Thursday 11 December 2014

ကလေးငယ်တွေမှာ မျက်စိ ကင်ဆာ ရှိမရှိ စမတ်ဖုန်းကင်မရာသုံးပြီး သိနိုင်

Photo: ကလေးငယ်တွေမှာ မျက်စိ ကင်ဆာ ရှိမရှိ စမတ်ဖုန်းကင်မရာသုံးပြီး သိနိုင်
Thursday, December 11, 2014

ကလေးငယ်တွေမှာ မျက်စိ ကင်ဆာ ရှိမရှိဆိုတာကို စမတ်ဖုန်းမှာပါတဲ့ ဖလက်ရှ် အလင်းရောင် နဲ့ စမ်းသပ်ကြည့်ရှုနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

Retinoblastoma လို့ခေါ်တဲ့ သေစေနိုင်တဲ့ မျက်စိကင်ဆာရောဂါဟာ ကလေးငယ်တွေမှာသာ အဓိက ဖြစ်ပွားတာဖြစ်ပါတယ်။ ထိုရောဂါဟာ လျင်မြန်စွာ ကြီးထွားလာနိုင်ပြီး အချိန်မီကုသ နိုင်မှသာ ကလေးငယ်ရဲ့ အသက်ကိုကာကွယ်နိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် Childhood Eye Cancer Trust အဖွဲ့က စမတ်ဖုန်းတစ်လုံးရဲ့ ကင်မရာနဲ့ ရောဂါရှိမရှိ သိနိုင်ရန် စစ်ဆေးဖို့ အစီအစဉ်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ကလေးငယ်တစ်ယောက်ရဲ့ မျက်လုံးကို ကင်မရာရဲ့ ဖလက်ရှ် စနစ် ကို အသုံးပြုပြီး ဓါတ်ပုံ ရိုက်ကူးလိုက်ပါက မျက်စိရဲ့ အမည်းရောင်ရှိတဲ့ နေရာတွေမှာ အဖြူရောင်အဖြစ်ပေါ်လာပါက Retinoblastoma  လို့ခေါ်တဲ့ ကလေးသူငယ် မျက်စိ ကင်ဆာရောဂါ ရှိနေပြီလို့ဆိုနိုင်မှာ ဖြစ်ပါတယ်။

ထို အစီအစဉ်ကို ခွဲစိတ်ဆေးခန်းတွေနဲ့ ကလေးဆေးခန်းတွေမှာ စတင်ပြုလုပ်နေပြီလို့ သိရပါတယ်။ Retinoblastoma ဟာ ကြုံတောင့်ကြုံခဲရောဂါတစ်ခု ဆိုပေမယ့်လည်း ဗြိတိန်နိုင်ငံမှာတော့ တစ်နှစ်ကို ကလေး အယောက် ၄၀ ကနေ ၅၀ အထိ ဖြစ်ပွားနေပါတယ်။ ထိုရောဂါ ရှိနေကြောင်း အချိန်မီ သိရပါက လေဆာ ကုထုံးနဲ့ ကုသနိုင်ပေမယ့် ရောဂါကြီးထွားလာမှ သိရပါက ဓါတု ကုထုံးများ ၊ ရေဒီယို ကုထုံးများ နဲ့ ခွဲစိတ်မှုတွေ အထိ ပြုလုပ်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။

Ref:mirror.co.uk 
Trend Myanmar

No comments:

Post a Comment