Thursday 11 December 2014

စီအိုင်အေ၏ စစ်ကြောရေး နည်းလမ်းများ ရက်စက် ကြမ်းကြုတ်ကာ ထိရောက်မှု မရှိဟု အမေရိကန် အထက်လွှတ်တော် အစီရင်ခံစာ ဖော်ပြ အကြမ်းဖက် တိုက်ခိုက်မှုများ မဖြစ်ပွားအောင် ကာကွယ်နိုင်ခဲ့ဟု စီအိုင်အေ ညွှန်မှူး ပြန်လည် ချေပ

Photo: စီအိုင်အေ၏ စစ်ကြောရေး နည်းလမ်းများ ရက်စက် ကြမ်းကြုတ်ကာ ထိရောက်မှု မရှိဟု အမေရိကန် အထက်လွှတ်တော် အစီရင်ခံစာ ဖော်ပြ 

အကြမ်းဖက် တိုက်ခိုက်မှုများ မဖြစ်ပွားအောင် ကာကွယ်နိုင်ခဲ့ဟု စီအိုင်အေ ညွှန်မှူး ပြန်လည် ချေပ
Thursday, December 11, 2014

အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (စီအိုင်အေ) သည် အယ်လ်ခိုင်းဒါး အဖွဲ့ဝင်ဟု ယူဆရသူများအား စစ်ကြောမေးမြန်းခဲ့ရာတွင်၊ မူလက ဝန်ခံထားခဲ့သည်ထက် များစွာပို၍ ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများကို အသုံးပြုခဲ့ကြောင်း နှင့် ထိုသို့ နှိပ်စက် ညှဉ်းပန်းခြင်း က အသုံးဝင်သော သတင်းအချက်အလက်များ ထွက်ပေါ်လာစေခြင်းမျိုးလည်း မရှိခဲ့ကြောင်း ဒီဇင်ဘာလ ၉ရက်နေ့က ထုတ်ပြန်ခဲ့သော  အမေရိကန် အထက်လွှတ်တော် အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။

အကြမ်းဖက်တိုက်ခိုက်မှုများအား ဟန့်တားနိုင်ရေး ကြိုးပမ်းရာတွင် နှိပ်စက်ညှဉ်းပန်းသော နည်းလမ်းများသုံးကာ စစ်ကြောမေးမြန်းခြင်းက ထိရောက်မှုရှိကြောင်း အိမ်ဖြူတော် နှင့် လွှတ်တော်တို့က ထင်မြင်ယူဆလာစေရန် အတွက်လည်း ဗဟိုထောက်လှမ်းရေး အေဂျင်စီ က အိမ်ဖြူတော် နှင့် လွှတ်တော်ကို လှည့်စားခဲ့ကြောင်း အထက်လွှတ်တော် စုံစမ်းဖော်ထုတ်ရေး ကော်မတီက ထုတ်ပြန်ခဲ့သော အစီရင်ခံစာ ထဲတွင် ဖော်ပြထားသည်။ ချုပ်နှောင်ထားသော အကျဉ်းသားအား ရေနစ်သကဲ့သို့ ခံစားရအောင် သူ၏ မျက်နှာပေါ်သို့ ရေများလောင်းချ ၍ နှိပ်စက်ညှဉ်းပန်းသောနည်း (waterboarding) အပါအဝင် စစ်ကြောရေး နည်းလမ်းများနှင့် ပတ်သတ်၍ အချေအတင် ဆွေးနွေးငြင်းခုန်မှု များမှာ ယခု အစီရင်ခံစာကြောင့် ပြန်လည်အသက်ဝင်လာခဲ့သည်။

