Thursday 11 December 2014

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် ကားဗုံး ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၁ ဦး သေဆုံး

Photo: ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် ကားဗုံး ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၁ ဦး သေဆုံး
Thursday, December 11, 2014

ဒါဗာအို၊ ဒီဇင်ဘာ ၁၀။ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် ဒီဇင်ဘာ ၉ ရက်က ဘတ်စ်ကား တစ်စီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အထက်တန်း ကျောင်းသားများ အပါအ၀င် ၁၁ ဦး သေဆုံးခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ပြောကြားသည်။

ဒေသတွင်း ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ် Christian Uy က Rural Transit ကုမ္ပဏီမှ လည်ပတ်လုပ်ဆောင်နေသာ အဆိုပါ ဘတ်စ်ကား သည် မင်ဒါနာအို ကျွန်းရှိ မာရာမက် မြို့ကို ဖြတ်ကျော်သွားစဉ် ဗုံးပေါက်ကွဲ ခဲ့ခြင်း ဖြစ်ကြောင်း နှင့် ၂၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အေအက်ဖ် ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။

ဒဏ်ရာရရှိသူ အများစုသည် အထက်တန်း ကျောင်းသားများ ဖြစ်ပြီး ဘတ်စ်ကားသည် ခရစ်ယာန် အများစု နေထိုင်ရာ မြို့ကို ဖြတ် သန်း မောင်းနှင်စဉ် ကားပေါ်သို့တက်ရောက်ခဲ့သည့် ကျောင်းသားများ ဖြစ်ကြောင်းနှင့် ကျောင်းသားများ တက်ပြီးနောက် ဗုံးပေါက်ကွဲ ခဲ့ခြင်း ဖြစ်ကြောင်း ဒေသတွင်း ခြေလျင် တပ်ရင်းမှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ် Norman Tagrosu က ပြောကြား ခဲ့သည်။

ဗုံးသည် ဘတ်စ်ကား၏ အထုပ်အပိုးများ တင်သည့် စင်ပေါ်တွင် ဖုံးကွယ်ကာ တပ်ဆင်ထားခဲ့ပုံ ရကြောင်း ပြည်နယ်ဆိုင်ရာ ရဲတပ်ဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ စစ်ဆေးရေးမှူး Jiselle Longakit က ပြောကြားသည်။ မည်သည့် ဗုံးအမျိုးအစား ဖြစ်သည်ကိုမူ မသိရှိ သေးကြောင်း ၎င်းက ပြောကြားသည်။

Tagros က ဗုံးဖောက်ခွဲသည့် ရည်ရွယ်ချက်သည် ခြိမ်းခြာက်မှု တစ်ရပ် ဖြစ်နိုင်ကြောင်းနှင့် ယင်းဗုံးဖောက်ခွဲ မှုသည် ဘတ်စ်ကား ကုမ္ပဏီ အတွက် နောက်ဆုံး ဖြစ်ပွားခဲ့သည့် ဗုံးဖောက်ခွဲမှု ဖြစ်ကြောင်း ပြောကြားသည်။ ပြီးခဲ့သည့်လက မင်ဒါနာအိုမြိုရှိ Rural Transit ဘတ်စ်ကား ကုမ္ပဏီကလည်ပတ် လုပ်ကိုင်နေသော ကားပေါ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လေးဦး ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် ရဲတပ်ဖွဲ့က ယင်းတိုက်ခိုက် မှုကို Bangsamoro အစ္စလာမ်မစ် လွတ်မြောက်ရေး တိုက်ခိုက်ရေးသမားများ အဖွဲ့ (BIFF) က လုပ်ဆောင်ခဲ့သည်ဟု ယူဆကြောင်း Longakit ကပြောကြားသည်။

