Thursday 11 December 2014

နယ်စပ်ဒေသများမှတစ်ဆင့် တရားမ၀င်ကုန်သွယ်မှုများရှိနေခြင်းကြောင့် အိမ်နီးချင်းနိုင်ငံများ၌ဖြစ်ပွားနေသည့် ကြက်ငှက်တုပ်ကွေးရောဂါများ ပြည်တွင်းသို့ကူးစက်နိုင်ခြေရှိ

Photo: နယ်စပ်ဒေသများမှတစ်ဆင့် တရားမ၀င်ကုန်သွယ်မှုများရှိနေခြင်းကြောင့် အိမ်နီးချင်းနိုင်ငံများ၌ဖြစ်ပွားနေသည့် ကြက်ငှက်တုပ်ကွေးရောဂါများ ပြည်တွင်းသို့ကူးစက်နိုင်ခြေရှိ
Thursday, December 11, 2014

မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့တွင် ကြက်ငှက်တုပ်ကွေးရောဂါမျိုးစိတ်သစ်များဖြစ်ပွားနေပြီး ယင်းရောဂါမျိုးစိတ်သစ်များသည် နယ်စပ်ဒေသများမှ တရားမ၀င်ကုန်သွယ်မှုများကြောင့် ပြည်တွင်းသို့ဝင်ရောက်လာနိုင်မှုများရှိနေကြောင်း သိရသည်။
 
ယင်းကဲ့သို့ဝင်ရောက်နေခြင်းမှာလည်း မြန်မာနိုင်ငံဘက်မှ ကြက်၊ ဘဲဝယ်လိုအားများရှိနေခြင်းကြောင့်ဖြစ်ပြီး နယ်စပ်တွင်နေထိုင်သူအများစုမှာလည်း ဈေးနှုန်းပိုမိုသက်သာသည့် အိမ်နီးချင်းနိုင်ငံဘက်မှရောင်းချသည့် ကြက်နှင့်ကြက်ထွက်ပစ္စည်းများကိုသာ စားသုံးမှုပိုမိုများပြားကြောင်း သိရသည်။
 
ဒီဇင်ဘာ ၄ ရက်ကထုတ်ပြန်ချက်များအရ အိန္ဒိယနိုင်ငံ၌ ကြက်ငှက်တုပ်ကွေးရောဂါမျိုးစိတ် H5N1 ဖြစ်ပွားမှုများရှိလာပြီးအဓိကဖြစ်ပွားရသည့်အကြောင်းအရင်းနှင့် မည်သည့်နေရာမှကူးစက်လာသည်ဆိုသည့်အကြောင်းအရင်းကိုမူ ရှာဖွေစူးစမ်းနေဆဲဖြစ်သော်လည်း တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ဆရာဝန်များ၏ပြောကြားချက်အရ ငှက်ရိုင်းများမှတစ်ဆင့် ကူးစက်လာနိုင်ခြင်းဖြစ်သည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
 
"အိန္ဒိယနိုင်ငံမှာဖြစ်နေတဲ့ ကြက်ငှက်တုပ်ကွေးက ငှက်ရိုင်းမျိုးစိတ်တွေမှာတွေ့ရတယ်လို့ခန့်မှန်းထားတော့ အဲဒီငှက်မျိုးစိတ်တွေက မြန်မာနိုင်ငံမှာလည်းရှိတယ်။ အဲဒီဆောင်းခိုငှက်တို့၊ ငှက်ရိုင်းတို့လိုဟာမျိုးတွေက မြန်မာနိုင်ငံကိုလည်းရောက်ရှိလာနိုင်တယ်ပေါ့။ ဒါ့အပြင်နယ်စပ်ကနေလည်း တရားမ၀င်ကုန်သွယ်မှုတွေရှိနေတယ်။ အဲဒါကလည်း နယ်စပ်မှာနေတဲ့သူတွေက ပြည်ပကလာတဲ့ ကြက်သားတွေ၊ ကြက်ဥတွေက ဈေးနှုန်းပိုသက်သာတော့ နယ်စပ်တွေကနေကူးစက်မှုတွေ ရှိလာနိုင်ပါတယ်။ တရုတ်နယ်စပ်မှာဆိုရင်လည်း အဲဒီလိုပါပဲ။ တရုတ်မှာက H7N9 ဖြစ်နေပြီးတော့ အိန္ဒိယမှာက H5N1 ဖြစ်နေပြီဆိုတော့ မြန်မာနိုင်ငံကမဖြစ်ဘူးဆိုတာကလည်း စဉ်းစားစရာဖြစ်နေတယ်။ လက်ရှိမြန်မာနိုင်ငံမှာမကူးစက်သေးတာက ရောဂါသဘာဝအရကြည့်မယ်ဆိုရင်ရောဂါအဟောင်းက အမြစ်မပြတ်သေးတဲ့အတွက် မျိုးစိတ်အသစ်တွေက ဒီဘက်ကိုရောက်မလာနိုင်သေးတာလား။ ဒါမှမဟုတ် မွေးမြူရေးသမားတွေက ရောဂါဖြစ်ရင် ကြက်ခြံရှင်းခံရမှာစိုးလို့ သတင်းမပို့ရင်းကနေ ဒီရောဂါနဲ့ပတ်သက်ပြီး ဘာမှမသိရတာလားတော့ စဉ်းစားစရာပါပဲ" ဟု ကြက်ငှက်တုပ်ကွေးရောဂါများနှင့်ပတ်သက်၍ စူးစမ်းလေ့လာမှုများပြုလုပ်နေသည့် တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာပညာရှင်တစ်ဦးကဆိုသည်။
 
