Tuesday 9 December 2014

တရုတ်တွင် ဘုန်းကြီး အတုအယောင်များကို နှိမ်နင်းမည့် အစီအစဉ် စတင်

Photo: တရုတ်တွင် ဘုန်းကြီး အတုအယောင်များကို နှိမ်နင်းမည့် အစီအစဉ် စတင်
Tuesday, December 9, 2014

တရုတ်တွင် ဘုန်းကြီး အတုအယောင်များကို နှိမ်နင်းသည့် အနေနှင့် ဥပဒေအရ အသိအမှတ်ပြုသည့် ဝတ်ပြုကျောင်းများဆိုင်ရာ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးသည့် အစီအစဉ်ကို ပြုလုပ်နေလျက် ရှိကြောင်း BBC သတင်းတစ်ရပ် က ဖော်ပြထားသည်။

တာအိုကျောင်းတော်များနှင့် ဗုဒ္ဓဘာသာကျောင်းများကို အစိုးရ အသိအမှတ်ပြု ဖြစ်ကြောင်း သိသာစေမည့် စာရွက်စာတမ်းများကို ကျောင်းအပြင်များတွင် ချိတ်ဆွဲထားမည် ဖြစ်သည်။

ယင်းသို့ ပြုလုပ်ရခြင်း ရည်ရွယ်ချက်မှာ ဘုန်းကြီးအတုများ၊ ဘုန်းတော်ကြီး ကျောင်း အတုများနှင့် အမှန်စင်စစ် သာသနာ့ နယ်မြေများကို ခွဲခြားနိုင်ရန် ဖြစ်သည်ဟု တရုတ်အာဏာပိုင်တို့က ဆိုသည်။

အချို့လူပုဂ္ဂိုလ်များသည် ဘုန်းတော်ကြီးများ အယောင်ဆောင်လျက် သာသနာ့ နယ်မြေများတွင် ဧည့်သည်များထံမှ ငွေကြေးလိမ်လည်မှုများ ရှိနေသည်ဟု တရုတ်အာဏာပိုင်က ထောက်ပြထားသည်။

“ဘုန်းကြီးအတုတွေ ငှားထားပြီးတော့ လာတဲ့ ဧည့်သည်တွေကို လှည့်စားပြီး ငွေအလှူခံတာတို့၊ ဈေးကြီးတဲ့ အမွှေးနံ့သာတွေ ရောင်းတာတို့ လုပ်နေပါတယ်” ဟု တရုတ်သာသနာရေး ဌာနမှ အရာရှိ လုဝေက ပြောကြားသည်။

လာရောက်လည်ပတ် ဘုရားဖူးလာကြသူများ သိသာနိုင်စေမည့် ဘုရားကျောင်း အပြင်ဘက်တွင် သာသနာရေးက ထုတ်ပေးထားသော အသိအမှတ်ပြု လက်မှတ် များ ချိတ်ဆွဲထားရန် ညွှန်ကြားထားသေးသည်။

မြို့တော်ဘေဂျင်းရှိ ဘုရားကျောင်း နှစ်ကျောင်းကို ယင်းအသိအမှတ်ပြု လက်မှတ် ထုတ်ပေးခဲ့ပြီး ဖြစ်ကာ ထိုစနစ်အတိုင်း တစ်တိုင်းပြည်လုံးကို လုပ်ဆောင်စေမည် ဖြစ်သည်။

မည်သည့် ဘာသာရေး လှုပ်ရှားမှုမျိုးမဆို အကျိုးအမြတ် ရယူခြင်းကို တရုတ် တွင် တားမြစ်ထားပါသည်ဟု Xinhua သတင်းက ရေးသားဖော်ပြထားသည်။

တရုတ်တွင် ဘာသာရေးကို စီးပွားရေးသဖွယ် လုပ်ဆောင်နေမှုများကို ဖော်ထုတ်ပြီး အရေးယူမှုများ လုပ်ဆောင်နေခဲ့သည်။

၂၀၁၃ ခုနှစ်တွင်လည်း UNESCO က အသိအမှတ်ပြုထားသော ဝူတန်တောင် တွင် ရှိသော ဘုရားကျောင်း နှစ်ကျောင်းကို ရဟန်းတုများ ငှားရမ်း အသုံးပြုမှုဖြင့် ချိပ်ပိတ်ခဲ့သည်။

