Monday 3 November 2014

စင်ကာပူသုံး အဆင့်မြင့် စက်သုံးဆီ တင်သွင်းရန် စီစဉ်

Photo: စင်ကာပူသုံး အဆင့်မြင့် စက်သုံးဆီ တင်သွင်းရန် စီစဉ်
Monday, November 3, 2014

စင်ကာပူနိုင်ငံသုံး အဆင့်မြင့် စက်သုံးဆီများ သုံးစွဲနိုင်ရန်နှင့် စက်သုံးဆီ တင်သွင်းခြင်းနှင့် အရည်အသွေး ကန့်သတ်ချက်များကိုလည်း ပြင်ဆင်နိုင်ရန် စွမ်းအင်ဝန်ကြီးဌာနသို့ တင်ပြထားသည်ဟု မြန်မာနိုင်ငံ စက်သုံးဆီအသင်း အတွင်းရေးမှူးက ပြောသည်။

ဒေါက်တာဝင်းမြင့်က “တစ်ဂါလန် ၂၀ ကျပ်လောက် အရင်က လျော့သွားတာကနေ အခု ၂၀ ကျပ်လောက် တိုးသွားမှာပေါ့” ဟု မဇ္ဈိမကို ဖြေကြားသည်။

လက်ရှိမြန်မာနိုင်ငံတွင် သုံးစွဲလျက်ရှိသော ဓာတ်ဆီ၊ ဒီဇယ်များ အရည်အသွေး ညံ့ဖျင်းမှုကြောင့် ယာဉ်ပိုင် ရှင်များသည် ယာဉ်၏စက်ပိုင်းဆိုင်ရာ ပျက်စီးမှုများ ကြုံတွေ့နေရရာ ကုန်သွယ်ခြင်း အခက်အခဲနှင့် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များ ပိုမိုကျခံနေရခြင်းအတွက် ဖြေရှင်းနိုင်ရန် အဆင့်မြင့် စက်သုံးဆီများတင်သွင်း ရောင်းချရန် စီစဉ်နေသည်ဟု ဆိုသည်။

ထို့အပြင် ယခင်က မြန်မာနိုင်ငံသို့ တင်သွင်းသည့် စက်သုံးဆီအရည် အသွေးကန့်သတ်ချက်များသည် နှစ်ပေါင်းကြာခဲ့ပြီဖြစ်၍ စည်းကမ်းချက်များ ထပ်တိုးပြင်ဆင်သတ်မှတ်ရန်လည်း စွမ်းအင်ဝန်ကြီးဌာနသို့ တင်ပြ ထား ကြောင်းသိရသည်။ ယင်းသည် စင်ကာပူနိုင်ငံကဲ့သို့ အဆင့်မြင့်စက်သုံးဆီ သုံးစွဲနိုင်ရန် ရည်ရွယ်သည် ဟု ဒေါက်တာ ဝင်းမြင့် က ပြောသည်။

Mizzima - News in Burmese

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းတွင် ဖွင့်လှစ်ထားသည့် စက်သုံးဆီအရောင်း ဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းတွင် ဖွင့်လှစ်ထားသည့် စက်သုံးဆီအရောင်း ဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
စင်ကာပူနိုင်ငံသုံး အဆင့်မြင့် စက်သုံးဆီများ သုံးစွဲနိုင်ရန်နှင့် စက်သုံးဆီ တင်သွင်းခြင်းနှင့် အရည်အသွေး ကန့်သတ်ချက်များကိုလည်း ပြင်ဆင်နိုင်ရန် စွမ်းအင်ဝန်ကြီးဌာနသို့ တင်ပြထားသည်ဟု မြန်မာနိုင်ငံ စက်သုံးဆီ အသင်း အတွင်းရေးမှူးက ပြောသည်။

ဒေါက်တာဝင်းမြင့်က “တစ်ဂါလန် ၂၀ ကျပ်လောက် အရင်က လျော့သွားတာကနေ အခု ၂၀ ကျပ်လောက် တိုးသွားမှာပေါ့” ဟု မဇ္ဈိမကို ဖြေကြားသည်။

လက်ရှိမြန်မာနိုင်ငံတွင် သုံးစွဲလျက်ရှိသော ဓာတ်ဆီ၊ ဒီဇယ်များ အရည်အသွေး ညံ့ဖျင်းမှုကြောင့် ယာဉ်ပိုင် ရှင်များသည် ယာဉ်၏စက်ပိုင်းဆိုင်ရာပျက်စီးမှုများ ကြုံတွေ့နေရရာ ကုန်သွယ်ခြင်း အခက်အခဲနှင့် သယ်ယူ ပို့ဆောင်ရေး ကုန်ကျစရိတ်များ ပိုမိုကျခံနေရခြင်းအတွက် ဖြေရှင်းနိုင်ရန် အဆင့်မြင့် စက်သုံးဆီများ တင်သွင်း ရောင်းချရန် စီစဉ်နေသည်ဟု ဆိုသည်။

ထို့အပြင် ယခင်က မြန်မာနိုင်ငံသို့ တင်သွင်းသည့် စက်သုံးဆီအရည် အသွေးကန့်သတ်ချက်များသည် နှစ်ပေါင်းကြာခဲ့ပြီဖြစ်၍ စည်းကမ်းချက်များ ထပ်တိုးပြင်ဆင်သတ်မှတ်ရန်လည်း စွမ်းအင်ဝန်ကြီးဌာနသို့ တင်ပြထားကြောင်းသိရသည်။ ယင်းသည် စင်ကာပူနိုင်ငံကဲ့သို့ အဆင့်မြင့်စက်သုံးဆီ သုံးစွဲနိုင်ရန် ရည်ရွယ် သည် ဟု ဒေါက်တာ ဝင်းမြင့် က ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment