Monday 3 November 2014

လူနာများလာ၍ ပင်လုံဆေးရုံတွင် ဓာတ်ကင်စက် ထပ်တိုး

Photo: လူနာများလာ၍ ပင်လုံဆေးရုံတွင် ဓာတ်ကင်စက် ထပ်တိုး
Monday, November 3, 2014

မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဆေးရုံများအနက် ပထမဆုံး ကင်ဆာဓာတ်ကင်စက် တပ်ဆင်ထားသော ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်၊ ပင်လုံဆေးရုံကြီးတွင် ကင်ဆာလူနာဦးရေ များလာသောကြောင့် ဓာတ်ကင်စက်တစ်လုံးနှင့် အခြားကင်ဆာရောဂါကု ဆေးပစ္စည်းတို့ကို နိုဝင်ဘာလ ၁ ရက်က စတင် ထပ်တိုးတပ်ဆင်ထားကြောင်း ယင်းဆေးရုံမှ ဆေးဘက်ဆိုင်ရာ ဒါရိုက်တာ ဒေါက်တာဦးဝင်းမောင်က ပြောကြားသည်။

ပင်လုံဆေးရုံကြီးတွင် နေ့စဉ် ဓာတ်ကင်ပေးရသော ကင်ဆာလူနာ အယောက် ၅၀ နီးပါး ရှိပြီး အဆိုပါ စက်ကိရိယာများ တပ်ဆင်ပြီးပါက တစ်ရက်လျှင် ၇၀ ဦးထိ ဓာတ်ကင်ပေးနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဓာတ်ကင်စက် တပ်ဆင်ပြီး တစ်နှစ်နီးပါးအတွင်း လာရောက်ကုသသူ တစ်ထောင်ခန့်ရှိပြီ ဖြစ်ကြောင်း၊ အများဆုံး ဓာတ်ကင်သော ကင်ဆာရောဂါများမှာ ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ လည်ချောင်းကင်ဆာနှင့် နား၊ နှာခေါင်း ကင်ဆာတို့ ဖြစ်ကြောင်း ပင်လုံဆေးရုံရှိ ကင်ဆာအထူးကု ဆရာဝန်ကြီး ဒေါက်တာမင်းဒင်ထံမှ သိရှိရသည်။

“ကင်ဆာရောဂါ ပြန့်ပွားနေတဲ့ နေရာသိနိုင်တဲ့စက် (PET-CT) ကို ဒီနှစ်ကုန်မှာ ထပ်တပ်ဆင်ပြီး ကုသပေးဖို့ ရှိတယ်။ ကင်ဆာဖြစ်တဲ့အခါမှာ ဘယ်နေရာမှာ ပြန့်ပွားနေလဲ ဆိုတာလည်းသိဖို့ လိုတယ်လေ” ဟု ဒေါက်တာဦးဝင်းမောင်က ဆိုသည်။

ပင်လုံဆေးရုံတွင် ထပ်တိုးတပ်ဆင်မည့် စက်ပစ္စည်းများမှာ ဓာတ်ရောင်ခြည် ကုသစက် (Linear Acceleration)၊ သားအိမ်ခေါင်းကင်ဆာနှင့် ဆီးကျိတ်ကင်ဆာ ဓာတ်ရောင်ခြည်သွင်း ကုသစက် (Brachytherapy) တို့ဖြစ်ကြောင်း ပင်လုံဆေးရုံထံမှ သိရှိရသည်။

မြန်မာနိုင်ငံတွင် ကင်ဆာဝေဒနာရှင်များ အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီးနှင့် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတို့တွင် ဓာတ်ရောင်ခြည်ကုသစက်များ တပ်ဆင်ထားသည်။

The Voice Weekly
မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဆေးရုံများအနက် ပထမဆုံး ကင်ဆာဓာတ်ကင်စက် တပ်ဆင်ထားသော ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်၊ ပင်လုံဆေးရုံကြီးတွင် ကင်ဆာလူနာဦးရေ များလာသောကြောင့် ဓာတ်ကင်စက် တစ်လုံး နှင့် အခြားကင်ဆာရောဂါကု ဆေးပစ္စည်းတို့ကို နိုဝင်ဘာလ ၁ ရက်က စတင် ထပ်တိုးတပ်ဆင် ထားကြောင်း ယင်းဆေးရုံမှ ဆေးဘက်ဆိုင်ရာ ဒါရိုက်တာ ဒေါက်တာဦးဝင်းမောင်က ပြောကြားသည်။

ပင်လုံဆေးရုံကြီးတွင် နေ့စဉ် ဓာတ်ကင်ပေးရသော ကင်ဆာလူနာ အယောက် ၅၀ နီးပါး ရှိပြီး အဆိုပါ စက်ကိရိယာများ တပ်ဆင်ပြီးပါက တစ်ရက်လျှင် ၇၀ ဦးထိ ဓာတ်ကင်ပေးနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဓာတ်ကင်စက် တပ်ဆင်ပြီး တစ်နှစ်နီးပါးအတွင်း လာရောက်ကုသသူ တစ်ထောင်ခန့်ရှိပြီ ဖြစ်ကြောင်း၊ အများဆုံး ဓာတ်ကင်သော ကင်ဆာရောဂါများမှာ ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ လည်ချောင်း ကင်ဆာနှင့် နား၊ နှာခေါင်း ကင်ဆာတို့ ဖြစ်ကြောင်း ပင်လုံဆေးရုံရှိ ကင်ဆာအထူးကု ဆရာဝန်ကြီး ဒေါက်တာ မင်းဒင်ထံမှ သိရှိရသည်။

“ကင်ဆာရောဂါ ပြန့်ပွားနေတဲ့ နေရာသိနိုင်တဲ့စက် (PET-CT) ကို ဒီနှစ်ကုန်မှာ ထပ်တပ်ဆင်ပြီး ကုသ ပေးဖို့ ရှိတယ်။ ကင်ဆာဖြစ်တဲ့အခါမှာ ဘယ်နေရာမှာ ပြန့်ပွားနေလဲ ဆိုတာလည်းသိဖို့ လိုတယ်လေ” ဟု ဒေါက်တာ ဦးဝင်းမောင်က ဆိုသည်။

ပင်လုံဆေးရုံတွင် ထပ်တိုးတပ်ဆင်မည့် စက်ပစ္စည်းများမှာ ဓာတ်ရောင်ခြည် ကုသစက် (Linear Acceleration)၊ သားအိမ်ခေါင်းကင်ဆာနှင့် ဆီးကျိတ်ကင်ဆာ ဓာတ်ရောင်ခြည်သွင်း ကုသစက် (Brachytherapy) တို့ဖြစ်ကြောင်း ပင်လုံဆေးရုံထံမှ သိရှိရသည်။

မြန်မာနိုင်ငံတွင် ကင်ဆာဝေဒနာရှင်များ အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီးနှင့် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတို့တွင် ဓာတ်ရောင်ခြည်ကုသစက် များ တပ်ဆင်ထားသည်။

The Voice Weekly

No comments:

Post a Comment