Monday 3 November 2014

ရန်ကုန်-ပုသိမ်လမ်းမကြီးပေါ်ရှိ တံတားတစ်စင်းကျိုး၊ ငါးမိုင်ခန့်အထိ လမ်းများပိတ်ဆို့၊ လမ်းလွှဲတစ်ခု အမြန်လုပ်ကာ လမ်းရှင်းပေးနေရ

Photo: ရန်ကုန်-ပုသိမ်လမ်းမကြီးပေါ်ရှိ တံတားတစ်စင်းကျိုး၊ ငါးမိုင်ခန့်အထိ လမ်းများပိတ်ဆို့၊ လမ်းလွှဲတစ်ခု အမြန်လုပ်ကာ လမ်းရှင်းပေးနေရ
Monday, November 3, 2014

ရန်ကုန်-ပုသိမ်လမ်းမကြီးတွင် တံတားတစ်စင်း ကျိုးပျက်မှုကြောင့် ငါးမိုင်ခန့်အထိ လမ်းပိတ်ဆို့မှုများဖြစ်ပေါ်နေသဖြင့် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးသို့သွားသည့် ကားများ ပုံမှန်ပြေးဆွဲသည်ထက် ထက်ဝက်ခန့် လျှော့ချခဲ့ရပြီး လမ်းလွှဲကိုပြုလုပ်ကာ သွားလာနေကြရကြောင်း သိရသည်။

အဆိုပါတံတားသည် ရန်ကုန် -ပုသိမ်လမ်းမကြီး၊ ပန်တိုင်ကျေးရွာ အနီးရှိ မိုင်တိုင်အမှတ် ၁၆ မိုင်၇ ဖာလုံတွင် တည်ရှိပြီး ကြံ့ခိုင်မှုအား နည်းခြင်းကြောင့် အောက်တိုဘာ ၁ရက်ည ၈နာရီခန့်တွင် တံတား အောက်ခြေယိုင်နဲ့မှုဖြစ်ပေါ်ကာ တံ တားမျက်နှာပြင်များ အက်ကွဲမှုဖြစ် ပေါ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတံတားပျက်စီးမှုကြောင့် ကားများမှာ စက်တင်ဘာ ၁ရက် ည ၈နာရီလောက်မှ စတင်ကာ သွားလာနိုင်ခြင်းမရှိတော့ ဘဲ နံနက် ၁ဝနာရီကျော်လောက်မှသာ လမ်း လွှဲ တစ်ခုပြုလုပ်ပြီးသွားလာကြရ ခြင်းဖြစ်ကြောင်း သိရသည်။

ကားလမ်းကြောင်း ပိတ်ဆို့မှုများ ကို ဖြေးရှင်းပေးနေသော ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ အကြီးတန်းရဲအရာရှိကြီး တစ်ဦးက''တံတားကမကောင်းတော့ ယာဉ်လိုင်းတွေက လမ်းတစ်လျှောက် လုံးပိတ်နေတာ။ ကျွန်တော်တို့ညက တည်းကရောက်ပြီး ဖြေရှင်းနေပါ တယ်။ တံတားကသွားလို့မရတော့ ဘေးကနေ လမ်းလွှဲလုပ်ပြီးဖြေရှင်း နေရတယ်။ နံနက်၁ဝနာရီလောက် ကစပြီး ကားတွေလွှတ်နေပါတယ်။ အများကြီးလွှတ်လို့တော့ မရသေးဘူး။ တစ်ဖက်ကိုဆယ်စီးစီ အလှည့်ကျ နဲ့လွှတ်နေရပါတယ်''ဟု ပြောသည်။

ယင်းဖြစ်စဉ်ကြောင့် ခရီးသွား များကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ရပြီး များစွာဒုက္ခရောက်ခဲ့ကြရကြောင်း ခရီးသွားများက ဆိုသည်။

မြောင်းမြမှရန်ကုန်သို့လာရောက် သည့်ခရီးသည်တစ်ဦးက''အညာကို သွားဖို့လက်မှတ်တွေဖြတ်ခိုင်းထား တာပါ။ အချိန်တွေအများကြီးကွာ ချိန်းထားတာပါ။ အခုတော့ကားလမ်း ကြောင်း ပိတ်ဆို့မှုဖြစ်တာနဲ့ပုံမှန် ထွက်တဲ့လေး နာရီကားချိန်က မမီ တော့ပါဘူး။ အဲ့ဒါကြောင့် အခြားအချိန် ကိုမနည်းတောင်းပန်ပြီး ချိန်းခိုင်းရပါ တယ်။ တခြားသူတွေကတော့ ယာဉ်ကြောပိတ်တာကို မစောင့်နိုင် ကြလို့ ဆိုင်ကယ် Taxi တွေငှားသွား ရတော့ ပိုက်ဆံတွေလဲ ပိုကုန်တာပေါ့'' ဟုပြောသည်။

