရရှိသည်။‘‘ဇနီးဖြစ်သူနဲ့စကားများ ရန်ဖြစ်ပြီး အ၀တ်စားတွေကို မီးရှို့ ခဲ့တာဖြစ်ပါတယ်။
မီးလောင်မှုကြောင့် နိုင်ငံပိုင်ပစ္စည်းတွေဆုံးရှုံး မှုမရှိသလို ပတ်ဝန်းကျင်ကို ကူး စက်လောင်ကျွမ်းတာတော့ မရှိပါဘူး။ လူလည်းထိခိုက်ဒဏ်ရာရရှိ မှုမရှိဘူး။ မီးရှို့မှုနဲ့ ပတ်သက်ပြီး တိုင်းမြေစာရင်းဦးစီးအရာရှိကို တော့ အမှုဖွင့်ဆောင်ရွက်နေပါတယ်’’ဟု မုံရွာမြို့ မြို့မရဲတပ်ဖွဲ့ စခန်းရဲအရာရှိတစ်ဦးကအတည်ပြု ပြော ကြားသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁ရက် ည ၁၀ နာရီခန့်တွင် မုံရွာမြို့ မြို့ သစ်ရပ်ကွက် စိန်ပန်းဝါလမ်းရှိ စစ်ကိုင်း တိုင်းဒေသကြီး မုံရွာခရိုင် မြေစာရင်းဦးစီးဌာနခြံဝင်းအတွင်းရှိ တိုင်းဒေသကြီးမြေစာရင်း ဦးစီးအရာရှိသည် ၎င်း၏ဇနီးဖြစ် သူနှင့် စကားများရန်ဖြစ်ရာမှ အ၀တ်အစားများကိုဂက်စ်မီးခြစ်နှင့် စက္ကူများအသုံးပြု၍ မီးရှို့ခဲ့ရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တိုင်းဒေသကြီး မြေစာရင်းဦးစီးအရာရှိကို အရေးယူပေးရန်သက်ဆိုင်ရာက တရားလိုပြုလုပ် တိုင်တန်းခဲ့သဖြင့် မုံရွာမြို့ မြို့မရဲတပ်ဖွဲ့စခန်း(ပ)အမှတ် ၄၀၈/၂၀၁၄၊ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၄၃/)အရ အမှုဖွင့် စစ်ဆေးဆောင် ရွက်လျက်ရှိသည်။

7Day DAILY

No comments:

Post a Comment