Thursday 11 December 2014

အိပ်မက်ဆုံရာ ရာသက်ပန်အစီအစဉ်သစ် လာမည့်နှစ်တွင်စတင်ထုတ်လွှင့်မည်

Channel 7 ရုပ်သံလွှင့် ပြသလျက်ရှိသော အိပ်မက်ဆုံရာ အစီအစဉ်ကို   အိပ်မက်ဆုံရာ ရာသက်ပန် အစီ အစဉ်သစ်   အ ဖြစ် ဇန်နဝါရီ ၁၃ ရက်တွင် ထုတ်လွှင့်မည်ဟုသတင်းရရှိသည်။

ပြိုင်ပွဲဝင်များစတင်ခေါ်ယူ နေပြီး ဒီဇင်ဘာ ၁၇ ရက်တွင် လူရွေးပွဲပြုလုပ်သွားမည်ဖြစ်ကာ လက်ရှိတွင် ဘားအံမြို့မှလျှောက် ထားသူ၇၀ ဦးခန့်ရှိနေပြီဟု ယင်းအစီအစဉ်မှ  မန်နေဂျာ ကိုစိုးသူရကပြောသည်။

‘‘ဒီပြိုင်ပွဲက Cover (ပြန် လည်သီဆိုတေး)သီချင်းတွေကို ကိုယ်ပိုင်ဗားရှင်းပြန်ပြောင်းဆိုပြီး တော့ပြိုင်ရမှာ။ ပြိုင်ပွဲကာလက ခြောက်လလောက်   ကြာမယ်။ နောက်ဆုံးတစ်ဦးပဲရွေးချယ်သွား မှာပါ’’ဟု အိပ်မက်ဆုံရာ အစီအစဉ်မှ ကိုစိုးသူရကပြောသည်။

ပြိုင်ပွဲအတွက် ရန်ကုန်၊ မန္တလေးနှင့် ဘားအံမြို့သုံးမြို့မှ ၂၀၀ဦးခန့်သာလျှောက်ထားနိုင် ပြီး အသံစစ်ဆေး မှုများပြုလုပ်ပြီး ၅၀ ဦးသာ အစီအစဉ်တွင်ပါဝင် ခွင့်ရမည်ဖြစ်သည်။

ထို့နောက်    အပတ်စဉ် ယှဉ်ပြိုင်မှုများ   ပြုလုပ်သွားပြီး နောက်ဆုံးဖိုင်နယ်   ပြိုင်ပွဲတွင် ပထမရသူကို တေးစီးရီးခွေ ထုတ် ပေးသွားမည်ဟုသိရသည်။

‘‘အိပ်မက်ဆုံရာကို မတူညီ တဲ့ပုံစံနဲ့ ထပ်ကျင်းပမယ်ဆိုတာ တော့ကောင်းပါတယ်။ ကျွန်တော်တို့ကတော့ မမီတော့ဘူးပေါ့။ နောက်ပြိုင်မယ့်ပြိုင်ပွဲဝင်တွေ အတွက်တော့ အရမ်းကောင်းတဲ့ အစီအစဉ်ပါ’’ဟု Season 10 တွင်ပြိုင်ပွဲဝင်နေသူ ရှိုင်းကပြော သည်။ အိပ်မက်ဆုံရာ ရာသက်ပန် အစီအစဉ်ဆိုသည်မှာ အိပ်မက် ဆုံရာ season ကို နာမည်ပြောင်း ပြီး ပြိုင်ပွဲဝင်ရမည့်ပုံစံလည်း ပြောင်းလဲတင်ဆက်မည့်အစီအ စဉ် ဖြစ် သည်။

7Day DAILY 

No comments:

Post a Comment