ယင်းသို့လမ်းပိတ်ဆို့မှုကြောင့် ခရီးသည်တင်ယာဉ်အချို့သည် ရန် ကုန်-မအူပင်လမ်းခွဲမှတစ်ဆင့် ထွက် ခွာမှုများပြုလုပ်နေကြကြောင်း သိရ သည်။

ရန်ကုန်မှမြောင်းမြသို့ပြေးဆွဲ သည့်ကားသမားတစ်ဦးက''မြောင်း မြကနေ ရန်ကုန်ကို ပုံမှန်ကားကြာချိန် က ည ၉နာရီထွက်လျှင် နံနက် ငါးနာရီလောက်မှာ ရန်ကုန်ကားကွင်း ကိုရောက်ပေမယ့်အခုက ညနေ ၃ နာရီလောက်မှ ရောက်တယ်။ ကျွန် တော်တို့က အခြားယာဉ်လိုင်းတွေ လိုကားကရှိတာမဟုတ်ဘူး။ အခု ကျွန်တော်တို့ ကားရန်ကုန်ပြန်မရောက် တော့ လက်မှတ်တွေရောင်းထား ပြီးကမောက်ကမဖြစ်ကုန်ပြီ''ဟုပြော သည်။

ဒဂုံဧရာအဝေးပြေးရှိ မော်တော် ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်း ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦး က''ဒီကနေ ဧရာဝတီတိုင်းဒေသကြီး တစ်ခုလုံးကို နေ့စဉ်ပြေးဆွဲနေတာ ကားအစီး ၁၈ဝလောက်ရှိပါတယ်။ အခုတော့ ၈ဝလောက်ပဲ ရှိပါတယ်။ သူတို့က မပြေးဆွဲတော့ဘဲ ဟိုဘက်က ကားကို ဟိုဘက်မှာထားပြီး ဒီဘက် ကကားနဲ့ခရီးသည်ကို အပြောင်းအ ရွှေ့ပြုလုပ်ခဲ့ရပါတယ်''ဟုပြောသည်။

ရန်ကုန်တိုင်းဒေသကြီးမှ ဧရာ ဝတီတိုင်းဒေသကြီးသို့ပြေးဆွဲနေသော ယာဉ်လိုင်းပေါင်း ၈ဝ ကျော်ရှိ ကြောင်း သိရသသည်။

AA
Yangon Media Group
ရန်ကုန်-ပုသိမ်လမ်းမကြီးတွင် တံတားတစ်စင်း ကျိုးပျက်မှုကြောင့် ငါးမိုင်ခန့်အထိ လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်နေသဖြင့် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးသို့သွားသည့် ကားများ ပုံမှန်ပြေးဆွဲ သည် ထက် ထက်ဝက်ခန့် လျှော့ချခဲ့ရပြီး လမ်းလွှဲကိုပြုလုပ်ကာ သွားလာနေကြရကြောင်း သိရသည်။

အဆိုပါတံတားသည် ရန်ကုန် -ပုသိမ်လမ်းမကြီး၊ ပန်တိုင်ကျေးရွာ အနီးရှိ မိုင်တိုင်အမှတ် ၁၆ မိုင်၇ ဖာလုံ တွင် တည်ရှိပြီး ကြံ့ခိုင်မှုအား နည်းခြင်းကြောင့် အောက်တိုဘာ ၁ရက်ည ၈နာရီခန့်တွင် တံတား အောက်ခြေ ယိုင်နဲ့မှုဖြစ်ပေါ်ကာ တံ တားမျက်နှာပြင်များ အက်ကွဲမှုဖြစ် ပေါ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတံတားပျက်စီးမှုကြောင့် ကားများမှာ စက်တင်ဘာ ၁ရက် ည ၈နာရီလောက်မှ စတင်ကာ သွားလာ နိုင်ခြင်းမရှိတော့ ဘဲ နံနက် ၁ဝနာရီကျော်လောက်မှသာ လမ်းလွှဲတစ်ခုပြုလုပ်ပြီးသွားလာကြရ ခြင်းဖြစ် ကြောင်း သိရသည်။

