Thursday 11 December 2014

စီးပွားရေးလုပ်နေသည့် အစိုးရဌာနများ လာမည့်ဘဏ္ဍာနှစ်တွင် ပုဂ္ဂလိက အသွင်ပြောင်းလဲမည်

စီးပွားရေးလုပ်ကိုင်နေ သည့် အစိုးရ၀န်ကြီးဌာနများကိုပုဂ္ဂလိကလုပ်ငန်းများအဖြစ် လာ မည့်ဘဏ္ဍာနှစ်တွင် ပြောင်းလဲဖွဲ့ စည်းသွားရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

‘‘ပိုင်ရှင်ကတော့ အစိုးရပဲ။ လုပ်ငန်းလည်ပတ်တဲ့ ပုံစံက ကုမ္ပဏီလို ဖြစ်သွားမှာပါ’’ ဟု နေပြည်တော်မှ အဆင့်မြင့်အရာရှိတစ်ဦး က ပြောကြားသည်။

ဌာနများကို    ပြောင်းလဲဖွဲ့ စည်းရာတွင် ပုဂ္ဂလိက ပိုင်ဆိုင်မှုအ ဖြစ် ရှယ်ယာများ   ထုတ်ရောင်း ရန်လည်း စီစဉ် ထားကြောင်း သိရသည်။ လက်ရှိအခြေအနေကဲ့ သို့ ပြည်ထောင်စုဝန်ကြီးက အရာရာ ဆုံးဖြတ်မည် မဟုတ်ဘဲ ရှယ် ယာရှင်များနှင့် တိုင်ပင်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ၎င်းက ဆို သည်။

‘‘တရုတ်နိုင်ငံက ပုံစံအတိုင်း ပဲ’’ ဟု စီးပွားရေးပညာရှင် ဦးလှ မောင်က ပြောကြားသည်။

တရုတ်နိုင်ငံတွင် စီးပွားရေး ပြုပြင်ပြောင်းလဲမှုလုပ်စဉ်က အ စိုးရဌာနများမှ ၀န်ထမ်းများ လျှော့ ချပြီး ဒါရိုက်တာအဖွဲ့ဝင်များကို အပြိုင်အဆိုင် လွတ်လပ်စွာ လုပ် ပိုင်ခွင့် ပေးခဲ့သည်။

ထို့နောက် အရင်းအနှီးဈေး ကွက်များဖြစ်သော စတော့ရှယ် ယာဈေးကွက်များတွင် ရှယ်ယာ များ ရောင်းချ ပေးသည်။ သို့သော် လက်ရှိ မြန်မာနိုင်ငံတွင် ငွေကြေး မူဝါဒနှင့် ပတ်သက်သော ဥပဒေ များ၊ အစုရှယ်ယာ ဈေးကွက် မရှိ သေးချိန်တွင် လုပ်ကိုင်ရန် ခက်ခဲ ကြောင်း ဦးလှမောင်က သုံးသပ် သည်။

ပုဂ္ဂလိက   ကဏ္ဍသို့  လွှဲ ပြောင်းရာတွင် လုံးလုံးလျားလျား လွှဲပြောင်းမပေးနိုင်ဘဲ   ပြည်သူ့ အကျိုးအတွက် အရှုံးခံလုပ် ပေးရန် အစိုးရလုပ်ငန်းများလည်း ရှိနေရန်လိုအပ်ကြောင်း နေပြည် တော်ဝန်ကြီးဌာနတစ်ခုမှ အဆင့် မြင့် အရာရှိတစ်ဦးက ပြောကြား သည်။

လက်ရှိအစိုးရအနေဖြင့် ပုဂ္ဂလိကပြောင်းလဲရေးလုပ်ငန်းများတွင် နည်းပညာအခက်အခဲနှင့် တွက်ခြေကိုက်မှု မရှိသဖြင့် လုပ်ငန်းအချို့ လွှဲပြောင်းနိုင်ခြင်းမရှိကြောင်း စက်မှုဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်   ဒေါ်အေး အေးဝင်းက ပြောကြားသည်။

လက်ရှိ စက်မှုဝန်ကြီးဌာနတွင် ပုဂ္ဂလိကပိုင် မပြောင်းလဲနိုင်သော စက်ရုံများမှာအကြီးစားလုပ်ငန်းများ ဖြစ်ပြီး စက်ရုံ ၄၀ ကျော် ကျန်ရှိနေသည်။

အဆိုပါ စက်ရုံများမှာ မော်တော်ယာဉ်နှင့် စက်ပစ္စည်းများ ထုတ်လုပ်သောစက်ရုံများဖြစ်သည်။ ပုဂ္ဂလိကသို့ လွှဲပြောင်းခဲ့သောစက်ရုံများမှာ အထည်လိပ်စက်ရုံများ၊ ကြွေရည်သုတ်စက်ရုံ ကဲ့သို့ လုပ်ငန်းငယ်လေး များသာ ဖြစ်ကြောင်း ၎င်းက ပြောကြား သည်။

7Day DAILY 

No comments:

Post a Comment