စာမျက်နှာ ၅၀၀ ခန့် ပါရှိသော အကျဉ်းချုပ်အစီရင်ခံစာ ထဲတွင် ဖော်ပြ ထားသော အချို့ စစ်ကြောရေးနည်းလမ်းများမှာ ရက်စက်ကြမ်းကြုတ် လှကြောင်း သမ္မတ အိုဘားမားကလည်း ဝန်ခံခဲ့သည်။ “ ၉/၁၁ (စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှု) အပြီးမှာ ကျွန်တော်တို့ ဘေးကင်း လုံခြုံရေးအတွက် အပြင်းအထန် အလုပ်လုပ်ခဲ့တဲ့ လူစုတွေ အများကြီး ရှိပါတယ်။ ဘေးအန္တရာယ် ကြီးမားလှတဲ့ အခြေအနေ၊ ဘာတွေ ဖြစ်လာမယ်မှန်း မသိလို့ ပြည်သူတွေ မရေမရာ ခံစားနေရတဲ့ အချိန်မျိုးမှာ အလုပ်လုပ်ခဲ့ကြ သူတွေ ရှိပါတယ်” ဟု Telemundo ရုပ်သံသတင်းဌာန နှင့် အင်တာဗျူးထဲတွင် သမ္မတ အိုဘားမားက ပြောကြားခဲ့သည်။ “ဒါပေမဲ့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ဖြစ်တည် မှုတွေ၊ ကျွန်တော်တို့ရဲ့ တန်ဖိုးထားမှုတွေနဲ့ ဆန့်ကျင်တဲ့ ခြေလှမ်းတစ်ချို့ကို လှမ်းခဲ့ကြတယ်ဆိုတဲ့ အချက်ကလည်း တကယ်ဟုတ်ပါတယ်” ဟု အိုဘားမားက ဆိုသည်။

အစီရင်ခံစာထဲတွင် ပါရှိသော တွေ့ရှိချက် တစ်ခုက ဆိုသည်မှာ စီအိုင်အေ ဝန်ထမ်းတစ်ဦးသည် အကျဉ်းသား တစ်ဦးကို ခြိမ်းခြောက်ရန် အတွက် "Russian Roulette" ကစားနည်း (ခြောက်လုံးပြူးဆုံလည်ထဲတွင် ကျည်ဆံတစ်တောင့်ထည့်ကာ နားထင်ကိုတေ့၍ ကစားရခြင်းဖြစ်ပြီး ကံမကောင်းပါက တကယ်သေသွားနိုင်သော ကစားနည်းတစ်မျိုး) ကိုလည်း အသုံးပြုခဲ့ကာ၊ စစ်ကြောရေး နည်းလမ်း မကျွမ်းကျင်သော အခြား စီအိုင်အေ ဝန်ထမ်းတစ်ဦးကလည်း အကျဉ်းသားတစ်ဦးအား လျှပ်စစ် လွန်ဖောက်စက် တစ်ခုဖြင့် ခြိမ်းခြောက် ခဲ့သည်။ ထို့ပြင် “rectal feeding” နှင့် “rectal rehydration” နည်းများကို မလိုအပ်ဘဲ အသုံးပြု၍လည်း အကျဉ်းသားများကို အရှက်ခွဲ နှိပ် စက်ခဲ့ကြသည်။ အကျဉ်းသားတစ်ဦးမှာ ချုပ်နှောင်ခံထားရစဉ်တွင် ကိုယ်အပူချိန် အလွန်အမင်းကျဆင်းကာ သေဆုံးသွားခဲ့ရပြီး အချို့ အကျဉ်းသား များမှာ နှိပ်စက်ခံရမှုကြောင့် ခြေလက်များ ကျိုးကုန်ခဲ့ကြသည်။

စီအိုင်အေ ညွန်ကြားရေးမှူး ဂျွန်ဘရန်းနန်း က မူ၊ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ အယ်လ်ခိုင်းဒါး အကြမ်းဖက်တိုက်ခိုက်မှုများ အပြီးတွင် သမ္မတ ဂျော့ဒဗလူဘွတ်ရှ်လက်ထက်၌ စတင်ကျင့်သုံးခဲ့သော၊ စီအိုင်အေ၏ ရက်စက်သော စစ်ကြောရေး နည်းလမ်းများနှင့် ပတ်သတ်၍ ကာကွယ်ပြောကြားခဲ့သည်။

