Tuesday 9 December 2014

ရေနံစိမ်းများ တရားမဝင် သိုလှောင်ထားသူ နှစ်ဦးကို ဖမ်းဆီးအရေးယူ

ရေနံတူးဖော်ရေးလုပ်ကွက် အတည်တကျမရှိဘဲ နေအိမ်ခြံဝင်းအတွင်း ရေနံစိမ်းများ တရားမဝင်သိုလှောင် ထားသူနှစ်ဦးကို အမှုဖွင့်အရေးယူခဲ့သည့် ဖြစ်စဉ်တစ်ခု ဒီဇင်ဘာလ ၆ ရက်က မြိုင်မြို့နယ်အတွင်း ဖြစ်ပွား ခဲ့သည်ဟု မကွေးတိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ဆူးဝင်းကျေးရွာတွင် နေထိုင်သည့် ဦးဇော်ဝိတ် နေအိမ်ခြံအတွင်းသို့ စစ်ဆေးရာမှ ရေနံစိမ်းဂါလန် ၄၀ဝ ခန့် သိုလှောင်ထားသည့် သိုလှောင်ကန်တစ်ကန်နှင့် ဂါလန် ၅၀ ခန့် ပါဝင်သည့် ရေနံစိမ်းပီပါ ၁၂ လုံးကို စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါခြံဝင်းအတွင်း ဖမ်းမိခဲ့သည့် ရေနံစိမ်းဂါလန် ၁,ဝ၀ဝ တန်ဖိုးမှာ ကျပ် ၁၆ သိန်းခန့်ရှိပြီး အခြားရေနံ နှင့် ပက်သတ်သည့် ဆက်စပ် ပစ္စည်းများလည်း သိမ်းဆည်းခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းနောက်မြိုင်မြို့နယ်၊ ကျောက်ခွက် ကျေးရွာတွင် နေထိုင်သည့် ဦးပေါဝင်း၏ နေအိမ်ခြံဝင်းအတွင်းသို့ ဝင်ရောက်စစ်ဆေးရာ ရေနံစိမ်း သိုလှောင်ကန် နှင့် ပီပါများ ထပ်မံဖမ်းမိခဲ့သည်။

ကျောက်ခွက်ကျေးရွာရှိ ဦးပေါဝင်း နေအိမ်ခြံဝင်းအတွင်း ရေနံစိမ်း ၂၅၀ ဂါလန်ပါ သိုလှောင်ကန် တစ်ကန်နှင့် တစ်ပီပါလျှင် ဂါလန် ၅၀ ပါ ပီပါ ကိုးလုံးကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ရေနံစိမ်းများ တရားမဝင် သိုလှောင်ထားသည့် ဦးဇော်ဝိတ်နှင့် ဦးပေါဝင်းကို ဗဟင်းနယ်မြေရဲစခန်းက အမှုဖွင့် စစ်ဆေးလျက် ရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်ကလည်း မင်းလှမြို့နယ်အတွင်းရှိ မြေနီ လမ်းပေါ် တွင် မောင်းနှင်လာသည့် ခြောက်ဘီးယာဉ်ပေါ်မှ တရားမဝင် သယ်ဆောင်လာသည့် ရေနံစိမ်းဂါလန် ၆၀ဝ ခန့်ပါ ဆီပီပါများ ဖမ်းမိ ခဲ့သည့် ဖြစ်စဉ်တစ်ခု မကွေးတိုင်းအတွင်း ဖြစ်ပွား ခဲ့သေးသည်။

Mizzima - News in Burmese 

No comments:

Post a Comment