The Voice Weekly
တရုတ်တွင် ဘုန်းကြီး အတုအယောင်များကို နှိမ်နင်းသည့်အနေနှင့် ဥပဒေအရ အသိအမှတ်ပြုသည့် ဝတ်ပြုကျောင်းများဆိုင်ရာ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးသည့် အစီအစဉ်ကို ပြုလုပ်နေလျက် ရှိကြောင်း BBC သတင်းတစ်ရပ် က ဖော်ပြထားသည်။
တာအိုကျောင်းတော်များနှင့် ဗုဒ္ဓဘာသာကျောင်းများကို အစိုးရ အသိအမှတ်ပြု ဖြစ်ကြောင်း သိသာစေမည့် စာရွက်စာတမ်းများကို ကျောင်းအပြင်များတွင် ချိတ်ဆွဲထားမည် ဖြစ်သည်။

ယင်းသို့ ပြုလုပ်ရခြင်း ရည်ရွယ်ချက်မှာ ဘုန်းကြီးအတုများ၊ ဘုန်းတော်ကြီးကျောင်း အတုများနှင့် အမှန် စင်စစ် သာသနာ့ နယ်မြေများကို ခွဲခြားနိုင်ရန် ဖြစ်သည်ဟု တရုတ်အာဏာပိုင်တို့က ဆိုသည်။

အချို့လူပုဂ္ဂိုလ်များသည် ဘုန်းတော်ကြီးများ အယောင်ဆောင်လျက် သာသနာ့ နယ်မြေများတွင် ဧည့်သည် များထံမှ ငွေကြေးလိမ်လည်မှုများ ရှိနေသည်ဟု တရုတ်အာဏာပိုင်က ထောက်ပြထားသည်။

“ဘုန်းကြီးအတုတွေ ငှားထားပြီးတော့ လာတဲ့ ဧည့်သည်တွေကို လှည့်စားပြီး ငွေအလှူခံတာတို့၊ ဈေးကြီးတဲ့ အမွှေးနံ့သာတွေ ရောင်းတာတို့ လုပ်နေပါတယ်” ဟု တရုတ်သာသနာရေး ဌာနမှ အရာရှိ လုဝေက ပြော ကြားသည်။

လာရောက်လည်ပတ် ဘုရားဖူးလာကြသူများ သိသာနိုင်စေမည့် ဘုရားကျောင်း အပြင်ဘက်တွင် သာသနာ ရေးက ထုတ်ပေးထားသော အသိအမှတ်ပြု လက်မှတ် များ ချိတ်ဆွဲထားရန် ညွှန်ကြားထားသေးသည်။

မြို့တော်ဘေဂျင်းရှိ ဘုရားကျောင်း နှစ်ကျောင်းကို ယင်းအသိအမှတ်ပြု လက်မှတ်ထုတ်ပေးခဲ့ပြီး ဖြစ်ကာ ထိုစနစ်အတိုင်း တစ်တိုင်းပြည်လုံးကို လုပ်ဆောင်စေမည် ဖြစ်သည်။

မည်သည့် ဘာသာရေး လှုပ်ရှားမှုမျိုးမဆို အကျိုးအမြတ် ရယူခြင်းကို တရုတ်တွင် တားမြစ်ထားပါသည်ဟု Xinhua သတင်းက ရေးသားဖော်ပြထားသည်။

တရုတ်တွင် ဘာသာရေးကို စီးပွားရေးသဖွယ် လုပ်ဆောင်နေမှုများကို ဖော်ထုတ်ပြီး အရေးယူမှုများ လုပ် ဆောင်နေခဲ့သည်။

၂၀၁၃ ခုနှစ်တွင်လည်း UNESCO က အသိအမှတ်ပြုထားသော ဝူတန်တောင် တွင် ရှိသော ဘုရားကျောင်း နှစ်ကျောင်းကို ရဟန်းတုများ ငှားရမ်း အသုံးပြုမှုဖြင့် ချိပ်ပိတ်ခဲ့သည်။

The Voice Weekly 

No comments:

Post a Comment