ထို ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများကို အသုံးပြုရာတွင် အမှားအယွင်းများ ရှိခဲ့သော်လည်း၊ အကြမ်းဖက်တိုက်ခိုက်မှုများ မဖြစ် ပွါးအောင် ကြိုတင်ကာကွယ်ရာတွင် အသုံးဝင်မည့် သတင်းအချက်အလက်များကို ထိုနည်းလမ်းများကြောင့် ရရှိခဲ့ကာ အကြမ်းဖက်သမား များကို ဖမ်းဆီးနိုင်ခဲ့ပြီး လူ့အသက်များကိုလည်း ကယ်တင်နိုင်ခဲ့ကြောင်း သူက ချေပ ပြောဆိုခဲ့သည်။

အမေရိကန် စီအိုင်အေက နှိပ်စက်ညှဉ်းပန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိသဖြင့် လက်စားချေ တိုက်ခိုက်မှုများ ဖြစ်ပွါးလာမည်ကို စိုးရိမ်သဖြင့် ကမ္ဘာ့နိုင်ငံများရှိ အမေရိကန် သံရုံးများအား လုံခြုံရေး တိုးမြှင့်ထားရန် သတိပေးတပ်လှန့်ထားသည်။ အစီရင်ခံစာအား ဖြန့်ချိထုတ်ဝေနိုင်ရေး အတွက် အထက်လွှတ်တော်အမတ် ဒိုင်ယန်ဖိုင်းစတိုင်း (Dianne Feinstein) က ဆက်လက်ကြိုးပမ်းနေလျက် ရှိသော်လည်း နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ ကမူ ထိုအစီရင်ခံစာပါ အချက်များကြောင့် ကမ္ဘာအဝှမ်းတွင် ဒေါသထွက်အုံကြွမှုများ ဖြစ်လာနိုင်ကြောင်း သတိပေးထား သည်။

 “တချို့လူစုတွေကို ကျွန်တော်တို့ နှိပ်စက်ခဲ့ပါတယ်” ဟု သမ္မတ အိုဘားမားက သြဂုတ်လအတွင်းက ဝန်ခံပြောကြားခဲ့ပြီးနောက်၊ အယ်လ်ခိုင်းဒါးနှင့် ဆက်နွယ်ကြောင်း မသင်္ကာဖွယ်ဖြစ်သူများအပေါ် စီအိုင်အေက အသုံးပြုခဲ့သော စစ်ကြောရေးနည်းလမ်းများအကြောင်း အသေးစိတ် အစီရင်ခံစာ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

Ref: AFP
Mizzima - News in Burmese
အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (စီအိုင်အေ) သည် အယ်လ်ခိုင်းဒါး အဖွဲ့ဝင်ဟု ယူဆရသူများ အား စစ်ကြောမေးမြန်းခဲ့ရာတွင်၊ မူလက ဝန်ခံထားခဲ့သည်ထက် များစွာပို၍ ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများကို အသုံးပြုခဲ့ကြောင်းနှင့် ထိုသို့ နှိပ်စက် ညှဉ်းပန်းခြင်းက အသုံးဝင်သော သတင်းအချက် အလက်များ ထွက်ပေါ်လာစေခြင်းမျိုးလည်း မရှိခဲ့ကြောင်း ဒီဇင်ဘာလ ၉ရက်နေ့က ထုတ်ပြန်ခဲ့သော  အမေရိကန် အထက်လွှတ်တော် အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။

