Monday 3 November 2014

CDMA 800 MHz ၇၃ ဖုန်းများ ပြန်သိမ်းဖွယ်ရှိနေ ပြန်သိမ်းပါက နစ်နာမှုမရှိစေရန် ဆောင်ရွက်မည်ဟုဆို

Photo: CDMA 800 MHz ၇၃ ဖုန်းများ ပြန်သိမ်းဖွယ်ရှိနေ ပြန်သိမ်းပါက နစ်နာမှုမရှိစေရန် ဆောင်ရွက်မည်ဟုဆို
Monday, November 3, 2014

ပြောင်းလဲ လာသော နည်းပညာအပြောင်းအ လဲအရ ၇၃ ဖြင့်စသည့် စီဒီအမ်အေ မိုဘိုင်းဖုန်းများကို မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းက ပြန်လည်သိမ်းဆည်း သွားဖွယ်ရှိနေကြောင်း ဆက်သွယ်ရေး နှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

ဆက်သွယ်ရေးနက်ဝပ်ခ်ပိုင်း နှင့်ပတ်သက်၍ ကျွမ်းကျင်သည့် အင်ဂျင်နီယာတစ်ဦးက''နည်းပညာ ပိုင်းအရဆိုရင် ၇၃ ဖုန်းတွေက Upgrade လုပ်ဖို့ သိပ်အဆင်မပြေ တာမျိုးရှိတယ်၊ နောက်ပိုင်းနည်း ပညာမြင့်လာတာနဲ့အမျှ စနစ်တွေ က အားလုံးပြောင်းလဲသွားမှာပဲ၊ နိုင်ငံတကာသုံးနေတဲ့ ဂျီအက်စ်အမ် စနစ်ကိုပဲ သွားမှာဖြစ်တယ်'' ဟုပြော သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ ကျပ် ငါးသိန်းဖြင့် ရောင်းချခဲ့သည့် CDMA 800 MHz ဖုန်းများ လတ်တလောသိမ်းရန် အစီအစဉ် မရှိသေးဘဲ နည်းပညာတိုးမြှင့်မှုအရ ပြန်သိမ်းမည်ဆိုပါက ဝန်ကြီးဌာန အနေဖြင့် သုံးစွဲသူများနစ်နာမှု မရှိရန် ဆောင်ရွက်ပေးသွားမည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ဒီမိုကရေစီတူဒေးသတင်းစာသို့ ပြော သည်။

'Technology ပေါ်မူတည်ပြီး အော်ပရေတာက ရွေးချယ်သွားမှာ ပါ၊ လက်ရှိ ရှိတဲ့ဖုန်းကို ဒီနည်းပညာ မသုံးတော့ဘူးဆိုပြီး လုပ်လို့တော့မ ရဘူး၊ အဲဒီ့ဟာအတွက် ပြန်အစား ထိုးဖို့အတွက် လိုအပ်တယ်၊ မိုဘိုင်း ဖုန်းနည်းပညာတွေအရ ဥပမာ- 2G ကစကြတယ်၊ လူတွေလဲကြိုက် ကြတယ်၊ 3G ကိုစကြတယ်၊ 2G ကို ရုပ်သိမ်းမယ်ဆိုရင် အစားထိုးပေးရ မယ်'' ဟု ဒုတိယဝန်ကြီးဦးသောင်း တင်က ပြောသည်။
လက်ရှိတွင် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ ယင်းစီဒီအမ်အေ ဖုန်းများကို အင်တာနက်လျှောက် ထား၍ အသုံးပြုခွင့်ပေးထားခဲ့သော် လည်း နောက်ပိုင်းရောင်းချသည့် မို ဘိုင်းဖုန်းများကိုမူ အင်တာနက်လျှောက် ထားမှုရပ်ဆိုင်းထားခဲ့ကြောင်း သိရ သည်။

''၇၃ စီဒီအမ်အေဖုန်းတွေ သိမ်းမယ်ဆိုရင် Customer တွေ ကို အကြောင်းကြားရမယ်၊ မနစ်နာ အောင်ဆောင်ရွက်ပေးမှာပါ၊ တကယ် လို့နစ်နာခဲ့မယ်ဆိုရင် regulator က နေ ပြန်ကိုင်ပေးရမှာပေါ့''ဟု ဒုတိယ ဝန်ကြီးက ဆက်လက်ပြောသည်။

အဆိုပါ CDMA 800 MHz ဖုန်းများကို၂ဝ၁ဝ ပြည့်နှစ်နောက် ပိုင်းမှစတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး အလုံးရေ သောင်းဂဏန်းဝန်းကျင် ဖြန့်ဖြူးထားကြောင်း သိရသည်။

မိုဘိုင်းနှင့်ပတ်သက်၍ နည်းပညာ အဆင့်မြှင့်တင်မှုများပြုလုပ်ခဲ့ သည့်အတွက် ၉၉ ဖြင့်စသည့်ဆယ် လူလာဖုန်းများ၊ ၈ဝ ဖြင့်စသည့် စီဒီ အမ်အေဖုန်းများကို အစားထိုးလဲ လှယ်ပေးခဲ့သည်။

