Friday 12 December 2014

ဟောင်ကောင်ဆန္ဒပြသူ များ၏ အဓိက သပိတ်စခန်း တစ်ခုကို အာဏာပိုင်များ စတင်ဖျက်သိမ်း

Photo: ဟောင်ကောင်ဆန္ဒပြသူ များ၏ အဓိက သပိတ်စခန်း တစ်ခုကို အာဏာပိုင်များ စတင်ဖျက်သိမ်း
Friday, December 12, 2014

ဟောင်ကောင်ဒေသရှိ ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများ၏ အဓိက သပိတ်စခန်းတစ်ခုဖြစ် သည့် ရေတပ် ဦးစီးဌာန သပိတ်စခန်းကို အာဏာပိုင်များက ဒီဇင်ဘာ ၁၁ ရက်က စတင်ဖျက်သိမ်းခဲ့သည်။

ဟောင်ကောင်တွင် ရွေးကောက်ပွဲများကို လွတ်လပ်စွာကျင်းပခွင့်ရရေးအတွက် ဆန္ဒြုပသူများက အဓိက လမ်းမကြီးများတွင် သပိတ်စခန်း များ ဖွင့်၍ နှစ်လကျော်ကြာ တောင်းဆိုနေခဲ့ကြသော်လည်း ယခုအခါ အာဏာပိုင်များက အဓိကသပိတ်စခန်းများကို လိုက်လံဖျက်သိမ်းနေ ပြီဖြစ်သည်။ လုပ်သားများစွာသည် အဆိုပါ သပိတ်စခန်း၏ အဆုံးတစ်ဖက်ရှိ အတားအဆီးများကို စတင်ဖျက်သိမ်းခဲ့ပြီး ကျန်ရှိသည့် ဘက်ခြမ်းကိုလည်း ထပ်မံရှင်းလင်းသွားမည်ဖြစ်သည်။

သပိတ်စခန်းရှိ အကာအရံများကို လုပ်သားများက ဖျက်သိမ်းနေစဉ် ရဲများလည်း အနီးတွင် စောင့်ကြပ်နေခဲ့ကြသည်။ “သပိတ်စခန်း ဖျက်သိမ်းဖို့ ထုတ်ထားတဲ့ တရားရုံးအမိန့်ကို လူတိုင်းက လိုက်နာပေးပြီး ချက်ချင်း ထွက်ခွာပေးသင့်ပါတယ်” ဟု တရားရုံး ၀န်ထမ်းတစ်ဦးက ပြောသည်။

ယခု ရှင်းလင်းမှုများကို တားဆီးသူများသည် တရားရုံးအမိန့်ကို မထီမဲ့မြင်ပြုမှုဖြင့် ဖမ်းဆီးခံရမည်ဟု ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၁ ရက် အစောပိုင်းက သတိပေးခဲ့သည်။ သပိတ်ဧရိယာအတွင်းမှ ထွက်ခွာရန် ငြင်းဆန်သူများကိုလည်း ဖမ်းဆီးမည်ဟု ရဲများက ပြောကြား ခဲ့သေးသည်။

ဆန္ဒပြသမားအများစုသည် စခန်းအတွင်းရှိ ခေါင်းအုံးများ၊ စောင်များ နှင့် ပိုင်ဆိုင်မှုပစ္စည်းများကို ထုတ်ပိုး၍ စခန်းအတွင်းမှ ထွက်ရန် ပြင်ဆင် ခဲ့ကြချိန်ပြီး အစောပိုင်းကာလက ခုခံတားဆီးမှုအနည်းငယ် ဖြစ်ပွားခဲ့သေးသည်။“ ကျွန်တော့် သူငယ်ချင်းတချို့က ဆက်နေဖို့ လုပ်နေပေ မယ့် ကျွန်တော်ကတော့ ထွက်လာခဲ့ပါပြီ“ ဟု အသက် ၂၀ အရွယ် ဆန္ဒပြကျောင်းသား တစ်ဦးဖြစ်သည့် လူစီတန်ကပြောသည်။