အကြမ်းဖက်တိုက်ခိုက်မှုများအား ဟန့်တားနိုင်ရေး ကြိုးပမ်းရာတွင် နှိပ်စက်ညှဉ်းပန်းသော နည်းလမ်းများ သုံးကာ စစ်ကြောမေးမြန်းခြင်းက ထိရောက်မှုရှိကြောင်း အိမ်ဖြူတော် နှင့် လွှတ်တော်တို့က ထင်မြင်ယူဆ လာစေရန် အတွက်လည်း ဗဟိုထောက်လှမ်းရေး အေဂျင်စီက အိမ်ဖြူတော်နှင့် လွှတ်တော်ကို လှည့်စား ခဲ့ကြောင်း အထက်လွှတ်တော် စုံစမ်းဖော်ထုတ်ရေး ကော်မတီက ထုတ်ပြန်ခဲ့သော အစီရင်ခံစာ ထဲတွင် ဖော်ပြ ထားသည်။ ချုပ်နှောင်ထားသော အကျဉ်းသားအား ရေနစ်သကဲ့သို့ ခံစားရအောင် သူ၏ မျက်နှာ ပေါ်သို့ ရေများလောင်းချ၍ နှိပ်စက်ညှဉ်းပန်းသောနည်း (waterboarding) အပါအဝင် စစ်ကြောရေး နည်းလမ်းများနှင့် ပတ်သတ်၍ အချေအတင် ဆွေးနွေးငြင်းခုန်မှုများမှာ ယခုအစီရင်ခံစာကြောင့် ပြန်လည် အသက်ဝင်လာခဲ့သည်။

စာမျက်နှာ ၅၀၀ ခန့် ပါရှိသော အကျဉ်းချုပ်အစီရင်ခံစာ ထဲတွင် ဖော်ပြ ထားသော အချို့ စစ်ကြောရေး နည်းလမ်းများမှာ ရက်စက်ကြမ်းကြုတ် လှကြောင်း သမ္မတ အိုဘားမားကလည်း ဝန်ခံခဲ့သည်။ “ ၉/၁၁ (စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှု) အပြီးမှာ ကျွန်တော်တို့ ဘေးကင်း လုံခြုံရေးအတွက် အပြင်းအထန် အလုပ်လုပ်ခဲ့တဲ့ လူစုတွေ အများကြီး ရှိပါတယ်။ ဘေးအန္တရာယ် ကြီးမားလှတဲ့ အခြေအနေ၊ ဘာတွေ ဖြစ်လာမယ်မှန်း မသိလို့ ပြည်သူတွေ မရေမရာ ခံစားနေရတဲ့ အချိန်မျိုးမှာ အလုပ်လုပ်ခဲ့ကြ သူတွေ ရှိပါတယ်” ဟု Telemundo ရုပ်သံသတင်းဌာန နှင့် အင်တာဗျူးထဲတွင် သမ္မတ အိုဘားမားက ပြောကြား ခဲ့သည်။ “ဒါပေမဲ့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ဖြစ်တည် မှုတွေ၊ ကျွန်တော်တို့ရဲ့ တန်ဖိုးထားမှုတွေနဲ့ ဆန့်ကျင်တဲ့ ခြေလှမ်းတစ်ချို့ကို လှမ်းခဲ့ကြတယ်ဆိုတဲ့ အချက်ကလည်း တကယ်ဟုတ်ပါတယ်” ဟု အိုဘားမားက ဆိုသည်။

အစီရင်ခံစာထဲတွင် ပါရှိသော တွေ့ရှိချက် တစ်ခုက ဆိုသည်မှာ စီအိုင်အေ ဝန်ထမ်းတစ်ဦးသည် အကျဉ်း သား တစ်ဦးကို ခြိမ်းခြောက်ရန် အတွက် "Russian Roulette" ကစားနည်း (ခြောက်လုံးပြူးဆုံလည်ထဲတွင် ကျည်ဆံတစ်တောင့်ထည့်ကာ နားထင်ကိုတေ့၍ ကစားရခြင်းဖြစ်ပြီး ကံမကောင်းပါက တကယ်သေသွားနိုင်သော ကစားနည်းတစ်မျိုး) ကိုလည်း အသုံးပြုခဲ့ကာ၊ စစ်ကြောရေး နည်းလမ်း မကျွမ်းကျင်သော အခြား စီအိုင်အေ ဝန်ထမ်းတစ်ဦးကလည်း အကျဉ်းသားတစ်ဦးအား လျှပ်စစ် လွန်ဖောက် စက် တစ်ခုဖြင့် ခြိမ်းခြောက် ခဲ့သည်။ ထို့ပြင် “rectal feeding” နှင့် “rectal rehydration” နည်းများကို မလိုအပ်ဘဲ အသုံးပြု၍လည်း အကျဉ်းသားများကို အရှက်ခွဲ နှိပ် စက်ခဲ့ကြသည်။ အကျဉ်းသားတစ်ဦးမှာ ချုပ်နှောင်ခံထားရစဉ်တွင် ကိုယ်အပူချိန် အလွန်အမင်းကျဆင်းကာ သေဆုံးသွားခဲ့ရပြီး အချို့ အကျဉ်းသား များမှာ နှိပ်စက်ခံရမှုကြောင့် ခြေလက်များ ကျိုးကုန်ခဲ့ကြသည်။