လူသို့ကူးစက်နိုင်သည့် ကြက်ငှက်တုပ်ကွေးရောဂါသည် ကြက်မွေးမြူရေးခြံများအတွင်းသို့ ရောဂါပိုးကိုသယ်ဆောင်ထားသည့် ဆောင်းခိုငှက်များ၊ ငှက်ရိုင်းများ၊ မွေးမြူထားသည့် ကြက်၊ ဘဲ၊ မန်ဒါလီ၊ ကြက်ဥ၊ ကြက်သားစသည်၊ ကြက်စာ၊ ကြက်ခြင်း၊ ဆေးထိုးပြွန်စသည်၊ ကြက်ကုန်သည်၊ ပွဲစား၊ ခြံအလုပ်သမား၊ တိရစ္ဆာန်ဆေးကုဆရာဝန်စသည်တို့မှတစ်ဆင့် ရောဂါဝင်ရောက်မှုများရှိနိုင်ကြောင်းလည်း သိရသည်။
 
"မြန်မာနိုင်ငံမှာကအရင်ကတော့ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ခဲ့ဖူးပေမယ့် လက်ရှိမှာတော့ ပုံမှန်မဟုတ်တဲ့သေဆုံးမှုမျိုးတွေမတွေ့ရဘူး။ ၂၀၁၃ ခုနှစ်တုန်းကတရုတ်မှာဖြစ်ပွားခဲ့တဲ့ H7N9 နဲ့ပတ်သက်ပြီး စူးစမ်းလေ့လာမှုတွေပြုလုပ်ချက်အရ ကြက်ငှက်ကုပ်ကွေး နမူနာပစ္စည်းတွေထဲက Influrenza Type A ကိုအများအပြားတွေ့ရှိခဲ့ရတယ်။ ဒုတိယအဆင့်အနေနဲ့ ကြက်ငှက်တုပ်ကွေးမျိုးစိတ်ကို စစ်ဆေးကြည့်တဲ့အခါမှာ ကိုယ်ခံအားဖြစ်တဲ့ (Antibody) ကိုတွေ့ရှိခဲ့ရပေမယ့် N အမျိုးအစားမှာတော့ ပြင်းထန်တဲ့ရောဂါသတ်မှတ်နိုင်တဲ့ပုံစံမျိုးမတွေ့ခဲ့ရတဲ့အတွက် H7N9 ကိုမတွေ့ရဘူး" ဟုမွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ သုတေသနဌာနနှင့် ရောဂါထိန်းချုပ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်နိုင်ဦးကဆိုသည်။
     
လက်ရှိတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ယခင်ကဖြစ်ခဲ့သည့် H5N1 နှင့် လက်ရှိတရုတ်တွင်ဖြစ်ပွားနေသည့် H7N9 ရောဂါထိန်းချုပ်ရေးနှင့်ပတ်သက်သည့် စီမံချက်ရေးဆွဲမှုများပြုလုပ်နေပြီး နယ်စပ်ဒေသများရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနများအနေဖြင့် ရောဂါကူးစက်မှုမရှိစေရန် ဇီဝလုံခြုံရေးဆိုင်ရာလုပ်ငန်းများကိုဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
 
