Thursday 11 December 2014

နိုင်ငံရေး မတည်မငြိမ် ဖြစ်နေစဉ် အစ္စရေး ပါလီမန်ကို ဖျက်သိမ်း

Photo: နိုင်ငံရေး မတည်မငြိမ် ဖြစ်နေစဉ် အစ္စရေး ပါလီမန်ကို ဖျက်သိမ်း
Thursday, December 11, 2014

အစ္စရေးနိုင်ငံတွင် နိုင်ငံရေး မငြိမ်မသက် ဖြစ်လျက်ရှိနေစဉ် အမတ်များက လွှတ်တော်ကို ဖျက်သိမ်းရန် ဆန္ဒမဲ ပေးခဲ့ကြသည်။ လွှတ်တော် ဖျက်သိမ်းရေး အဆိုကို အမတ် ၁၂၀ က ထောက်ခံပြီး ကြားနေမဲ ၉၃ မဲရှိသည်။ ကန့် ကွက်မဲ မရှိကြောင်း သိရသည်။

အစိုးရ၏ အုပ်ချုပ်ရေး မူဝါဒကို ဝေဖန်ခဲ့ကြသည့် ကတ်ဘိနက် အဖွဲ့ဝင် နှစ်ဦးကို ရာထူးမှ ဖယ်ရှား ခဲ့ပြီးနောက် လွှတ်တော် ဖျက်သိမ်းရေး အတွက် ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက တောင်းဆိုခဲ့သည်။ ရွေးကောက်ပွဲ များကို လာမည့် မတ်လ ၁၇ ရက်တွင် ကျင်းပပေး နိုင် ဖွယ် ရှိကြောင်း အစ္စရေး လွှတ်တော် ဥက္ကဌ ဖြစ်သူက ပြီးခဲ့သည့် သီတင်းပတ်က ပြောထားသည်။

အစ္စရေး အရပ်သားများကို အစွန်းရောက်များက တိုက်ခိုက်လာ လျက်ရှိနေ သောကြောင့်  လွှတ်တော် ဖျက်သိမ်းရေးကို လုပ်ဆောင် လာ ခြင်းလည်း ဖြစ်သည်။ အစိုးရ အကွဲအပြဲက အစ္စရေး၏ ပြဿနာ တစ်ရပ်ပင် ဖြစ်ကြောင်း၊ ဆွေးနွေး ငြင်းခုံမှု များစွာ၊ ခြေထိုး ပြောဆိုမှု များနှင့် ခြိမ်းခြောက် ကြိမ်းမောင်းမှုများ ရှိနေကြောင်း ပြီးခဲ့သည့် သီတင်းပတ်က သတင်းထောက် များကို နေတန်ယာဟုက ပြောခဲ့သည်။

နေတန်ယာဟုက ၎င်း၏ ဝန်ကြီးအဖွဲ့ရှိ  ပြိုင်ဖက်ပါတီမှ ပါတီဝင်များ ဖြစ်သည့် ဘဏ္ဍာရေး ဝန်ကြီး ယဲအားလာပစ်နှင့် တရားရေး ဝန်ကြီး တီဇီပီလီဗနီတို့ကို နှုတ်ထွက်စာ တင်ခိုင်းခဲ့ခြင်း ဖြစ်သည်။ "ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ၊ အထူးသဖြင့် ဒီရက်ပိုင်း အတွင်းမှာ အဲဒီ ဝန်ကြီး နှစ်ဦးက ကျွန်တော် ဦးဆောင်နေတဲ့ အစိုးရ အဖွဲ့ ကို အပြင်းအထန် တိုက်ခိုက်လာ ပါတယ်။ အစိုးရရဲ့ မူဝါဒကို တိုက်ခိုက်နေတဲ့ ဝန်ကြီးတွေကို ကျွန်တော် အလိုမရှိဘူး"ဟု နေတန်ယာဟုက ပြောခဲ့သည်။

အစ္စရေး နိုင်ငံသည် ပြီးခဲ့သည့် ၂၂ လခန့် က နောက်ဆုံး ရွေးကောက်ပွဲများကို ကျင်းပခဲ့သည်။ နောက်ထပ် ရွေးကောက်ပွဲ တစ်ရပ်ကို အချိန်သိပ်မကွာဘဲ ကျင်းပခြင်းကို မလိုလားသည်မှာ ၅၅ ရာခိုင်နှုန်း ရှိကြောင်း အစ္စရေး နိုင်ငံ၏ ရုပ်သံလိုင်းဖြစ်သည့် Channel 2 ရုပ်သံလိုင်းက ကောက်ယူသည့် စစ်တမ်း အရ သိရသည်။

