Monday 3 November 2014

ထားဝယ် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲအကြောင်း ရုပ်ရှင် ရိုက်ကူး

ထားဝယ်ရိုးရာနှစ်စဉ် ကျင်းပမြဲဖြစ်သော တန်ဆောင် တိုင် နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့် ပွဲတော်ကို နောက်ခံ ထား၍ ဗြဟ္မစိုရ်အမည်ဖြင့် ရိုက်ကူးမည့် ရုပ် ရှင်ဇာတ်ကားကန်တော့ပွဲပေးပွဲ ကို နိုဝင်ဘာ ၂ ရက်က ထားဝယ် မြို့ မြစိမ်းခန်းမတွင် ကျင်းပခဲ့ ကြောင်း သတင်းရရှိသည်။

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၏ ဖွံ့ဖြိုးတိုးတက်မှုများ၊ ဒေသအလှရှုခင်းများ၊ မောင်းမကန် ကမ်းခြေနှင့် သမိုင်းဝင် ရှင်ကိုးရှင်ဘုရားများနှင့် ထားဝယ်တန်ဆောင်တိုင်ဘုရားပွဲကို နောက်ခံထား၍ ဒါရိုက်တာမျိုးထူး ရိုက်ကူးပြီး မဉ္ဇူသင်းထုတ်လုပ်ရေးမှ ဆောင်ရွက်သွားမည်ဖြစ်သည်။

  အဆိုပါ ဇာတ်ကားတွင် ထပ်ဆင့် အကယ်ဒမီ နေအောင်၊ ထပ်ဆင့် အကယ်ဒမီ မို့မို့မြင့် အောင်၊ စိုးမိုးကြည်၊ ကိုဗိပ်၊ နိုင်း၊သံသာမိုးထက်အပါအ၀င် ဇာတ်ပို့ဇာတ်ရံများဖြင့် နိုဝင်ဘာ ၂ ရက်မှ၇ ရက်အတွင်း ထားဝယ်ဒေသအ တွင်းရှိ ဇာတ်ဝင်ခန်းများကို ရိုက် ကူးသွားမည်ဖြစ်ကြောင်း သိရှိရ သည်။

ယခင်က အဆိုပါ ဇာတ်ကားကို ဗိုက်အမည်ဖြင့် ရိုက်ကူးရန်စီစဉ်ခဲ့ပြီး ဒေသအတွင်းရှိ နာရေးကူညီမှု အဖွဲ့ များ၊ အရေးပေါ် အောက်ဆီဂျင် လှူဒါန်းရေးများ အပါအ၀င် ပရဟိတလုပ်ငန်းများ ဆောင်ရွက်နေမှုများ ကိုပါ ထည့် သွင်းရိုက်ကူးမည်ဖြစ်သောကြောင့် ဗြဟ္မစိုရ်အမည်ဖြင့် ရိုက်ကူးသွား မည်ဖြစ်ကြောင်း စီစဉ်သူ ကိုကြည်ဝေ (ထားဝယ်)က ပြောသည်။

 တန်ဆောင်မုန်းလပြည့်နေ့တွင် ပထမအကြိမ်ကျင်းပမည့် မြန်မာ-ထိုင်းချစ်ကြည် ရေး အထိမ်းအမှတ် ထားဝယ် တန်ဆောင်တိုင် အခမ်းအနားများ ထည့်သွင်း ရိုက်ကူးမည်ဖြစ်သည်။

ထားဝယ်ရိုးရာ နှစ်ကျိပ်ရှစ် ဆူလှည့်လည်ပွဲနှင့် ပတ်သက်၍ နှစ်တစ်ရာပြည့် အခမ်းအနားကို နောက်ခံ ထား၍ ဗီဒီယိုဇာတ်ကား ရိုက်ကူးထားပြီး ယခု (၁၀၅)နှစ် မြောက်တွင် ရုပ်ရှင်ဇာတ်ကားအ ဖြစ် ရိုက် ကူးခြင်းဖြစ် သည်။

7Day DAILY

No comments:

Post a Comment