မြန်မာနိုင်ငံတွင် ကြက်ငှက်တုပ်ကွေးရောဂါအမျိုးအစားတစ်ခုဖြစ်သည့် H5N1 သည် ၂၀၀၆ ခုနှစ်မှစတင်ကာဖြစ်ပွားခဲ့ပြီး ဖြစ်ပွားကြိမ်ပေါင်းခုနစ်ကြိမ်ရှိခဲ့ကြောင်းနှင့် နောက်ဆုံးအကြိမ်အဖြစ် ၂၀၁၂ ခုနှစ်တွင်ဖြစ်ပွားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နှင့် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့များတွင်ဖြစ်ပွားခဲ့သည်ဟု မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှထုတ်ပြန်ထားပြီး ၂၀၁၃ ခုနှစ်နှင့် ယခုနှစ်အတွင်မူ မည်သည့်ထုတ်ပြန်မှုမျိုးမှမရှိခဲ့ကြောင်းနှင့် မွေးမြူရေးပညာရှင်များနှင့် လုပ်ငန်းရှင်များ၏ပြောကြားချက်အရ မြန်မာနိုင်ငံရှိ ကြက်မွေးမြူရေးဇုန်အချို့ရှိ ကြက်ခြံများတွင် ပုံမှန်မဟုတ်သည့်ကြက်သေဆုံးမှုများရှိခဲ့သည်ဟု သိရသည်။
 
ထို့ပြင် ၂၀၁၄ ခုနှစ်အတွင်း သြစတြေးလျ၊ ကနေဒါ၊ ဂျာမနီ၊ မက္ကဆီကို၊ ရုရှား၊ နယ်သာလန်၊ ယူကေ၊ တရုတ်၊ လစ်ဗျား၊ ဂျပန်၊ တောင်ကိုးရီးယား၊ ကမ္ဘာဒီးယား၊ လာအို၊ ဗီယက်နမ်၊ နီပေါနှင့် အိန္ဒိယနိုင်ငံများတွင် H5N1, H7N9, H5N6,  H5N8 စသည့်ကြက်ငှက်တုပ်ကွေးရောဂါမျိုးစိတ်များဖြစ်ပွားခဲ့ကြောင်း ဒီဇင်ဘာ ၉ ရက်က ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့၏ထုတ်ပြန်ချက်များအရ သိရသည်။

Eleven Media Group 

တရုတ်-မြန်မာနယ်စပ်တစ်နေရာတွင် တရုတ်ဘက်မှ ၀ယ်ယူရောင်းချနေသည့် ကြက်သားများဝယ်ယူနေသူတစ်ဦးအား တွေ့ရစဉ်
တရုတ်-မြန်မာနယ်စပ်တစ်နေရာတွင် တရုတ်ဘက်မှ ၀ယ်ယူရောင်းချနေသည့် ကြက်သားများ ၀ယ်ယူ နေသူ တစ်ဦးအား တွေ့ရစဉ်
မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့တွင် ကြက်ငှက်တုပ်ကွေးရောဂါ မျိုးစိတ်သစ်များဖြစ်ပွားနေပြီး ယင်းရောဂါမျိုးစိတ်သစ်များသည် နယ်စပ်ဒေသများမှ တရားမ၀င် ကုန်သွယ်မှုများကြောင့် ပြည်တွင်းသို့ဝင်ရောက်လာနိုင်မှုများရှိနေကြောင်း သိရသည်။

ယင်းကဲ့သို့ဝင်ရောက်နေခြင်းမှာလည်း မြန်မာနိုင်ငံဘက်မှ ကြက်၊ ဘဲဝယ်လိုအားများရှိနေခြင်း ကြောင့် ဖြစ်ပြီး နယ်စပ်တွင်နေထိုင်သူအများစုမှာလည်း ဈေးနှုန်းပိုမိုသက်သာသည့် အိမ်နီးချင်းနိုင်ငံဘက်မှ ရောင်းချ သည့် ကြက်နှင့်ကြက်ထွက်ပစ္စည်းများကိုသာ စားသုံးမှုပိုမိုများပြားကြောင်း သိရသည်။

