Monday 3 November 2014

ပြည်ပမော်တော်ယာဉ်တင်သွင်းမှု အပါအ၀င် ဒေါ်လာကိုးဘီလျံကျော်တန်ဖိုးရှိ သွင်းကုန်ပစ္စည်းများ တင်သွင်းခဲ့ပြီး ယခင်နှစ်တင်သွင်းမှုထက် ဒေါ်လာနှစ်ဘီလျံကျော် မြင့်တက်နေ

Photo: ပြည်ပမော်တော်ယာဉ်တင်သွင်းမှု အပါအ၀င် ဒေါ်လာကိုးဘီလျံကျော်တန်ဖိုးရှိ သွင်းကုန်ပစ္စည်းများ တင်သွင်းခဲ့ပြီး ယခင်နှစ်တင်သွင်းမှုထက် ဒေါ်လာနှစ်ဘီလျံကျော် မြင့်တက်နေ
Monday, November 3, 2014

ပြည်ပမှ မော်တော်ယာဉ်တင်သွင်းမှု အပါအ၀င် ဒေါ်လာကိုးဘီလျံကျော် တန်ဖိုးရှိ သွင်းကုန်ပစ္စည်းများ တင်သွင်းခဲ့ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူတင်သွင်းမှုထက် ဒေါ်လာနှစ်ဘီလျံကျော် မြင့်တက်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၂၄ ရက်အထိ မော်တော်ယာဉ်တင်သွင်းမှု အပါအ၀င် သွင်းကုန်ပစ္စည်းတင်သွင်းမှု တန်ဖိုးမှာ ဒေါ်လာ ၉၂၉၅ ဒသမ ၆၈၁ သန်းရှိခဲ့ကြောင်း သိရသည်။

ယခင်ဘဏ္ဍာနှစ် အလားတူကာလတွင်မူ ပြည်ပမှ သွင်းကုန်ပစ္စည်း တင်သွင်းမှုတန်ဖိုးမှာ ဒေါ်လာ ၇၀၈၅ ဒသမ ၃၆၂ သန်းရှိခဲ့သဖြင့် လက်ရှိဘဏ္ဍာနှစ်အတွင်း သွင်းကုန်တင်သွင်းမှုမှာ ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၂၂၁၀ ဒသမ ၃၁၉ သန်း ပိုမိုခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများကို နှစ်စဉ်တင်သွင်းနေရကြောင်း သိရသည်။

အဆိုပါ သွင်းကုန်အမျိုးအစား သုံးမျိုးအနက် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများမှာ တင်သွင်းမှုများပြားခဲ့ကြောင်း သိရသည်။

လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း တင်သွင်းမှုတွင် ဂျုံစေ့၊ ဂျုံမှုန့်၊ ရေနံထွက်ပစ္စည်း၊ လုပ်ငန်းသုံးသီးနှံဆီများ၊ ဓာတုဗေဒပစ္စည်းများ၊ ဓာတ်ဆေးဆိုးဆေးများ၊ သုတ်ဆေးပေါလစ်များ၊ ဓာတ်မြေသြဇာများ၊ ပလတ်စတစ် ကုန်ကြမ်းပစ္စည်းများ၊ သားရေ၊ ရော်ဘာကုန်ကြမ်းပစ္စည်းများ၊ သတင်းစာစက္ကူများ၊ ပုံနှိပ်စက္ကူများ၊ ကုန်ထုတ်စက္ကူများ၊ စီးကရက်စက္ကူများ၊ အခြားစက္ကူများ၊ ဓာတုဗေဒချည်ခင်များ၊ အခြားချည်ခင်များ၊ သံနှင့်သံမဏိပစ္စည်းများ၊ သတ္တုကုန်ကြမ်းပစ္စည်းများ၊ သွပ်ပြား၊ တာယာနှင့် ကျွတ်များပါဝင်ကြောင်း သိရသည်။

အဆိုပါ ကာလအတွင်း ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများဖြစ်သည့် ဘိလပ်မြေ၊ ငါးဖမ်းပိုက်ကွန်များ၊ မီးရထားနှင့် မီးရထားပစ္စည်းများ၊ လေယာဉ်နှင့် လေယာဉ်ပစ္စည်းများ၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ၊ သင်္ဘောနှင့် သင်္ဘောပစ္စည်းများ၊ လယ်ထွန်စက်များ၊ လယ်ယာသုံးနောက်တွဲယာဉ်နှင့် အခြားယာဉ်များ၊ တယ်လီဖုန်းနှင့် ဆက်သွယ်ရေးပစ္စည်းကိရိယာများ၊ ရုပ်မြင်သံကြားစက်များ၊ ကွန်ပျူတာ၊ ကွန်ပျူတာနှင့် သက်ဆိုင်သောပစ္စည်း၊ လေအေးစက်များ၊ အင်ဂျင်များ၊ စက်နှင့်စက်ပစ္စည်းများ၊ သတ္တုကုန်ချော ဆောက်လုပ်ရေးပစ္စည်းများ တင်သွင်းခဲ့ခြင်းဖြစ်ကြာင်းလည်း သိရသည်။

