Thursday 11 December 2014

အပွင့်အရေအတွက် ဆုံးဖြတ်ပြီးလျှင် သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာ ပို့မည်ဟုဆို

Photo: အပွင့်အရေအတွက် ဆုံးဖြတ်ပြီးလျှင် သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာ ပို့မည်ဟုဆို

ဒီဇင်ဘာလ ၁၁ ရက်၊ ၂၀၁၄ 

ခြောက်ပွင့်ဆိုင်၊ ၁၂ ပွင့် ဆိုင်နှင့် ၁၄ ပွင့်ဆိုင် တွေ့ဆုံဆွေး နွေးမှု နည်းလမ်းသုံးခုလုံးကို သမ္မ တက ချင့်ချိန်စဉ်းစားနေပြီး တိုင်း ပြည်အတွက် အကောင်းဆုံးဖြစ် နိုင်မည့် ဆုံးဖြတ်ချက်တစ်ခုကို လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့ အသိပေးမည်ဖြစ်သည်ဟု ၎င်း၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောကြားသည်။

ဒီဇင်ဘာ ၁၀ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ပြည်ထောင်စုလွှတ်တော်က အဆိုပြုထားသည့် ခြောက်ပွင့်ဆိုင်ပုဂ္ဂိုလ်များ အပါအ၀င် တိုင်းရင်းသားမျိုးနွယ်စုကြီး ခုနစ်မျိုးမှ ကိုယ်စားလှယ်များပါဝင်မည့် ၁၂ ပွင့်ဆိုင် တွေ့ဆုံရေးကို အတည်ပြုလိုက်ခြင်းအပေါ် သမ္မတက ၎င်း၏ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်မှတစ်ဆင့် တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

‘‘အခုဖြစ်လာတဲ့ နည်းလမ်း သုံးခု။ နောက်ထပ်တခြားသူတွေ က အဆိုပြုလာတာရှိရင်လည်း အားလုံးကို စဉ်းစားမယ်။ သမ္မတ ကြီးကတော့ တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်မယ့် ဆုံးဖြတ် ချက်ကို ချလိမ့်မယ်။ ပြီးရင် လွှတ် တော်ကို သ၀ဏ်လွှာနဲ့ အကြောင်း ပြန်ကြားမယ်။ သ၀ဏ်လွှာက တော့ ဖြစ်နိုင်သမျှ အစောဆုံး ပြန် ကြားမှာပါ’’ ဟု ကိုရီးယားသမ္မတ နိုင်ငံသို့ ရောက်ရှိနေသည့် သမ္မတ ဦးသိန်းစိန်၏ ပြောခွင့်ရပုဂ္ဂိုလ် ဦး ရဲထွဋ်က 7Day Daily သို့ အီး မေးလ်ဖြင့် ဖြေကြားခဲ့သည်။

နိုဝင်ဘာလကုန်ပိုင်းက ပြည်ထောင်စုလွှတ်တော်က သမ္မတ၊ ကာချုပ်၊ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးနှင့် တိုင်း ရင်းသားကိုယ်စားလှယ် တစ်ဦးတို့ပါဝင်သည့် ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးကို အရေးကြီးအဆိုအဖြစ် အတည်ပြုခဲ့သည်။

သို့သော် သမ္မတ ဦးသိန်းစိန် ကမူ တစ်တိုင်းပြည်လုံးအရေးကို လူခြောက်ဦးနှင့် ဆွေးနွေးခြင်း ဆုံးဖြတ်ခြင်းမပြုလိုဘဲ ကိုယ်စား ပြုအဖွဲ့အစည်းကို တတ်နိုင်သမျှ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်စေလို ကြောင်းဖြင့် ခြောက်ပွင့်ဆိုင်တွေ့ ဆုံရေးကို လတ်တလော လက်မခံ နိုင်ကြောင်း ပြောကြားခဲ့သည်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လည်း ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးကို လက်မခံကြောင်း ကေအင်န်ယူ အဖွဲ့နှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

လွှတ်တော်၏ ဆုံးဖြတ်ချက် ကို လက်မခံသည့်အပေါ် သမ္မတ အား စွပ်စွဲပြစ်တင်မည်ဖြစ် ကြောင်း ဝေဖန်မှုများ ထွက်ပေါ် လာပြီးနောက် သမ္မတက တွေ့ဆုံ မှုများကို ယတိပြတ် ငြင်းပယ်ခြင်း မဟုတ်ကြောင်း ပြန်လည်ပြော ကြားမှု ရှိခဲ့သည်။

‘‘မြန်မာ့နိုင်ငံရေးအတွက် လက်ရှိအခြေအနေမှာ အဖြစ်သင့် ဆုံးနဲ့ အကောင်းဆုံးက အမြန်ဆုံး တွေ့ဆုံဖို့ပဲ။ အခု သမ္မတက လွှတ် တော်ကို အကြောင်းပြန်မယ်ဆို တော့ ဒါ ဇန်န၀ါရီကျမှ ပြန်စမယ့် လွှတ်တော်ကာလ အလွန်လောက်ကျမှဖြစ်မယ့်သဘော သက်ရောက်တာပေါ့။ တကယ်တော့သမ္မတမိန့်ခွန်းတွေမှာလည်း ပါတယ်။ တွေ့ဆုံမှုလုပ် မယ်လို့ ထည့်ပြောနေတာပဲ။ ကျွန်တော့်အမြင်အရတော့ အဖြစ်သင့်ဆုံး ပုံစံက ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ ခြောက်ပွင့်ဆိုင်က ပထမဆုံးလုပ်သင့်တဲ့ပုံစံပဲ’’ ဟု နိုင်ငံရေးဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းက ပြောကြားသည်။