ဒီဇင်ဘာ ၄ ရက်ကထုတ်ပြန်ချက်များအရ အိန္ဒိယနိုင်ငံ၌ ကြက်ငှက်တုပ်ကွေးရောဂါမျိုးစိတ် H5N1 ဖြစ်ပွားမှုများရှိလာပြီးအဓိကဖြစ်ပွားရသည့်အကြောင်းအရင်းနှင့် မည်သည့်နေရာမှကူးစက်လာသည် ဆိုသည့် အကြောင်းအရင်းကိုမူ ရှာဖွေစူးစမ်းနေဆဲဖြစ်သော်လည်း တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင် ဆရာဝန်များ၏ပြောကြားချက်အရ ငှက်ရိုင်းများမှတစ်ဆင့် ကူးစက်လာနိုင်ခြင်းဖြစ်သည်ဟု ခန့်မှန်းထား ကြောင်း သိရသည်။

"အိန္ဒိယနိုင်ငံမှာဖြစ်နေတဲ့ ကြက်ငှက်တုပ်ကွေးက ငှက်ရိုင်းမျိုးစိတ်တွေမှာတွေ့ရတယ်လို့ခန့်မှန်းထားတော့ အဲဒီငှက်မျိုးစိတ်တွေက မြန်မာနိုင်ငံမှာလည်းရှိတယ်။ အဲဒီဆောင်းခိုငှက်တို့၊ ငှက်ရိုင်းတို့လိုဟာမျိုးတွေက မြန်မာနိုင်ငံကိုလည်းရောက်ရှိလာနိုင်တယ်ပေါ့။ ဒါ့အပြင်နယ်စပ်ကနေလည်း တရားမ၀င်ကုန်သွယ်မှုတွေ ရှိနေတယ်။ အဲဒါကလည်း နယ်စပ်မှာနေတဲ့သူတွေက ပြည်ပကလာတဲ့ ကြက်သားတွေ၊ ကြက်ဥတွေက ဈေးနှုန်းပိုသက်သာတော့ နယ်စပ်တွေကနေကူးစက်မှုတွေ ရှိလာနိုင်ပါတယ်။ တရုတ်နယ်စပ်မှာ ဆိုရင် လည်း အဲဒီလိုပါပဲ။ တရုတ်မှာက H7N9 ဖြစ်နေပြီးတော့ အိန္ဒိယမှာက H5N1 ဖြစ်နေပြီဆိုတော့ မြန်မာနိုင်ငံကမဖြစ်ဘူးဆိုတာကလည်း စဉ်းစားစရာဖြစ်နေတယ်။ လက်ရှိမြန်မာနိုင်ငံမှာမကူးစက် သေးတာက ရောဂါသဘာဝအရကြည့်မယ်ဆိုရင်ရောဂါအဟောင်းက အမြစ်မပြတ်သေးတဲ့အတွက် မျိုးစိတ် အသစ်တွေက ဒီဘက်ကိုရောက်မလာနိုင်သေးတာလား။ ဒါမှမဟုတ် မွေးမြူရေးသမားတွေက ရောဂါဖြစ်ရင် ကြက်ခြံရှင်းခံရမှာစိုးလို့ သတင်းမပို့ရင်းကနေ ဒီရောဂါနဲ့ပတ်သက်ပြီး ဘာမှမသိရတာလားတော့ စဉ်းစားစရာပါပဲ" ဟု ကြက်ငှက်တုပ်ကွေးရောဂါများနှင့်ပတ်သက်၍ စူးစမ်းလေ့လာမှုများပြုလုပ်နေသည့် တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာပညာရှင်တစ်ဦးကဆိုသည်။

လူသို့ကူးစက်နိုင်သည့် ကြက်ငှက်တုပ်ကွေးရောဂါသည် ကြက်မွေးမြူရေးခြံများအတွင်းသို့ ရောဂါပိုးကို သယ်ဆောင်ထားသည့် ဆောင်းခိုငှက်များ၊ ငှက်ရိုင်းများ၊ မွေးမြူထားသည့် ကြက်၊ ဘဲ၊ မန်ဒါလီ၊ ကြက်ဥ၊ ကြက်သားစသည်၊ ကြက်စာ၊ ကြက်ခြင်း၊ ဆေးထိုးပြွန်စသည်၊ ကြက်ကုန်သည်၊ ပွဲစား၊ ခြံအလုပ်သမား၊ တိရစ္ဆာန်ဆေးကုဆရာဝန်စသည်တို့မှတစ်ဆင့် ရောဂါဝင်ရောက်မှုများရှိနိုင်ကြောင်းလည်း သိရသည်။

