Monday 3 November 2014

ဝိုင်းစုခိုင်သိန်းရဲ့ အာဘွား Music Video ပရိသတ်တွေ ဘာမျှော်လင့်လဲ

Photo: ဝိုင်းစုခိုင်သိန်းရဲ့ အာဘွား Music Video ပရိသတ်တွေ ဘာမျှော်လင့်လဲ
Monday, November 3, 2014

လူငယ်ပရိသတ်တွေကြားထဲ လူကြိုက်များ ထင်ရှားတဲ့ အဆိုတော် ဝိုင်းစုခိုင်သိန်းက သူ့ရဲ့ အာဘွား သီချင်းအယ်လ်ဘမ်ရဲ့ Music Video ကို နိုဝင်ဘာ ၁ရက်နေ့က ဒဂုံစင်တာ ၂မှာ ဖြန့်ချိတဲ့ပွဲမှာ ပရိသတ်ကို ကိုယ်တိုင်ကိုယ်ကျ လက်မှတ်ထိုး ရောင်းချခဲ့ပါတယ်။

ဝိုင်းစုခိုင်သိန်းရဲ့ပထမဆုံး သီချင်းအယ်လ်ဘမ်ကတည်းက စတင်အားပေးခဲ့တဲ့ ပရိသတ် ကိုဝေယံက ဝိုင်းစုခိုင်သိန်းရဲ့အသံသေးသေးလေးကို သဘောကျသလို အခုထွက်တဲ့ Music Video မှာလည်း အသစ်အဆန်းတွေ တွေ့ရဖို့မျှော်လင့်ထား တယ်လို့ ပြောပါတယ်။

ကိုဝေယံလိုပဲ ဒီ Music Videoထဲမှာ အသစ်အဆန်းတွေကို မျှော်လင့်ထားသူက ရွှေပြည်သာကနေ တကူးတက လာအားပေးတဲ့ မချိုချိုလွင်ပါ။ အခုနောက်ပိုင်း မြန်မာဂီတလောကမှာ Music Video တွေ ဆန်းဆန်းလေးတွေ ရိုက်လာလို့ ဝိုင်းစုဆီက မျှော်လင့်စောင့်စားတာပါလို့ ဆိုပါတယ်။

အာဘွား သီချင်းအယ်လ်ဘမ်ကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်
စကားပြောခဲ့ပြီး အားပေးသလောက် သူကြိုးစားသွားမယ်လို့ ဝိုင်းစုခိုင်သိန်းက ပြောပါတယ်။ အခု Music Video ကို ဝယ်သူတွေကို One Lady Show လက်မှတ် အတွက် ကံစမ်းမဲတွေဖောက်ထားပေးပြီး မလာဖြစ်တဲ့သူတွေအတွက်လည်း စီးတီးမတ်ဆိုင်တွေမှာ ကံစမ်းနိုင်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ Show ကို လူတိုင်းကြည့်နိုင်အောင် ဈေးနှုန်းချိုသာဖို့ ကြိုးစားထားတယ်လို့ ဆိုပါတယ်။

လှိုင်မြို့နယ်ကနေ ဝိုင်းစုခိုင်သိန်းကို နေပူထဲ လာအားပေးတဲ့ စိုးလှိုင်ထွန်းက အဆိုတော်ရဲ့ အသံက ချိုချိုအေးအေးနဲ့ ကရုဏာသံပေါက်တဲ့အပြင် လူကလည်း ချစ်စရာကောင်းလို့ ကြိုက်တယ်လို့ ပြောပါတယ်။ နောက်တစ်ယောက် စုစုလှိုင်ကလည်း Music Video ထဲ ဘာတွေပါမလဲ ဦးဦးဖျားဖျားသိချင်လို့ လာအားပေးတယ်လို့ ဆိုပြန်ပါတယ်။

Kamayut Media
လူငယ်ပရိသတ်တွေကြားထဲ လူကြိုက်များ ထင်ရှားတဲ့ အဆိုတော် ဝိုင်းစုခိုင်သိန်းက သူ့ရဲ့ အာဘွား သီချင်းအယ်လ်ဘမ်ရဲ့ Music Video ကို နိုဝင်ဘာ ၁ရက်နေ့က ဒဂုံစင်တာ ၂မှာ ဖြန့်ချိတဲ့ပွဲမှာ ပရိသတ်ကို ကိုယ်တိုင်ကိုယ်ကျ လက်မှတ်ထိုး ရောင်းချခဲ့ပါတယ်။

ဝိုင်းစုခိုင်သိန်းရဲ့ပထမဆုံး သီချင်းအယ်လ်ဘမ်ကတည်းက စတင်အားပေးခဲ့တဲ့ ပရိသတ် ကိုဝေယံက ဝိုင်းစုခိုင်သိန်းရဲ့အသံသေးသေးလေးကို သဘောကျသလို အခုထွက်တဲ့ Music Video မှာလည်း အသစ်အဆန်းတွေ တွေ့ရဖို့မျှော်လင့်ထား တယ်လို့ ပြောပါတယ်။

ကိုဝေယံလိုပဲ ဒီ Music Videoထဲမှာ အသစ်အဆန်းတွေကို မျှော်လင့်ထားသူက ရွှေပြည်သာကနေ တကူးတက လာအားပေးတဲ့ မချိုချိုလွင်ပါ။ အခုနောက်ပိုင်း မြန်မာဂီတလောကမှာ Music Video တွေ ဆန်းဆန်းလေးတွေ ရိုက်လာလို့ ဝိုင်းစုဆီက မျှော်လင့်စောင့်စားတာပါလို့ ဆိုပါတယ်။

အာဘွား သီချင်းအယ်လ်ဘမ်ကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားပြောခဲ့ပြီး အားပေးသလောက် သူကြိုးစားသွားမယ်လို့ ဝိုင်းစုခိုင်သိန်းက ပြောပါတယ်။ အခု Music Video ကို ဝယ်သူ တွေကို One Lady Show လက်မှတ် အတွက် ကံစမ်းမဲတွေဖောက်ထားပေးပြီး မလာဖြစ်တဲ့သူတွေအတွက် လည်း စီးတီးမတ်ဆိုင်တွေမှာ ကံစမ်းနိုင်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ Show ကို လူတိုင်းကြည့်နိုင်အောင် ဈေးနှုန်းချိုသာဖို့ ကြိုးစားထားတယ်လို့ ဆိုပါတယ်။

လှိုင်မြို့နယ်ကနေ ဝိုင်းစုခိုင်သိန်းကို နေပူထဲ လာအားပေးတဲ့ စိုးလှိုင်ထွန်းက အဆိုတော်ရဲ့ အသံက ချိုချိုအေးအေးနဲ့ ကရုဏာသံပေါက်တဲ့အပြင် လူကလည်း ချစ်စရာကောင်းလို့ ကြိုက်တယ်လို့ ပြောပါတယ်။ နောက်တစ်ယောက် စုစုလှိုင်ကလည်း Music Video ထဲ ဘာတွေပါမလဲ ဦးဦးဖျားဖျားသိချင်လို့ လာအားပေး တယ်လို့ ဆိုပြန်ပါတယ်။

Kamayut Media

No comments:

Post a Comment