7Day DAILY 

နိုင်ငံတော်သမ္မတဦးသိန်းစိန်(MARKKU OJALA/EPA)
နိုင်ငံတော်သမ္မတဦးသိန်းစိန်(MARKKU OJALA/EPA)
ခြောက်ပွင့်ဆိုင်၊ ၁၂ ပွင့် ဆိုင်နှင့် ၁၄ ပွင့်ဆိုင် တွေ့ဆုံဆွေး နွေးမှု နည်းလမ်းသုံးခုလုံးကို သမ္မတက ချင့်ချိန်စဉ်းစားနေပြီး တိုင်း ပြည်အတွက် အကောင်းဆုံးဖြစ် နိုင်မည့် ဆုံးဖြတ်ချက်တစ်ခုကို လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့ အသိပေးမည်ဖြစ်သည်ဟု ၎င်း၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောကြားသည်။

ဒီဇင်ဘာ ၁၀ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ပြည်ထောင်စုလွှတ်တော်က အဆိုပြုထား သည့် ခြောက်ပွင့်ဆိုင်ပုဂ္ဂိုလ်များ အပါအ၀င် တိုင်းရင်းသားမျိုးနွယ်စုကြီး ခုနစ်မျိုးမှ ကိုယ်စားလှယ်များ ပါဝင်မည့် ၁၂ ပွင့်ဆိုင် တွေ့ဆုံရေးကို အတည်ပြုလိုက်ခြင်းအပေါ် သမ္မတက ၎င်း၏ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်မှတစ်ဆင့် တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

‘‘အခုဖြစ်လာတဲ့ နည်းလမ်း သုံးခု။ နောက်ထပ်တခြားသူတွေ က အဆိုပြုလာတာရှိရင်လည်း အားလုံးကို စဉ်းစားမယ်။ သမ္မတ ကြီးကတော့ တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်မယ့် ဆုံးဖြတ် ချက်ကို ချလိမ့်မယ်။ ပြီးရင် လွှတ်တော်ကို သ၀ဏ်လွှာနဲ့ အကြောင်း ပြန်ကြားမယ်။ သ၀ဏ်လွှာကတော့ ဖြစ်နိုင်သမျှ အစောဆုံး ပြန်ကြားမှာပါ’’ ဟု ကိုရီးယားသမ္မတ နိုင်ငံသို့ ရောက်ရှိနေသည့် သမ္မတ ဦးသိန်းစိန်၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦး ရဲထွဋ်က 7Day Daily သို့ အီး မေးလ်ဖြင့် ဖြေကြားခဲ့သည်။

နိုဝင်ဘာလကုန်ပိုင်းက ပြည်ထောင်စုလွှတ်တော်က သမ္မတ၊ ကာချုပ်၊ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော် ဥက္ကဋ္ဌနှစ်ဦးနှင့် တိုင်းရင်းသားကိုယ်စားလှယ် တစ်ဦးတို့ပါဝင်သည့် ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးကို အရေးကြီး အဆိုအဖြစ် အတည်ပြုခဲ့သည်။

သို့သော် သမ္မတ ဦးသိန်းစိန် ကမူ တစ်တိုင်းပြည်လုံးအရေးကို လူခြောက်ဦးနှင့် ဆွေးနွေးခြင်း ဆုံးဖြတ်ခြင်း မပြုလိုဘဲ ကိုယ်စား ပြုအဖွဲ့အစည်းကို တတ်နိုင်သမျှ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်စေလို ကြောင်းဖြင့် ခြောက်ပွင့်ဆိုင်တွေ့ ဆုံရေးကို လတ်တလော လက်မခံ နိုင်ကြောင်း ပြောကြားခဲ့သည်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လည်း ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးကို လက်မခံကြောင်း ကေအင်န်ယူ အဖွဲ့နှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

လွှတ်တော်၏ ဆုံးဖြတ်ချက်ကို လက်မခံသည့်အပေါ် သမ္မတအား စွပ်စွဲပြစ်တင်မည်ဖြစ်ကြောင်း ဝေဖန် မှုများ ထွက်ပေါ် လာပြီးနောက် သမ္မတက တွေ့ဆုံမှုများကို ယတိပြတ် ငြင်းပယ်ခြင်း မဟုတ်ကြောင်း ပြန်လည်ပြော ကြားမှု ရှိခဲ့သည်။

‘‘မြန်မာ့နိုင်ငံရေးအတွက် လက်ရှိအခြေအနေမှာ အဖြစ်သင့် ဆုံးနဲ့ အကောင်းဆုံးက အမြန်ဆုံး တွေ့ဆုံဖို့ပဲ။ အခု သမ္မတက လွှတ် တော်ကို အကြောင်းပြန်မယ်ဆို တော့ ဒါ ဇန်န၀ါရီကျမှ ပြန်စမယ့် လွှတ်တော်ကာလ အလွန်လောက်ကျမှဖြစ်မယ့်သဘော သက်ရောက်တာပေါ့။ တကယ်တော့သမ္မတမိန့်ခွန်းတွေမှာလည်း ပါ တယ်။ တွေ့ဆုံမှုလုပ် မယ်လို့ ထည့်ပြောနေတာပဲ။ ကျွန်တော့်အမြင်အရတော့ အဖြစ်သင့်ဆုံး ပုံစံက ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားတဲ့ ခြောက်ပွင့်ဆိုင်က ပထမဆုံးလုပ်သင့်တဲ့ပုံစံပဲ’’ ဟု နိုင်ငံရေး ဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းက ပြောကြားသည်။

7Day DAILY 

No comments:

Post a Comment