"မြန်မာနိုင်ငံမှာကအရင်ကတော့ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ခဲ့ဖူးပေမယ့် လက်ရှိမှာတော့ ပုံမှန်မဟုတ်တဲ့သေဆုံးမှုမျိုးတွေမတွေ့ရဘူး။ ၂၀၁၃ ခုနှစ်တုန်းကတရုတ်မှာဖြစ်ပွားခဲ့တဲ့ H7N9 နဲ့ပတ်သက်ပြီး စူးစမ်းလေ့လာမှုတွေပြုလုပ်ချက်အရ ကြက်ငှက်ကုပ်ကွေး နမူနာပစ္စည်းတွေထဲက Influrenza Type A ကိုအများအပြားတွေ့ရှိခဲ့ရတယ်။ ဒုတိယအဆင့်အနေနဲ့ ကြက်ငှက်တုပ်ကွေးမျိုးစိတ်ကို စစ်ဆေးကြည့်တဲ့အခါမှာ ကိုယ်ခံအားဖြစ်တဲ့ (Antibody) ကိုတွေ့ရှိခဲ့ရပေမယ့် N အမျိုးအစားမှာတော့ ပြင်းထန်တဲ့ရောဂါသတ်မှတ်နိုင်တဲ့ပုံစံမျိုးမတွေ့ခဲ့ရတဲ့အတွက် H7N9 ကိုမတွေ့ရဘူး" ဟုမွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ သုတေသနဌာနနှင့် ရောဂါထိန်းချုပ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်နိုင်ဦး က ဆိုသည်။
     
လက်ရှိတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ယခင်ကဖြစ်ခဲ့သည့် H5N1 နှင့် လက်ရှိတရုတ်တွင် ဖြစ်ပွားနေသည့် H7N9 ရောဂါထိန်းချုပ်ရေးနှင့်ပတ်သက်သည့် စီမံချက်ရေးဆွဲမှုများပြုလုပ်နေပြီး နယ်စပ် ဒေသများရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနများအနေဖြင့် ရောဂါကူးစက်မှုမရှိစေရန် ဇီဝလုံခြုံရေးဆိုင်ရာ လုပ်ငန်းများကိုဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကြက်ငှက်တုပ်ကွေးရောဂါအမျိုးအစားတစ်ခုဖြစ်သည့် H5N1 သည် ၂၀၀၆ ခုနှစ်မှ စတင်ကာ ဖြစ်ပွား ခဲ့ပြီး ဖြစ်ပွားကြိမ်ပေါင်းခုနစ်ကြိမ်ရှိခဲ့ကြောင်းနှင့် နောက်ဆုံးအကြိမ်အဖြစ် ၂၀၁၂ ခုနှစ်တွင်ဖြစ်ပွားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နှင့် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့များတွင် ဖြစ်ပွားခဲ့သည်ဟု မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှထုတ်ပြန်ထားပြီး ၂၀၁၃ ခုနှစ်နှင့် ယခုနှစ်အတွင်မူ မည်သည့်ထုတ်ပြန်မှုမျိုးမှမရှိခဲ့ကြောင်းနှင့် မွေးမြူရေးပညာရှင်များနှင့် လုပ်ငန်းရှင်များ၏ပြောကြားချက် အရ မြန်မာနိုင်ငံရှိ ကြက်မွေးမြူရေးဇုန်အချို့ရှိ ကြက်ခြံများတွင် ပုံမှန်မဟုတ်သည့်ကြက်သေဆုံးမှုများ ရှိခဲ့သည်ဟု သိရသည်။

ထို့ပြင် ၂၀၁၄ ခုနှစ်အတွင်း သြစတြေးလျ၊ ကနေဒါ၊ ဂျာမနီ၊ မက္ကဆီကို၊ ရုရှား၊ နယ်သာလန်၊ ယူကေ၊ တရုတ်၊ လစ်ဗျား၊ ဂျပန်၊ တောင်ကိုးရီးယား၊ ကမ္ဘာဒီးယား၊ လာအို၊ ဗီယက်နမ်၊ နီပေါနှင့် အိန္ဒိယနိုင်ငံများတွင် H5N1, H7N9, H5N6,  H5N8 စသည့်ကြက်ငှက်တုပ်ကွေးရောဂါ မျိုးစိတ်များဖြစ် ပွားခဲ့ကြောင်း ဒီဇင်ဘာ ၉ ရက်က ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့၏ထုတ်ပြန်ချက်များအရ သိရသည်။

Eleven Media Group 

No comments:

Post a Comment