စီအိုင်အေ ညွန်ကြားရေးမှူး ဂျွန်ဘရန်းနန်း က မူ၊ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ အယ်လ်ခိုင်းဒါး အကြမ်းဖက်တိုက်ခိုက်မှုများ အပြီးတွင် သမ္မတ ဂျော့ဒဗလူဘွတ်ရှ်လက်ထက်၌ စတင်ကျင့်သုံးခဲ့သော၊ စီအိုင်အေ၏ ရက်စက်သော စစ်ကြောရေး နည်းလမ်းများနှင့် ပတ်သတ်၍ ကာကွယ်ပြောကြားခဲ့သည်။

ထိုရက်စက်ကြမ်းကြုတ်သော နည်းလမ်းများကို အသုံးပြုရာတွင် အမှားအယွင်းများ ရှိခဲ့သော်လည်း၊ အကြမ်းဖက် တိုက်ခိုက်မှုများ မဖြစ်ပွါးအောင် ကြိုတင်ကာကွယ်ရာတွင် အသုံးဝင်မည့် သတင်းအချက် အလက်များကို ထိုနည်းလမ်းများကြောင့်ရရှိခဲ့ကာ အကြမ်းဖက်သမားများကို ဖမ်းဆီးနိုင်ခဲ့ပြီး လူ့အသက် များ ကိုလည်း ကယ်တင်နိုင်ခဲ့ကြောင်း သူက ချေပ ပြောဆိုခဲ့သည်။

အမေရိကန် စီအိုင်အေက နှိပ်စက်ညှဉ်းပန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိသဖြင့် လက်စားချေ တိုက်ခိုက်မှု များ ဖြစ်ပွါးလာမည်ကို စိုးရိမ်သဖြင့် ကမ္ဘာ့နိုင်ငံများရှိ အမေရိကန် သံရုံးများအား လုံခြုံရေး တိုးမြှင့်ထားရန် သတိပေးတပ်လှန့်ထားသည်။ အစီရင်ခံစာအား ဖြန့်ချိထုတ်ဝေနိုင်ရေး အတွက် အထက်လွှတ်တော်အမတ် ဒိုင်ယန်ဖိုင်းစတိုင်း (Dianne Feinstein) က ဆက်လက်ကြိုးပမ်းနေလျက် ရှိသော်လည်း နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ ကမူ ထိုအစီရင်ခံစာပါ အချက်များကြောင့် ကမ္ဘာအဝှမ်းတွင် ဒေါသထွက်အုံကြွမှုများ ဖြစ်လာနိုင်ကြောင်း သတိပေးထား သည်။

 “တချို့လူစုတွေကို ကျွန်တော်တို့ နှိပ်စက်ခဲ့ပါတယ်” ဟု သမ္မတ အိုဘားမားက သြဂုတ်လအတွင်းက ဝန်ခံ ပြောကြားခဲ့ပြီးနောက်၊ အယ်လ်ခိုင်းဒါးနှင့် ဆက်နွယ်ကြောင်း မသင်္ကာဖွယ်ဖြစ်သူများအပေါ် စီအိုင်အေက အသုံးပြုခဲ့သော စစ်ကြောရေးနည်းလမ်းများအကြောင်း အသေးစိတ် အစီရင်ခံစာ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

Ref: AFP
Mizzima - News in Burmese 

No comments:

Post a Comment