Thursday 11 December 2014

ကမ္ဘာ့ပွင့်လင်းမိတ်ဖက်နိုင်ငံများအဖွဲ့သို့ မြန်မာဝင်ရန် စီစဉ်

အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး၊ ပွင့်လင်းတာဝန်ခံ မှုရှိသော အစိုးရဖြစ်ရေးနှင့် အုပ် ချုပ်ရေးတွင် အရပ်သားများပါဝင် နိုင်ခွင့်မြှင့်တင်ရေး ဆောင်ရွက်ရ သည့် ကမ္ဘာ့ပွင့်လင်းမိတ်ဖက်နိုင် ငံများအဖွဲ့ (OGP) သို့ မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် ၀င်ရောက်မည် ဟု သတင်းရရှိသည်။

OGP အဖွဲ့သို့ ၀င်ရောက် ရန် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးဝင်းရှိန်၊ ဦးရဲထွဋ်၊ ဒေါက်တာ ကံဇော်အပါအ၀င် အဖွဲ့ဝင် ခုနစ် ဦးပါဝင်သည့် ကော်မတီကို ဖွဲ့ စည်းလိုက်ပြီဖြစ်ကာ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးအပါအ၀င် OGP အဖွဲ့က သတ်မှတ်ထား သည့် လုပ်ငန်းများကို ဆောင်ရွက် ရမည်ဟု နိုင်ငံတော်ပြန်တမ်းတွင် ဖော်ပြထားသည်။

ပြည်သူများ၏ လိုလားချက် များကို အစိုးရတာဝန်ယူမှုဖြင့် တုံ့ပြန်ဆောင်ရွက်နိုင်ရန်နှင့် နည်းပညာတီထွင် ကြံဆမှု တို့တွင် ပိုမိုတိုးတက်စေရန် OGP  အဖွဲ့ဝင်အဖြစ် မြန်မာက  ၀င်ရောက်လိုခြင်းဖြစ်ကြောင်း ဒီဇင်ဘာ ၉ ရက်က ထုတ်ပြန်သော နိုင်ငံတော် ပြန်တမ်းတွင် ဖော်ပြထားသည်။

OGP အဖွဲ့ဝင်ဖြစ်ရန်အ တွက် အချက်လေးချက်ကို အဓိကသတ်မှတ်ထားပြီး ဘဏ္ဍာရေးဆိုင် ရာ ပွင့်လင်းမြင်သာမှုရှိရေး (Fiscal Transparency)၊ ပြည်သူများသ တင်းအချက်အလက်ရရှိရေး (Access to Information)၊ အ ကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး နှင့် ပွင့်လင်းမြင်သာမှုရှိသည့် အစိုးရဖြစ်ရေး (Income and Asset Disclosures) နိုင်ငံသားများနှင့် အစိုးရတို့ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်မှု (Citizen Engage-ment)တို့ဖြင့် အဖွဲ့ဝင်ဖြစ်လာ မည့် နိုင်ငံကို တိုင်းတာကြောင်း OGP ၀က်ဘ်ဆိုက်က ဖော်ပြထား သည်။အဖွဲ့ဝင်နိုင်ငံအဖြစ် သန့်ရှင်းသော အစိုးရတစ်ရပ်ဟုတ်၊ မဟုတ်နှင့် တင်ပြလာသည့် (Action Plan) လုပ်ငန်းဆောင်ရွက်ချက် ကို ပြည်သူလူထု၏ ထောက်ခံအ ကြံပြုချက်များနှင့် တိုင်းတာပြီး အ နည်းဆုံး ယင်းအချက်လေးချက် တွင် ၇၅ ရာခိုင်နှုန်းကျော်မှသာ အဖွဲ့ဝင်နိုင်ငံဖြစ်လာမည် ဖြစ်သည်။