ဆန္ဒပြမှုများသည်  ဗြိတိန်ကိုလိုနီလက်အောက်ခံဖြစ်ခဲ့သည့် ဟောင်ကောင်ဒေသကို ဒီမိုကရေစီ လှုပ်ရှားမှုတစ်ခုအဖြစ် အသက်သွင်းပေး လိုက်ခြင်းပင်ဖြစ်သည်ဟု ဆန္ဒပြသူအချို့ကပြောသည်။ “ ဒီလှုပ်ရှားမှုက ဒေသကို နိုးထစေခဲ့ပါတယ်၊ အရင်က နိုင်ငံရေးကို စိတ်မ၀င်စားတဲ့ သူတွေက ခုဆိုရင် အဖမ်းခံရမှာကိုလည်း မကြောက်ကြတော့ပါဘူး၊ အထူးသဖြင့် လူငယ်တွေပေါ့” ဟု အလုပ်သမားပါတီမှ လီချွန်ယန် က ပြောသည်။

ဟောင်ကောင် ကျောင်းသားများ အဖွဲ့ချုပ် HKFS ၏ ခေါင်းဆောင် အဲလက်စ် ချိုးက ၎င်းတို့ ကျောင်းသားခေါင်းဆောင်များသည် သပိတ်စခန်းများတွင် ဆက်နေမည်ဖြစ်ပြီး ရဲများကို ခုခံသွားမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ “ ရဲတွေက အင်အားသုံးပြီး ဖြေရှင်းမယ် ဆိုရင် ကျွန်တော်တို့အစိုးရက ဘယ်လိုအစိုးရလဲဆိုတာ ကမ္ဘာက သိပါလိမ့်မယ်” ဟု ချိုးက ပြောကြားခဲ့သည်။ ယခု ထွက်ခွာသွားသော ဆန္ဒပြသမားများက လမ်းများတွင် ပြန်လည်၍ သပိတ်စခန်းများ ဖွင့်လှစ်ခြင်း မပြုလုပ်နိုင်ရန် အာဏာပိုင်များက အဆင်သင့်ရှိနေမည် ဟု သိရသည်။

Ref: AFP, Reuters
Mizzima - News in Burmese 

ဟောင်ကောင် အက်မာရတီအရပ်ရှိ ဆန္ဒပြစခန်းဟောင်း တစ်နေရာ။ ဓာတ်ပုံ - AFP
ဟောင်ကောင် အက်မာရတီအရပ်ရှိ ဆန္ဒပြစခန်းဟောင်း တစ်နေရာ။ ဓာတ်ပုံ - AFP
ဟောင်ကောင်ဒေသရှိ ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများ၏ အဓိကသပိတ်စခန်းတစ်ခုဖြစ်သည့် ရေတပ် ဦးစီးဌာန သပိတ်စခန်းကို အာဏာပိုင်များက ဒီဇင်ဘာ ၁၁ ရက်က စတင်ဖျက်သိမ်းခဲ့သည်။

ဟောင်ကောင်တွင် ရွေးကောက်ပွဲများကို လွတ်လပ်စွာကျင်းပခွင့်ရရေးအတွက် ဆန္ဒြုပသူများက အဓိက လမ်းမကြီးများတွင် သပိတ်စခန်း များ ဖွင့်၍ နှစ်လကျော်ကြာ တောင်းဆိုနေခဲ့ကြသော်လည်း ယခုအခါ အာဏာပိုင်များက အဓိကသပိတ်စခန်းများကို လိုက်လံဖျက်သိမ်းနေ ပြီဖြစ်သည်။ လုပ်သားများစွာသည် အဆိုပါ သပိတ်စခန်း၏ အဆုံးတစ်ဖက်ရှိ အတားအဆီးများကို စတင်ဖျက်သိမ်းခဲ့ပြီး ကျန်ရှိသည့် ဘက်ခြမ်းကိုလည်း ထပ်မံရှင်းလင်းသွားမည်ဖြစ်သည်။

