Thursday 11 December 2014

သွေးစစ်ရုံဖြင့် ရင်သားကင်ဆာ စောစီးစွာ သိရှိနိုင်သောနည်းလမ်း ရှာဖွေတွေ့ရှိ

အောက်စဖို့ဒ်− ရိုးရှင်းသော သွေးစစ်ဆေးမှုလုပ်ရုံဖြင့် ဆရာဝန်များ က ရင်သားကင်ဆာအကျိတ်များအား သိရှိနိုင်မည့်နည်းလမ်းကို ဖော်ထုတ်နိုင်ပြီဖြစ်ကြောင်း အောက်စဖို့ဒ်တက္ကသိုလ်ဦးဆောင် သော သုတေသီ အဖွဲ့က ပြောကြားသည်။

အောက်စဖို့ဒ်၊ လန်ဒန်တော်ဝင်ကောလိပ်နှင့် လန်ဒန်သဘာဝ သမိုင်းပြတိုက်မှ သိပ္ပံပညာရှင်များသည် ရာသီ ဥတု ဗေဒသုတေသန နှင့် ဂြိုဟ်များဖြစ်တည်မှု သီအိုရီများကိုအသုံးပြု၍ သတ္တုအိုင်ဆိုတုပ် ပါဝင်မှု ပမာဏကို ခွဲခြမ်းစိတ်ဖြာလေ့လာနိုင်ခဲ့သည်။ ရင်သားကင် ဆာအကျိတ်များသည် ဇင့်ဓာတ်၏အိုင်ဆို တုပ်တစ်ခုဖြစ်ကာ ဇင့် ဓာတ်ကိုစုပ်ယူကြောင်း လေ့လာမှုတွင်ပြသနေသည်။

သွေးကြောအတွင်း ဇင့်ဓာတ်များပြားနေခြင်းမှာ ရင်သား ကင်ဆာကို စောစီးစွာပြသနေသော ဇီဝအမှတ် အသားဖြစ်နိုင်သည် ဟု သုတေသီများက သီအိုရီထုတ်ထားသည်။

သိပ္ပံပညာရှင်များသည် ၎င်းတို့၏ လေ့လာမှုတွင် ကင်ဆာ ရောဂါသည်များ၏ ရင်သားတစ်သျှူးငါးခုနှင့် သွေးနမူနာများ၊ ကင်ဆာမရှိသောတစ်သျှူးများနှင့် သွေးနမူနာများကို ရယူခဲ့သည်။ ယင်းနောက် သိရှိ မှတ်မိမှု အားကောင်းသော အိုင်ဆိုတုပ်များခွဲခြမ်း စိတ်ဖြာနည်းကို သုတေသီများက အသုံးပြု၍ ကင်ဆာ ဖြစ်ခြင်းနှင့် မဖြစ်ခြင်းကို ခွဲခြားနိုင်ခဲ့သည်။

ရင်သားကင်ဆာဆဲလ်များတွင် ဇင့်ပါဝင်မှုမြင့်မားကြောင်းသိခဲ့ သည်မှာ ဆယ်နှစ်ကျော်ကြာပြီဖြစ်သော် လည်း အကြောင်းရင်းကို အတိအကျမသိခဲ့ဟု အောက်စဖို့ဒ်သိပ္ပံပညာရှင် ဖီအိုနာလာနာက ရှင်းပြသည်။ ယခုအခါတွင် ကမ္ဘာမြေဖြစ်တည်မှု လေ့လာရေးနည်း လမ်းများကိုသုံး၍ ကင်ဆာဆဲလ်များက ဇင့်ဓာတ်ကို မည်သို့အသုံး ချသနည်းဆိုခြင်းနှင့် ရင်သားကင်ဆာကြောင့် လူတစ်ဦး၏ သွေး အတွင်း ဇင့်ဓာတ် အပြောင်းအလဲ ဖြစ်ပုံကို ဖော်ထုတ်နိုင်ခဲ့သည်ဟု အောက်စဖို့ဒ်သိပ္ပံပညာရှင်က ပြောကြားသည်။

ယင်းအတွက် လေ့လာမှုများထပ်မံပြုလုပ်ရန်လိုသော်လည်း သွေးစစ်၍ ကင်ဆာရောဂါနည်းလမ်း ငါးနှစ် အတွင်း ထွက်ပေါ်နိုင် ကြောင်း သိရသည်။ သုတေသနစာတမ်းကို Metallomics ဂျာနယ်တွင် ဖော်ပြ ထားသည်။

—Ref: UPI
7Day DAILY 

No comments:

Post a Comment