Thursday 11 December 2014

အနှိပ်ခန်းနှင့် ကေတီဗီများ စီမံချက်ဖြင့် ဖမ်းမည်

Photo: အနှိပ်ခန်းနှင့် ကေတီဗီများ စီမံချက်ဖြင့် ဖမ်းမည်

ဒီဇင်ဘာလ ၁၁ ရက်၊ ၂၀၁၄ 

ရန်ကုန်မြို့အတွင်း ဖွင့်လှစ်နေသည့် အနှိပ်ခန်း၊ ကေတီ ဗီနှင့် ဂိမ်းဆိုင်များကို ၀င်ရောက်ဖမ်းဆီးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါဆိုင်များကို ဖမ်းဆီး ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ကလည်း ညွှန်ကြားထား ကြောင်း သိရသည်။

‘‘ဒီဆိုင်တွေကို ဖမ်းဖို့အစည်းအဝေးခေါ်ပြီး ပြောထားပြီးပါပြီ။ ဂိမ်းဆိုင်တွေလည်း လိုင်စင်ပါ စည်းကမ်းတွေနဲ့ မကိုက်ညီတာနဲ့ ဖမ်းမှာပါ။ အနှိပ်ခန်းတွေကတော့ တရားဝင်ဖွင့်ခွင့်ကို ပေးထားတာ မဟုတ်ပါဘူး’’ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးတစ်ဦးကပြောသည်။

သို့သော် အနှိပ်ခန်းများမှာ ရန်ကုန်မြို့နေရာအတော်များများ တွင်ရှိပြီး အချို့မှာ အနှိပ်ခန်းအ မည်ခံကာ ပြည့်တန်ဆာလုပ်ငန်း များ လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း သာကေတမြို့နယ်တွင် နေထိုင်သူကိုမင်းထက်က ပြောသည်။

‘‘တကယ်အနှိပ်သီးသန့်ဖွင့် တဲ့ ဆိုင်တွေကိုတော့ ဖွင့်ခွင့်ပေး သင့်တယ်။ ဟိုတယ်ကြီးတွေမှာ လည်း အနှိပ်ခန်းတွေရှိတာပဲ။ တကယ့်အနှိပ်ခန်းနဲ့ လုပ်စားဖို့ ဖွင့် ထားတဲ့ အနှိပ်ခန်းတွေက အများ ကြီးကွာသလို သိလည်းသိသာပါ တယ်’’ဟု ၎င်းက ပြောသည်။

ကေတီဗီဆိုင်နှင့် ဂိမ်းဆိုင် များကို ၀င်ရောက်ဖမ်းဆီးစစ်ဆေး ရာတွင် သက်ဆိုင်ရာလိုင်စင်ထုတ် ပေးသည့် အဖွဲ့များနှင့် ရဲဝန်ထမ်း များပူးပေါင်းရှာဖွေဖမ်းဆီးမည် ဖြစ်ပြီး ပြည်သူများကလည်း တိုင်ကြားနိုင်ကြောင်း စခန်းမှူးတစ်ဦးက ပြောသည်။

‘‘ဂိမ်းဆိုင်တွေ ရပ်ကွက်ထဲ ရောက်လာတာကို ခွင့်ပြုပေးတဲ့ သူတွေက ဘယ်လိုသဘောနဲ့လုပ် ပေးတာလည်းကို နားမလည်ဘူး။ ပြီးရင် ဂိမ်းဆိုင်တွေက ရန်ပွဲတွေ အမြဲဖြစ်တယ်။ လူငယ်တွေလည်း ပျက်စီးတာပဲ။ ထိထိရောက်ရောက်ဖမ်းပြဖို့တော့ လိုပါတယ်’’ဟု လမ်းမတော်မြို့နယ်တွင် နေထိုင်သူ ကိုမျိုးသန့်က ပြောသည်။

၂၀၁၄ အောက်တိုဘာလမှ နိုဝင်ဘာလအထိ တရားမ၀င်ဖွင့် လှစ်သည့် အနှိပ်ခန်း ၄၃ ခန်းကို ဖမ်းဆီးအရေးယူထားပြီး အနှိပ် ခန်းများ တရားဝင်ဖွင့်ခွင့်ရရှိရေး ကိုလည်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ဆွေးနွေးလျက်ရှိ ကြောင်း သိရသည်