Ref: CNN
Mizzima - News in Burmese
အစ္စရေးနိုင်ငံတွင် နိုင်ငံရေး မငြိမ်မသက် ဖြစ်လျက်ရှိနေစဉ် အမတ်များက လွှတ်တော်ကို ဖျက်သိမ်းရန် ဆန္ဒမဲ ပေးခဲ့ကြသည်။ လွှတ်တော် ဖျက်သိမ်းရေး အဆိုကို အမတ် ၁၂၀ က ထောက်ခံပြီး ကြားနေမဲ ၉၃ မဲရှိသည်။ ကန့် ကွက်မဲ မရှိကြောင်း သိရသည်။

အစိုးရ၏ အုပ်ချုပ်ရေး မူဝါဒကို ဝေဖန်ခဲ့ကြသည့် ကတ်ဘိနက် အဖွဲ့ဝင် နှစ်ဦးကို ရာထူးမှ ဖယ်ရှား ခဲ့ပြီးနောက် လွှတ်တော် ဖျက်သိမ်းရေး အတွက် ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက တောင်းဆိုခဲ့ သည်။ ရွေးကောက်ပွဲ များကို လာမည့် မတ်လ ၁၇ ရက်တွင် ကျင်းပပေး နိုင် ဖွယ် ရှိကြောင်း အစ္စရေး လွှတ်တော် ဥက္ကဌ ဖြစ်သူက ပြီးခဲ့သည့် သီတင်းပတ်က ပြောထားသည်။

အစ္စရေး အရပ်သားများကို အစွန်းရောက်များက တိုက်ခိုက်လာ လျက်ရှိနေ သောကြောင့်  လွှတ်တော် ဖျက်သိမ်းရေးကို လုပ်ဆောင် လာ ခြင်းလည်း ဖြစ်သည်။ အစိုးရ အကွဲအပြဲက အစ္စရေး၏ ပြဿနာ တစ်ရပ်ပင် ဖြစ်ကြောင်း၊ ဆွေးနွေး ငြင်းခုံမှု များစွာ၊ ခြေထိုး ပြောဆိုမှု များနှင့် ခြိမ်းခြောက် ကြိမ်းမောင်းမှုများ ရှိနေကြောင်း ပြီးခဲ့သည့် သီတင်းပတ်က သတင်းထောက် များကို နေတန်ယာဟုက ပြောခဲ့သည်။

နေတန်ယာဟုက ၎င်း၏ ဝန်ကြီးအဖွဲ့ရှိ  ပြိုင်ဖက်ပါတီမှ ပါတီဝင်များ ဖြစ်သည့် ဘဏ္ဍာရေး ဝန်ကြီး ယဲအားလာပစ်နှင့် တရားရေး ဝန်ကြီး တီဇီပီလီဗနီတို့ကို နှုတ်ထွက်စာ တင်ခိုင်းခဲ့ခြင်း ဖြစ်သည်။ "ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ၊ အထူးသဖြင့် ဒီရက်ပိုင်း အတွင်းမှာ အဲဒီ ဝန်ကြီး နှစ်ဦးက ကျွန်တော် ဦးဆောင်နေတဲ့ အစိုးရ အဖွဲ့ ကို အပြင်းအထန် တိုက်ခိုက်လာ ပါတယ်။ အစိုးရရဲ့ မူဝါဒကို တိုက်ခိုက်နေတဲ့ ဝန်ကြီးတွေကို ကျွန်တော် အလိုမရှိဘူး"ဟု နေတန်ယာဟုက ပြောခဲ့သည်။

အစ္စရေး နိုင်ငံသည် ပြီးခဲ့သည့် ၂၂ လခန့် က နောက်ဆုံး ရွေးကောက်ပွဲများကို ကျင်းပခဲ့သည်။ နောက်ထပ် ရွေးကောက်ပွဲ တစ်ရပ်ကို အချိန်သိပ်မကွာဘဲ ကျင်းပခြင်းကို မလိုလားသည်မှာ ၅၅ ရာခိုင်နှုန်း ရှိကြောင်း အစ္စရေး နိုင်ငံ၏ ရုပ်သံလိုင်းဖြစ်သည့် Channel 2 ရုပ်သံလိုင်းက ကောက်ယူသည့် စစ်တမ်း အရ သိရသည်။

Ref: CNN
Mizzima - News in Burmese 

No comments:

Post a Comment