Ref: AFP
Mizzima - News in Burmese 

ဗုံးမှာ ပစ္စည်းများ တင်သည့် တန်းပေါ်တွင် ရှိနေခဲ့သည်ဟု ရဲများက ခန့်မှန်းကြသည်။ ဓာတ်ပုံ - Channel News Asia
ဗုံးမှာ ပစ္စည်းများ တင်သည့် တန်းပေါ်တွင် ရှိနေခဲ့သည်ဟု ရဲများက ခန့်မှန်းကြသည်။ ဓာတ်ပုံ - Channel News Asia
ဒါဗာအို၊ ဒီဇင်ဘာ ၁၀။ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် ဒီဇင်ဘာ ၉ ရက်က ဘတ်စ်ကား တစ်စီုးံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အထက်တန်း ကျောင်းသားများ အပါအ၀င် ၁၁ ဦး သေဆုံးခဲ့ကြောင်း စစ်ဘက်ဆိုင်ရာပြောရေး ဆိုခွင့် ရှိသူ တစ်ဦးက ပြောကြားသည်။
ဒေသတွင်း ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ် Christian Uy က Rural Transit ကုမ္ပဏီမှ လည်ပတ် လုပ်ဆောင်နေသာ အဆိုပါ ဘတ်စ်ကား သည် မင်ဒါနာအို ကျွန်းရှိ မာရာမက် မြို့ကို ဖြတ်ကျော်သွားစဉ် ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း နှင့် ၂၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြား ခဲ့သည်။

ဒဏ်ရာရရှိသူ အများစုသည် အထက်တန်း ကျောင်းသားများ ဖြစ်ပြီး ဘတ်စ်ကားသည် ခရစ်ယာန် အများစု နေထိုင်ရာ မြို့ကို ဖြတ် သန်း မောင်းနှင်စဉ် ကားပေါ်သို့တက်ရောက်ခဲ့သည့် ကျောင်းသားများ ဖြစ်ကြောင်း နှင့် ကျောင်းသားများ တက်ပြီးနောက် ဗုံးပေါက်ကွဲ ခဲ့ခြင်း ဖြစ်ကြောင်း ဒေသတွင်း ခြေလျင် တပ်ရင်းမှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ် Norman Tagrosu က ပြောကြား ခဲ့သည်။

ဗုံးသည် ဘတ်စ်ကား၏ အထုပ်အပိုးများ တင်သည့် စင်ပေါ်တွင် ဖုံးကွယ်ကာ တပ်ဆင်ထားခဲ့ပုံ ရကြောင်း ပြည်နယ်ဆိုင်ရာ ရဲတပ်ဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ စစ်ဆေးရေးမှူး Jiselle Longakit က ပြောကြားသည်။ မည်သည့် ဗုံးအမျိုးအစား ဖြစ်သည်ကိုမူ မသိရှိ သေးကြောင်း ၎င်းက ပြောကြားသည်။

Tagros က ဗုံးဖောက်ခွဲသည့် ရည်ရွယ်ချက်သည် ခြိမ်းခြာက်မှု တစ်ရပ် ဖြစ်နိုင်ကြောင်းနှင့် ယင်းဗုံး ဖောက်ခွဲ မှုသည် ဘတ်စ်ကား ကုမ္ပဏီ အတွက် နောက်ဆုံး ဖြစ်ပွားခဲ့သည့် ဗုံးဖောက်ခွဲမှု ဖြစ်ကြောင်း ပြောကြားသည်။ ပြီးခဲ့သည့်လက မင်ဒါနာအိုမြိုရှိ Rural Transit ဘတ်စ်ကား ကုမ္ပဏီကလည်ပတ် လုပ်ကိုင်နေသော ကားပေါ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လေးဦး ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် ရဲတပ်ဖွဲ့က ယင်းတိုက်ခိုက် မှုကို Bangsamoro အစ္စလာမ်မစ် လွတ်မြောက်ရေး တိုက်ခိုက်ရေးသမားများ အဖွဲ့ (BIFF) က လုပ်ဆောင်ခဲ့သည်ဟု ယူဆကြောင်း Longakit ကပြောကြားသည်။

Ref: AFP
Mizzima - News in Burmese 

No comments:

Post a Comment