ကားလမ်းကြောင်း ပိတ်ဆို့မှုများ ကို ဖြေးရှင်းပေးနေသော ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ အကြီးတန်းရဲအရာရှိကြီး တစ်ဦးက''တံတားကမကောင်းတော့ ယာဉ်လိုင်းတွေက လမ်းတစ်လျှောက် လုံးပိတ်နေတာ။ ကျွန်တော်တို့ ညက တည်းကရောက်ပြီး ဖြေရှင်းနေပါ တယ်။ တံတားကသွားလို့မရတော့ ဘေးကနေ လမ်းလွှဲလုပ်ပြီး ဖြေရှင်း နေရတယ်။ နံနက်၁ဝနာရီလောက် ကစပြီး ကားတွေလွှတ်နေပါတယ်။ အများကြီးလွှတ်လို့တော့ မရသေးဘူး။ တစ်ဖက်ကိုဆယ်စီးစီ အလှည့်ကျ နဲ့လွှတ်နေရပါတယ်''ဟု ပြောသည်။

ယင်းဖြစ်စဉ်ကြောင့် ခရီးသွား များကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ရပြီး များစွာဒုက္ခရောက်ခဲ့ကြရကြောင်း ခရီးသွား များက ဆိုသည်။

မြောင်းမြမှရန်ကုန်သို့လာရောက် သည့်ခရီးသည်တစ်ဦးက''အညာကို သွားဖို့လက်မှတ်တွေဖြတ်ခိုင်းထား တာပါ။ အချိန်တွေအများကြီးကွာ ချိန်းထားတာပါ။ အခုတော့ကားလမ်း ကြောင်း ပိတ်ဆို့မှုဖြစ်တာနဲ့ပုံမှန် ထွက်တဲ့လေး နာရီကားချိန်က မမီ တော့ပါဘူး။ အဲ့ဒါကြောင့် အခြားအချိန် ကိုမနည်းတောင်းပန်ပြီး ချိန်းခိုင်း ရပါတယ်။ တခြားသူတွေကတော့ ယာဉ်ကြောပိတ်တာကို မစောင့်နိုင် ကြလို့ ဆိုင်ကယ် Taxi တွေငှားသွား ရတော့ ပိုက်ဆံတွေလဲ ပိုကုန်တာပေါ့'' ဟုပြောသည်။

ယင်းသို့လမ်းပိတ်ဆို့မှုကြောင့် ခရီးသည်တင်ယာဉ်အချို့သည် ရန်ကုန်-မအူပင်လမ်းခွဲမှတစ်ဆင့် ထွက်ခွာ မှုများ ပြုလုပ်နေကြကြောင်း သိရ သည်။

ရန်ကုန်မှမြောင်းမြသို့ပြေးဆွဲ သည့်ကားသမားတစ်ဦးက''မြောင်း မြကနေ ရန်ကုန်ကို ပုံမှန်ကားကြာချိန် က ည ၉နာရီထွက်လျှင် နံနက် ငါးနာရီလောက်မှာ ရန်ကုန်ကားကွင်း ကိုရောက်ပေမယ့်အခုက ညနေ ၃ နာရီလောက်မှ ရောက်တယ်။ ကျွန် တော်တို့က အခြားယာဉ်လိုင်းတွေ လိုကားကရှိတာမဟုတ်ဘူး။ အခု ကျွန်တော်တို့ ကားရန်ကုန်ပြန်မရောက်တော့ လက်မှတ်တွေရောင်းထား ပြီးကမောက်ကမ ဖြစ်ကုန်ပြီ'' ဟုပြော သည်။

ဒဂုံဧရာအဝေးပြေးရှိ မော်တော် ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်း ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦး က '' ဒီကနေ ဧရာဝတီတိုင်းဒေသကြီး တစ်ခုလုံးကို နေ့စဉ်ပြေးဆွဲနေတာ ကားအစီး ၁၈ဝလောက်ရှိပါတယ်။ အခုတော့ ၈ဝလောက်ပဲ ရှိပါတယ်။ သူတို့က မပြေးဆွဲတော့ဘဲ ဟိုဘက်က ကားကို ဟိုဘက်မှာထားပြီး ဒီဘက် ကကားနဲ့ခရီးသည်ကို အပြောင်းအ ရွှေ့ပြုလုပ်ခဲ့ရပါတယ်''ဟုပြောသည်။

ရန်ကုန်တိုင်းဒေသကြီးမှ ဧရာဝတီတိုင်းဒေသကြီးသို့ပြေးဆွဲနေသော ယာဉ်လိုင်းပေါင်း ၈ဝ ကျော်ရှိ ကြောင်း သိရသသည်။

AA
Yangon Media Group

No comments:

Post a Comment