PPT
Yangon Media Group
ပြောင်းလဲ လာသော နည်းပညာအပြောင်းအ လဲအရ ၇၃ ဖြင့်စသည့် စီဒီအမ်အေ မိုဘိုင်းဖုန်းများကို မြန်မာ့ ဆက်သွယ် ရေးလုပ်ငန်းက ပြန်လည်သိမ်းဆည်း သွားဖွယ်ရှိနေကြောင်း ဆက်သွယ်ရေး နှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

ဆက်သွယ်ရေးနက်ဝပ်ခ်ပိုင်း နှင့်ပတ်သက်၍ ကျွမ်းကျင်သည့် အင်ဂျင်နီယာတစ်ဦးက''နည်းပညာ ပိုင်းအရ ဆိုရင် ၇၃ ဖုန်းတွေက Upgrade လုပ်ဖို့ သိပ်အဆင်မပြေ တာမျိုးရှိတယ်၊ နောက်ပိုင်းနည်း ပညာမြင့်လာ တာနဲ့အမျှ စနစ်တွေ က အားလုံးပြောင်းလဲသွားမှာပဲ၊ နိုင်ငံတကာသုံးနေတဲ့ ဂျီအက်စ်အမ် စနစ်ကိုပဲ သွားမှာဖြစ်တယ်'' ဟုပြော သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကျပ်ငါးသိန်းဖြင့် ရောင်းချခဲ့သည့် CDMA 800 MHz ဖုန်းများ လတ်တလောသိမ်းရန် အစီအစဉ်မရှိသေးဘဲ နည်းပညာတိုးမြှင့်မှုအရ ပြန်သိမ်းမည်ဆိုပါက ဝန်ကြီးဌာန အနေဖြင့် သုံးစွဲသူများနစ်နာမှု မရှိရန် ဆောင်ရွက်ပေးသွားမည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ဒီမိုကရေစီတူဒေးသတင်းစာသို့ ပြော သည်။

'Technology ပေါ်မူတည်ပြီး အော်ပရေတာက ရွေးချယ်သွားမှာ ပါ၊ လက်ရှိ ရှိတဲ့ဖုန်းကို ဒီနည်းပညာ မသုံးတော့ဘူးဆိုပြီး လုပ်လို့တော့မ ရဘူး၊ အဲဒီ့ဟာအတွက် ပြန်အစား ထိုးဖို့အတွက် လိုအပ်တယ်၊ မိုဘိုင်း ဖုန်းနည်းပညာတွေအရ ဥပမာ- 2G ကစကြတယ်၊ လူတွေလဲကြိုက် ကြတယ်၊ 3G ကိုစကြတယ်၊ 2G ကို ရုပ်သိမ်းမယ်ဆိုရင် အစားထိုးပေးရ မယ်'' ဟု ဒုတိယဝန်ကြီးဦးသောင်း တင်က ပြောသည်။ လက်ရှိတွင် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ ယင်းစီဒီအမ်အေ ဖုန်းများကို အင်တာနက်လျှောက်ထား၍ အသုံးပြုခွင့် ပေးထားခဲ့သော်လည်း နောက်ပိုင်းရောင်းချသည့် မိုဘိုင်းဖုန်းများကိုမူ အင်တာနက်လျှောက် ထားမှုရပ်ဆိုင်း ထားခဲ့ကြောင်းသိရသည်။

''၇၃ စီဒီအမ်အေဖုန်းတွေ သိမ်းမယ်ဆိုရင် Customer တွေကို အကြောင်းကြားရမယ်၊ မနစ်နာ အောင် ဆောင်ရွက်ပေးမှာပါ၊ တကယ် လို့နစ်နာခဲ့မယ်ဆိုရင် regulator က နေ ပြန်ကိုင်ပေးရမှာပေါ့''ဟု ဒုတိယ ဝန်ကြီးက ဆက်လက်ပြောသည်။

အဆိုပါ CDMA 800 MHz ဖုန်းများကို၂ဝ၁ဝ ပြည့်နှစ်နောက် ပိုင်းမှစတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး အလုံးရေ သောင်းဂဏန်းဝန်းကျင် ဖြန့်ဖြူးထားကြောင်း သိရသည်။

မိုဘိုင်းနှင့်ပတ်သက်၍ နည်းပညာ အဆင့်မြှင့်တင်မှုများပြုလုပ်ခဲ့ သည့်အတွက် ၉၉ ဖြင့်စသည့်ဆယ် လူလာဖုန်းများ၊ ၈ဝ ဖြင့်စသည့် စီဒီ အမ်အေဖုန်းများကို အစားထိုးလဲ လှယ်ပေးခဲ့သည်။

PPT
Yangon Media Group

No comments:

Post a Comment