Eleven Media Group 

ပြည်ပမှတင်သွင်းလာသည့် မော်တော်ယာဉ်များအား သီလ၀ါဆိပ်ကမ်း၌ တွေ့ရစဉ်
ပြည်ပမှတင်သွင်းလာသည့် မော်တော်ယာဉ်များအား သီလ၀ါဆိပ်ကမ်း၌ တွေ့ရစဉ်
ပြည်ပမှ မော်တော်ယာဉ်တင်သွင်းမှု အပါအ၀င် ဒေါ်လာကိုးဘီလျံကျော်တန်ဖိုးရှိ သွင်းကုန်ပစ္စည်းများ တင်သွင်းခဲ့ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူတင်သွင်းမှုထက် ဒေါ်လာနှစ်ဘီလျံကျော် မြင့်တက်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၂၄ ရက်အထိ မော်တော်ယာဉ်တင်သွင်းမှု အပါအ၀င် သွင်းကုန်ပစ္စည်းတင်သွင်းမှု တန်ဖိုးမှာ ဒေါ်လာ ၉၂၉၅ ဒသမ ၆၈၁ သန်းရှိခဲ့ကြောင်း သိရသည်။

ယခင်ဘဏ္ဍာနှစ် အလားတူကာလတွင်မူ ပြည်ပမှ သွင်းကုန်ပစ္စည်း တင်သွင်းမှုတန်ဖိုးမှာ ဒေါ်လာ ၇၀၈၅ ဒသမ ၃၆၂ သန်းရှိခဲ့သဖြင့် လက်ရှိဘဏ္ဍာနှစ်အတွင်း သွင်းကုန်တင်သွင်းမှုမှာ ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၂၂၁၀ ဒသမ ၃၁၉ သန်း ပိုမိုခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများကို နှစ်စဉ်တင်သွင်းနေရကြောင်း သိရသည်။

အဆိုပါ သွင်းကုန်အမျိုးအစား သုံးမျိုးအနက် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း များမှာ တင်သွင်းမှုများပြားခဲ့ကြောင်း သိရသည်။

လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း တင်သွင်းမှုတွင် ဂျုံစေ့၊ ဂျုံမှုန့်၊ ရေနံထွက်ပစ္စည်း၊ လုပ်ငန်းသုံးသီးနှံဆီများ၊ ဓာတုဗေဒပစ္စည်းများ၊ ဓာတ်ဆေးဆိုးဆေးများ၊ သုတ်ဆေးပေါလစ်များ၊ ဓာတ်မြေသြဇာများ၊ ပလတ်စတစ် ကုန်ကြမ်းပစ္စည်းများ၊ သားရေ၊ ရော်ဘာကုန်ကြမ်းပစ္စည်းများ၊ သတင်းစာစက္ကူများ၊ ပုံနှိပ်စက္ကူများ၊ ကုန်ထုတ်စက္ကူများ၊ စီးကရက်စက္ကူများ၊ အခြားစက္ကူများ၊ ဓာတုဗေဒချည်ခင်များ၊ အခြားချည်ခင်များ၊ သံနှင့်သံမဏိပစ္စည်းများ၊ သတ္တုကုန်ကြမ်းပစ္စည်းများ၊ သွပ်ပြား၊ တာယာနှင့် ကျွတ်များပါဝင်ကြောင်း သိရသည်။

အဆိုပါ ကာလအတွင်း ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများဖြစ်သည့် ဘိလပ်မြေ၊ ငါးဖမ်းပိုက်ကွန်များ၊ မီးရထား နှင့် မီးရထားပစ္စည်းများ၊ လေယာဉ်နှင့် လေယာဉ်ပစ္စည်းများ၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ် ပစ္စည်းများ၊ သင်္ဘောနှင့် သင်္ဘောပစ္စည်းများ၊ လယ်ထွန်စက်များ၊ လယ်ယာသုံးနောက်တွဲယာဉ်နှင့် အခြားယာဉ်များ၊ တယ်လီဖုန်းနှင့် ဆက်သွယ်ရေးပစ္စည်းကိရိယာများ၊ ရုပ်မြင်သံကြားစက်များ၊ ကွန်ပျူတာ၊ ကွန်ပျူတာနှင့် သက်ဆိုင်သောပစ္စည်း၊ လေအေးစက်များ၊ အင်ဂျင်များ၊ စက်နှင့်စက်ပစ္စည်းများ၊ သတ္တုကုန်ချော ဆောက်လုပ်ရေးပစ္စည်းများ တင်သွင်းခဲ့ခြင်းဖြစ်ကြာင်းလည်း သိရသည်။

Eleven Media Group

No comments:

Post a Comment