‘‘OGP အဖွဲ့အနေနဲ့ စဉ်းစား ရမှာက ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရကို ဒီမို ကရေစီ စနစ် မဟုတ်ဘူး။ အရပ်သားနဲ့ စစ်သားဟာ တန်းတူအ ခွင့်အရေးမရှိဘဲ စစ်တပ်က အခွင့်ထူး ခံဖြစ်နေတယ်။ ပြီးတော့ အရပ်ဘက်အဖွဲ့အစည်းတွေ အရင်က ထက် ပိုဖွဲ့လာနိုင်ပေမယ့် အစိုးရ ရော လွှတ်တော်ကပါ CSO တွေရဲ့အရေးပါတဲ့ကဏ္ဍမှာပါတယ်လို့ ကို မမြင်သေးဘူး။ ဒီတော့ OGP ထဲ ၀င်နိုင်ဖို့တော့ လတ်တလောမှာ လိုအပ်ချက်တွေရှိသေးတယ်’’ ဟု ပန်းစကားလှုပ်ရှားမှုအဖွဲ့ တည်ထောင် သူ ဘလော့ဂ် ဂါ ကိုနေဘုန်းလတ်က ပြောသည်။

မြန်မာနိုင်ငံသည် ယင်းအ ချက်လေးချက်ဖြင့် ပြည့်စုံသည့် အနေအထားမျိုး မဟုတ်သေးဘဲ အုပ်ချုပ်ရေး တွင်လည်း အရပ် သားများနှင့် အရပ်ဘက်အဖွဲ့အ စည်းများ ပါဝင်လှုပ်ရှားမှုမှာ မရှိ သလောက်နည်းပါး နေသည်။ ထို့ ပြင် သတင်းအချက်အလက်ရယူခွင့်နှင့် ပြည်သူလိုလားချက်များကို အစိုးရက တာဝန်ခံဖြည့် ဆည်းမှု ပိုင်းတွင်လည်း လိုအပ်ချက်များရှိ နေဆဲ ဖြစ်သည်။ ဝေဖန်ခံရဆုံးမှာ ဘဏ္ဍာရေးဆိုင်ရာ ပွင့်လင်း မြင်သာမှုနှင့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဖြစ်ပြီး အစိုးရသစ် လက်ထက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဖွဲ့ပြီး သည့်နောက် တိုင်ကြားမှုပေါင်း များစွာအနက် နှစ်မှုကိုသာ ဖြေရှင်းပေးနိုင် ခဲ့ကြောင်း ယင်းကော်မရှင် က သတင်းထုတ်ပြန်သည်။

ထို့ပြင် မြန်မာနိုင်ငံသည် အကျင့်ပျက်ခြစားမှုအဆိုးရွားဆုံး နိုင်ငံများစာရင်းတွင် အဆင့် ၁၅၆ဖြင့် ရပ်တည် နေကြောင်း နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့အစည်းက ထုတ်ပြန်ခဲ့သည်။

ပွင့်လင်းမိတ်ဖက်နိုင်ငံများ အဖွဲ့ (OGP) ကို ၂၀၁၁ ခုနှစ်တွင်ဘရာဇီး၊ နော်ဝေး၊ တောင်အာဖရိ က၊ ဗြိတိန်၊ အမေရိကန်နှင့် အင် ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတို့ ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပြီး အစိုးရများ ပိုမိုပွင့် လင်းမြင်သာမှု ရှိရန်၊ တာဝန်ခံမှုရှိ ရန်နှင့် နိုင်ငံသားများ၏ လိုလား ချက်များကို တုံ့ပြန်ဆောင်ရွက် ပေးရန်အတွက် နိုင်ငံ တကာဆွေး နွေးမှု လမ်းကြောင်းတစ်ခုကို ဖန် တီးပေးခြင်း ဖြစ်သည်။

သုံးနှစ်အတွင်း အဖွဲ့ဝင်နိုင်ငံပေါင်း ၆၅ နိုင်ငံအထိရှိလာပြီး အစိုးရ၏ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ပွင့် လင်း မြင်သာမှု ရှိစေရန် အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများကြား ရည်မှန်းချက်များကိုအတူလက်တွဲ ဆောင်ရွက်နေကြ သည်။  

7Day DAILY 

No comments:

Post a Comment