Thursday 11 December 2014

ရွှေတောင်ကြားလမ်းတွင် ဖွင့်လှစ်ထားသော VGastro.bar ၏ ပွဲဒီဇိုင်း ကြော်ငြာ ၌် ဗုဒ္ဓရုပ်ပွားတော်ပုံကို မလျော်မကန် ပြုလုပ်ထား၍ ပိုင်ရှင်အပါအ၀င် သုံးဦးအား အမှုဖွင့်အရေးယူ

Photo: ရွှေတောင်ကြားလမ်းတွင် ဖွင့်လှစ်ထားသော VGastro.bar ၏ ပွဲဒီဇိုင်း ကြော်ငြာ ၌် ဗုဒ္ဓရုပ်ပွားတော်ပုံကို မလျော်မကန် ပြုလုပ်ထား၍ ပိုင်ရှင်အပါအ၀င် သုံးဦးအား အမှုဖွင့်အရေးယူ
Thursday, December 11, 2014

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင် ကြား (၂) ရပ်ကွက် ရွှေတောင်ကြား လမ်း၌ ဖွင့်လှစ်ထားသည့် VGastro.bar ၏ ပွဲဒီဇိုင်း ကြော်ငြာတွင် ဗုဒ္ဓရုပ်ပွားတော်ပုံကို နားကြပ် တပ်ဆင်ထားသည့် ဒီဇိုင်းအား လူမှုကွန်ရက်တွင် ဖော်ပြထားသည့်အတွက် သက်ဆိုင်ရာမှ ဆိုင်အားပိတ်သိမ်းပြီး ဆိုင်တာဝန်ရှိသူများကို အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိ သည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁ဝ ရက် ညနေပိုင်း က VGastro.bar, Buddha.bar ဟု ရေးသားထားသည့် ပွဲဒီဇိုင်းကြော်ငြာမှာ လူမှုကွန်ရက်တွင် ပျံ့နှံ့ပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူများက VGastro.bar သို့သွားရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဆိုင်ပိုင်ရှင် ထွန်းသူ ရိန်၊ မန်နေဂျာ ထွဋ်ကိုကိုလွင်နှင့် အထွေထွေမန်နေဂျာ နယူးဇီလန်နိုင်ငံသား ဖိလစ်တို့အား ဖမ်းဆီးအမှုဖွင့် ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ကြီးဝင်းကြည်က“ဗုဒ္ဓရုပ်ပွားတော်ပုံကို မလျော်မကန် ဒီဇိုင်းလုပ်ပြီး လူမှုကွန်ရက်မှာတင်ခဲ့တဲ့အတွက်ဆိုင်ရှင်၊ မန်နေဂျာနဲ့ အထွေထွေ မန်နေဂျာဖြစ်တဲ့ နယူးဇီလန်နိုင်ငံသားတို့ကို ဘာသာသာသနာ ညှိုးနွမ်းစေမှုနဲ့ အမှုဖွင့်အ ရေးယူထားတယ်။ ဆိုင်ကိုလည်း ချိတ်ပိတ် သွားမှာဖြစ်တယ်”ဟု The Daily Eleven သတင်းစာသို့ ပြောကြားသည်။
ဗဟန်းမြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းဝင်း က“ဘာသာသာသနာကို စော်ကားတဲ့အတွက် ကြောင့် အမှုဖွင့်ဖမ်းဆီးထားပါတယ်။ အာမခံ မပေးပါဘူး။ မနက်ဖြန် တရားရုံးတင်ပြီး တရားစွဲသွားမယ်”ဟု မီဒီယာများကို ဒီဇင် ဘာ ၁ဝ ရက် ညပိုင်းတွင် ပြောကြားသည်။

ထိုသို့ ပွဲကြော်ငြာဒီဇိုင်းအား လူမှုကွန် ရက်တွင်တင်ခဲ့သူ နယူးဇီလန်နိုင်ငံသား မစ္စတာဖိလစ်မှာ မြန်မာနိုင်ငံသို့ ရောက်ရှိအ လုပ်ဝင်သည်မှာ နှစ်ပတ်ကြာမျှသာရှိသေးပြီး အိမ်နီးချင်းထိုင်းနိုင်ငံတွင်လည်း ထိုကဲ့သို့ ဗုဒ္ဓပုံနှင့် ပရိုမိုးရှင်းလုပ်ပါက လူပိုမိုစိတ်ဝင် စားသည့်အတွက်ကြောင့် လုပ်မိသည်ဟု ထွက် ဆိုခဲ့ကြောင်း ဗဟန်းရဲစခန်းမှူးက ပြောကြား သည်။
ထိုဖြစ်စဉ်ကို ဗဟန်းမြို့မရဲစခန်းက (ပ) ၄၉၉/၂ဝ၁၄ ပြစ်မှု ပုဒ်မ ၂၉၅/၂၉၅ က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရ သည်။
ယင်းသို့ ဗုဒ္ဓရုပ်ပွားတော်ပုံအား မလျော်ကန်စွာ လူမှုကွန်ရက်စာမျက်နှာ၌ ဖော်ပြခဲ့ ခြင်းမှာ ဒေသန္တရအမိန့်အား ဖောက်ဖျက်ကျူး လွန်ခဲ့ခြင်းဖြစ်သဖြင့် ထိရောက်စွာအရေးယူရန် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ ဖြင့်လည်း အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