သပိတ်စခန်းရှိ အကာအရံများကို လုပ်သားများက ဖျက်သိမ်းနေစဉ် ရဲများလည်း အနီးတွင် စောင့်ကြပ် နေခဲ့ကြသည်။ “သပိတ်စခန်း ဖျက်သိမ်းဖို့ ထုတ်ထားတဲ့ တရားရုံးအမိန့်ကို လူတိုင်းက လိုက်နာပေးပြီး ချက်ချင်း ထွက်ခွာပေးသင့်ပါတယ်” ဟု တရားရုံး ၀န်ထမ်းတစ်ဦးက ပြောသည်။

ယခု ရှင်းလင်းမှုများကို တားဆီးသူများသည် တရားရုံးအမိန့်ကို မထီမဲ့မြင်ပြုမှုဖြင့် ဖမ်းဆီးခံရမည်ဟု ရဲတပ်ဖွဲ့ က ဒီဇင်ဘာ ၁၁ ရက် အစောပိုင်းက သတိပေးခဲ့သည်။ သပိတ်ဧရိယာအတွင်းမှ ထွက်ခွာရန် ငြင်းဆန်သူများကိုလည်း ဖမ်းဆီးမည်ဟု ရဲများက ပြောကြား ခဲ့သေးသည်။

ဆန္ဒပြသမားအများစုသည် စခန်းအတွင်းရှိ ခေါင်းအုံးများ၊ စောင်များ နှင့် ပိုင်ဆိုင်မှုပစ္စည်းများကို ထုတ်ပိုး၍ စခန်းအတွင်းမှ ထွက်ရန် ပြင်ဆင် ခဲ့ကြချိန်ပြီး အစောပိုင်းကာလက ခုခံတားဆီးမှုအနည်းငယ် ဖြစ်ပွားခဲ့သေးသည်။“ ကျွန်တော့် သူငယ်ချင်းတချို့က ဆက်နေဖို့ လုပ်နေပေ မယ့် ကျွန်တော်ကတော့ ထွက်လာခဲ့ပါပြီ“ ဟု အသက် ၂၀ အရွယ် ဆန္ဒပြကျောင်းသား တစ်ဦးဖြစ်သည့် လူစီတန်ကပြောသည်။

ဆန္ဒပြမှုများသည်  ဗြိတိန်ကိုလိုနီလက်အောက်ခံဖြစ်ခဲ့သည့် ဟောင်ကောင်ဒေသကို ဒီမိုကရေစီ လှုပ်ရှားမှုတစ်ခုအဖြစ် အသက်သွင်းပေး လိုက်ခြင်းပင်ဖြစ်သည်ဟု ဆန္ဒပြသူအချို့ကပြောသည်။ “ ဒီလှုပ်ရှားမှုက ဒေသကို နိုးထစေခဲ့ပါတယ်၊ အရင်က နိုင်ငံရေးကို စိတ်မ၀င်စားတဲ့ သူတွေက ခုဆိုရင် အဖမ်းခံရမှာကိုလည်း မကြောက်ကြတော့ပါဘူး၊ အထူးသဖြင့် လူငယ်တွေပေါ့” ဟု အလုပ်သမားပါတီမှ လီချွန်ယန် က ပြောသည်။

ဟောင်ကောင် ကျောင်းသားများ အဖွဲ့ချုပ် HKFS ၏ ခေါင်းဆောင် အဲလက်စ် ချိုးက ၎င်းတို့ ကျောင်းသား ခေါင်းဆောင်များသည် သပိတ်စခန်းများတွင် ဆက်နေမည်ဖြစ်ပြီး ရဲများကို ခုခံသွားမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ “ ရဲတွေက အင်အားသုံးပြီး ဖြေရှင်းမယ် ဆိုရင် ကျွန်တော်တို့အစိုးရက ဘယ်လိုအစိုးရ လဲဆိုတာ ကမ္ဘာက သိပါလိမ့်မယ်” ဟု ချိုးက ပြောကြားခဲ့သည်။ ယခု ထွက်ခွာသွားသော ဆန္ဒပြသမားများ က လမ်းများတွင် ပြန်လည်၍ သပိတ်စခန်းများ ဖွင့်လှစ်ခြင်း မပြုလုပ်နိုင်ရန် အာဏာပိုင်များက အဆင်သင့် ရှိနေမည် ဟု သိရသည်။

Ref: AFP, Reuters
Mizzima - News in Burmese 

No comments:

Post a Comment