Wednesday 10 December 2014

သရေခေတ်္တရာ ပျူမြို့ဟောင်းများကိုယူနက်စကိုက ကမ္ဘာ့အမွေအနစ် စာရင်းဝင် အသိအမှတ်ပြုလွှာ ပေးအပ်

ပဲခူးတိုင်းဒေသကြီးနှင့် ပြည်မြို့ရှိ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် သရေခေတ္တရာ ပျူမြို့ဟောင်း များကို ကုလသမဂ္ဂပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ယူနက်စကိုက ဒီဇင်ဘာလ ၉ ရက် နံနက်ပိုင်းက ကမ္ဘာ့အမွေအနှစ် စာရင်းဝင် အသိအမှတ်ပြုလွှာ အားလွှဲပြောင်းပေး အပ်ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများရှိ ဟန်လင်း၊ သရေခေတ္တရာနှင့် ဗိဿသနိုး မြို့ဟောင်းများကို ပြီးခဲ့သည့်ဇွန်လ ၂၂ရက်က ကမ္ဘာအမွေအနှစ်စာရင်းဝင်မြို့များအဖြစ် ကုလသမဂ္ဂ ပညာရေးသိပံ္ပနှင့် ယဉ်ကျေးမှုအဖွဲ့ ယူနက်စကိုက သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ယဉ်ကျေးမှုနယ်မြေ နဂါးတွန့် တံခါးနှင့် လုလင်ကျော်တံခါးပေါက်တို့တွင် စိုက်ထူထားသည့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် Logo ကမ္ပည်း ကျောက်စာတိုင်များကို ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဉဏ်ဝင်းနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်စန္ဒာခင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်၍ အမွှေးနံ့သာရည်များ ပက် ဖျန်းပေးခဲ့ကြောင်း သိရသည်။ 

ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ၀န် ကြီး ဒေါ်စန်္ဒာခင်က ““နိုင်ငံသားအားလုံး အားမိမိရဲ့ ယဉ်ကျေးမှုကို ဂုဏ် ယူမြတ်နိုး တန်ဖိုးထားလာတာနဲ့ တပြိုင်နက်ထဲဆက် လက်ပြီးတော့ ထိန်းသိမ်းကာကွယ်စောင့် ရှောက်ဖို့ လဲလိုပါတယ် ၊ ဒီလိုယဉ်ကျေးမှု အမွေအနှစ်တွေ ရေရှည်တည်တံ့ဖို့အတွက်လည်း မိမိတို့နိုင်ငံသားတွေ တင်မကဘဲ ကမ္ဘာနိုင်ငံတွေကပါ ပညာငွေကြေး ကူညီမှုတွေရရှိလာမှာပါ”” ဟုပြောကြားခဲ့သည်။

ကာတာနိုင်ငံမှာ ပြီးခဲ့သည့် ဇွန်လ ၂၂ရက်က ကျင်းပခဲ့သည့် (၃၈)ကြိမ် မြောက်ကမ္ဘာ့အမွေအနှစ် ကော် မတီ အစည်းအဝေးတွင် ယင်းမြို့သုံးမြို့ကို ကမ္ဘာအမွေအနစ်စာရင်းအဖြစ် အသိအမှတ်ပြုခဲ့ခြင်းဖြစ်သည်။

မျိုးကျော်စိုး
Pyimyanmar 

No comments:

Post a Comment