Thursday 11 December 2014

မယ်ကမ္ဘာပြိုင်ပွဲတိုက်ရိုက်လွှင့်မည်

မယ်ကမ္ဘာပြိုင်ပွဲကို တိုက်ရိုက်ပြသခွင့်ရရှိသော်လည်း အိပ်မက်ဆုံရာအစီအစဉ်နှင့် အချိန်တိုက်နေ၍ ယင်းအစီအစဉ် ပြီးမှသာ ထုတ်လွှင့်ပြသမည်ဖြစ် သည်။

‘‘မယ်ကမ္ဘာပြိုင်ပွဲက ဒီဇင် ဘာ ၁၄ရက် မြန်မာစံတော်ချိန်ည ၉နာရီခွဲလောက်မှာ စမှာပါ။ အဲဒီ အချိန်က အိပ်မက်ဆုံရာရဲ့ Stage Performanceအစီအစဉ်နဲ့ တိုက် နေလို့အိပ်မက်ဆုံရာပြီးတဲ့အချိန် ကျမှပဲ ပြမယ်။ အိပ်မက်ဆုံရာကလည်း ပရိသတ်ရှိတော့ မရွှေ့ချင်တာကြောင့် မယ်ကမ္ဘာပြိုင်ပွဲကို တိုက်ရိုက်မလွှင့်နိုင် တော့ဘူး။ နာရီဝက်လောက်တော့ Delay ဖြစ်သွားမယ်’’ဟု Forever BEC-Tero၏ Country Manager ကို စိုးသူရက ပြောသည်။

ယင်းအစီအစဉ်ကို နောက်ခံ မြန်မာစကားပြောဖြင့် ထုတ်လွှင့် ပေးသွားမည်ဖြစ်ပြီး Free to air ပြသခွင့် ရရှိထားသော်လည်းမယ် ကမ္ဘာမြန်မာပြိုင်ပွဲကို Channel7 က စီစဉ်ခဲ့ခြင်းဖြစ်၍ ယင်းရုပ်သံ လိုင်းတစ်ခု တည်း တွင်သာ ပြသ ပေးသွားမည်ဟု၎င်းကဆိုသည်။

မယ်ကမ္ဘာပြိုင်ပွဲကို ဗြိတိန်နိုင်ငံတွင် ပြုလုပ်မည်ဖြစ်ပြီးနိုင်ငံ ပေါင်းတစ်ရာကျော်မှ အလှမယ် များပါဝင် ယှဉ်ပြိုင်မည်ဖြစ်သည်။

‘‘၀ိုင်းလေးက နောက်ဆုံး ပြိုင်ပွဲမှာပါမယ့် Telentပြိုင်ဖို့ တော့ အရွေးမခံရဘူး။ ဒါပေမဲ့ ပြိုင်တဲ့အလှမယ် ၁၂၀ကျော်မှာ အဆင့် ၃၀လောက်တော့ဖြစ်နေ တယ်။ ကျန်တာကတော့ နောက် ဆုံးပြိုင်ပွဲမှာပြိုင်မယ့် ပါဖော့မန့် အပေါ်မှာပဲ မူတည်လိမ့်မယ်’’ဟု ၎င်းကပြောသည်။

မယ်ကမ္ဘာပြိုင်ပွဲ၏ တရားဝင်စာမျက်နှာ၌ မဲပေးသည့်အ စီအစဉ်တွင် လက်ရှိအချိန်တွင် ၀ိုင်းလေးက နံပါတ် ၅နေရာ၌ ရပ် တည်လျက်ရှိပြီး မဲအရေအတွက် အများဆုံးရရှိပါက နောက်ဆုံး ပြိုင်ပွဲ၏ ဆန်ခါတင်၂၀ဦး တွင် ပါဝင်နိုင်မည်ဖြစ်သည်။

7Day Daily 

No comments:

Post a Comment