Eleven Media Group

သက်ဆိုင်ရာမှ ပိတ်သိမ်းပြီးနောက်လုံခြုံရေးချထားသည့် VGastro.bar ကို ဒီဇင်ဘာ ၁၀ ရက် ည ၁၀နာရီခန့်က တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
သက်ဆိုင်ရာမှ ပိတ်သိမ်းပြီးနောက်လုံခြုံရေးချထားသည့် VGastro.bar ကို ဒီဇင်ဘာ ၁၀ ရက် ည ၁၀နာရီ ခန့်က တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား(၂)ရပ်ကွက် ရွှေတောင်ကြားလမ်း၌ ဖွင့်လှစ်ထားသည့် VGastro.bar ၏ ပွဲဒီဇိုင်း ကြော်ငြာတွင် ဗုဒ္ဓရုပ်ပွားတော်ပုံကို နားကြပ် တပ်ဆင်ထားသည့် ဒီဇိုင်းအား လူမှုကွန်ရက်တွင် ဖော်ပြထားသည့်အတွက် သက်ဆိုင်ရာမှ ဆိုင်အားပိတ်သိမ်းပြီး ဆိုင်တာဝန်ရှိသူများကို အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိ သည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁ဝ ရက် ညနေပိုင်း က VGastro.bar, Buddha.bar ဟု ရေးသားထားသည့် ပွဲဒီဇိုင်း ကြော်ငြာမှာ လူမှုကွန်ရက်တွင် ပျံ့နှံ့ပြီးနောက် သက်ဆိုင်ရာတာဝန်ရှိသူများက VGastro.bar သို့ သွားရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ဆိုင်ပိုင်ရှင် ထွန်းသူရိန်၊ မန်နေဂျာ ထွဋ်ကိုကိုလွင်နှင့် အထွေထွေ မန်နေဂျာ နယူးဇီလန်နိုင်ငံသား ဖိလစ်တို့အား ဖမ်းဆီးအမှုဖွင့် ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ကြီးဝင်းကြည်က“ဗုဒ္ဓရုပ်ပွားတော်ပုံကို မလျော်မကန် ဒီဇိုင်းလုပ်ပြီး လူမှုကွန်ရက်မှာတင်ခဲ့တဲ့အတွက်ဆိုင်ရှင်၊ မန်နေဂျာနဲ့ အထွေထွေ မန်နေဂျာဖြစ်တဲ့ နယူးဇီလန်နိုင်ငံသား တို့ကို ဘာသာသာသနာ ညှိုးနွမ်းစေမှုနဲ့ အမှုဖွင့်အရေးယူထားတယ်။ ဆိုင်ကိုလည်း ချိတ်ပိတ် သွားမှာဖြစ် တယ်”ဟု The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ဗဟန်းမြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းဝင်း က “ဘာသာသာသနာကို စော်ကားတဲ့အတွက်ကြောင့် အမှုဖွင့် ဖမ်းဆီးထားပါတယ်။ အာမခံ မပေးပါဘူး။ မနက်ဖြန် တရားရုံးတင်ပြီး တရားစွဲသွားမယ်”ဟု မီဒီယာများကို ဒီဇင် ဘာ ၁ဝ ရက် ညပိုင်းတွင် ပြောကြားသည်။

ထိုသို့ ပွဲကြော်ငြာဒီဇိုင်းအား လူမှုကွန် ရက်တွင်တင်ခဲ့သူ နယူးဇီလန်နိုင်ငံသား မစ္စတာဖိလစ်မှာ မြန်မာ နိုင်ငံသို့ ရောက်ရှိအ လုပ်ဝင်သည်မှာ နှစ်ပတ်ကြာမျှသာရှိသေးပြီး အိမ်နီးချင်းထိုင်းနိုင်ငံတွင်လည်း ထိုကဲ့သို့ ဗုဒ္ဓပုံနှင့် ပရိုမိုးရှင်းလုပ်ပါက လူပိုမိုစိတ်ဝင် စားသည့်အတွက်ကြောင့် လုပ်မိသည်ဟု ထွက် ဆိုခဲ့ကြောင်း ဗဟန်းရဲစခန်းမှူးက ပြောကြား သည်။

ထိုဖြစ်စဉ်ကို ဗဟန်းမြို့မရဲစခန်းက (ပ) ၄၉၉/၂ဝ၁၄ ပြစ်မှု ပုဒ်မ ၂၉၅/၂၉၅ က ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရ သည်။

ယင်းသို့ ဗုဒ္ဓရုပ်ပွားတော်ပုံအား မလျော်ကန်စွာ လူမှုကွန်ရက်စာမျက်နှာ၌ ဖော်ပြခဲ့ ခြင်းမှာ ဒေသန္တရ အမိန့်အား ဖောက်ဖျက်ကျူး လွန်ခဲ့ခြင်းဖြစ်သဖြင့် ထိရောက်စွာအရေးယူရန် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ ဖြင့်လည်း အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။

Eleven Media Group

No comments:

Post a Comment