7Day DAILY 

ကာရာအိုကေခန်းတစ်ခုတွင် သီချင်းဆိုနေကြသူများ၊ဓာတ်ပုံ - ဂျေမောင်မောင် (အမရပူရ)
ကာရာအိုကေခန်းတစ်ခုတွင် သီချင်းဆိုနေကြသူများ၊ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
ရန်ကုန်မြို့အတွင်း ဖွင့်လှစ်နေသည့် အနှိပ်ခန်း၊ ကေတီ ဗီနှင့် ဂိမ်းဆိုင်များကို ၀င်ရောက်ဖမ်းဆီး သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါဆိုင်များကို ဖမ်းဆီးရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ကလည်း ညွှန်ကြားထားကြောင်း သိရ သည်။

‘‘ဒီဆိုင်တွေကို ဖမ်းဖို့အစည်းအဝေးခေါ်ပြီး ပြောထားပြီးပါပြီ။ ဂိမ်းဆိုင်တွေလည်း လိုင်စင်ပါ စည်းကမ်းတွေနဲ့ မကိုက်ညီတာနဲ့ ဖမ်းမှာပါ။ အနှိပ်ခန်းတွေကတော့ တရားဝင်ဖွင့်ခွင့်ကို ပေးထားတာ မဟုတ်ပါဘူး’’ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးတစ်ဦးကပြောသည်။

သို့သော် အနှိပ်ခန်းများမှာ ရန်ကုန်မြို့နေရာအတော်များများ တွင်ရှိပြီး အချို့မှာ အနှိပ်ခန်းအ မည်ခံကာ ပြည့်တန်ဆာလုပ်ငန်း များ လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း သာကေတမြို့နယ်တွင် နေထိုင်သူကိုမင်းထက်က ပြောသည်။

‘‘တကယ်အနှိပ်သီးသန့်ဖွင့် တဲ့ ဆိုင်တွေကိုတော့ ဖွင့်ခွင့်ပေး သင့်တယ်။ ဟိုတယ်ကြီးတွေမှာ လည်း အနှိပ် ခန်းတွေရှိတာပဲ။ တကယ့်အနှိပ်ခန်းနဲ့ လုပ်စားဖို့ ဖွင့်ထားတဲ့ အနှိပ်ခန်းတွေက အများကြီးကွာသလို သိလည်း သိသာပါ တယ်’’ဟု ၎င်းက ပြောသည်။

ကေတီဗီဆိုင်နှင့် ဂိမ်းဆိုင် များကို ၀င်ရောက်ဖမ်းဆီးစစ်ဆေး ရာတွင် သက်ဆိုင်ရာလိုင်စင်ထုတ် ပေးသည့် အဖွဲ့များနှင့် ရဲဝန်ထမ်း များပူးပေါင်းရှာဖွေဖမ်းဆီးမည် ဖြစ်ပြီး ပြည်သူများကလည်း တိုင်ကြားနိုင်ကြောင်း စခန်းမှူးတစ်ဦးက ပြောသည်။

‘‘ဂိမ်းဆိုင်တွေ ရပ်ကွက်ထဲ ရောက်လာတာကို ခွင့်ပြုပေးတဲ့ သူတွေက ဘယ်လိုသဘောနဲ့လုပ် ပေးတာ လည်းကို နားမလည်ဘူး။ ပြီးရင် ဂိမ်းဆိုင်တွေက ရန်ပွဲတွေ အမြဲဖြစ်တယ်။ လူငယ်တွေလည်း ပျက်စီးတာပဲ။ ထိထိ ရောက်ရောက်ဖမ်းပြဖို့တော့ လိုပါတယ်’’ဟု လမ်းမတော်မြို့နယ်တွင် နေထိုင်သူ ကိုမျိုးသန့်က ပြောသည်။

၂၀၁၄ အောက်တိုဘာလမှ နိုဝင်ဘာလအထိ တရားမ၀င်ဖွင့် လှစ်သည့် အနှိပ်ခန်း ၄၃ ခန်းကို ဖမ်းဆီး အရေးယူထားပြီး အနှိပ် ခန်းများ တရားဝင်ဖွင့်ခွင့်ရရှိရေး ကိုလည်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ဆွေးနွေးလျက်ရှိ ကြောင်း သိရသည်

7Day DAILY 

No comments:

Post a Comment