Tuesday 9 December 2014

ဂွာတာနာမို အကျဉ်းစခန်းမှ လွတ်မြောက်လာသူ ခြောက်ဦးကို ဥရုဂွေးမှ လက်ခံ

Photo: ဂွာတာနာမို အကျဉ်းစခန်းမှ လွတ်မြောက်လာသူ ခြောက်ဦးကို ဥရုဂွေးမှ လက်ခံ
Tuesday, December 9, 2014

ဂွာတာနာမို အကျဉ်းစခန်းမှ အကျဉ်းသား ၆ ဦးကို အမေရိကန်မှ လွတ်မြောက်ခွင့် ပေးလိုက်ပြီး အဆိုပါ ခြောက် ဦးအား ဥရုဂွေးနိုင်ငံမှ လက်ခံ လိုက်ကြောင်း သိရသည်။ ၎င်းတို့ ခြောက်ဦး အနက် လေးဦးမှာ ဆီးရီးယား နိုင်ငံသားများ ဖြစ်ပြီး တစ်ဦးမှာ တူနီးရှား နိုင်ငံသား ဖြစ်ကာကျန်တစ်ဦးမှာ ပါလက်စတိုင်း နိုင်ငံသား ဖြစ်ကြောင်း သိရသည်။ အဆိုပါ ခြောက်ဦးစလုံးကို လွန်ခဲ့သော ၁၂ နှစ်တွင် အယ်လ်ကိုင်ဒါနှင့် ပတ်သက်မှုကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး တရားရုံးမှ ပြစ်ဒဏ် ချမှတ်ခြင်း မရှိခဲ့ချေ။

အကြမ်းဖက်မှုနှင့် ဖမ်းဆီးထားသည့် အကျဉ်းသားများ ထားရှိရာ ဂွာတာနာမို အကျဉ်းအစခန်းကို ဖျက်သိမ်းရန် သမ္မတ အိုဘားမားက တောင်းဆိုထားသည်။

ဥရုဂွေးနိုင်ငံသမ္မတ ဖြစ်သူဂျိုစ်မူဂျီကာက အဆိုပါခြောက်ဦးသည် အကြမ်းဖက် ပြန်ပေးဆွဲမှုနှင့် ဆက်နွယ်ခြင်းကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်း ခဲ့သည်။ အမေရိကန်နိုင်ငံ ဘက်မှ ပြန်လွှတ်ပေးခဲ့ သူများမှာ ဆီးရီယားနိုင်ငံမှ အဘူလ်ဝါ အယ်လ်ဒီဟက်ဘ်၊ အလီဟူစိန်ရှာဘန်၊ အာမက်အက်ဒနန်အဂျူရီ၊ အဘက်ဒယ်လ်ဖာရက်ဂ်ျ၊ ပါလက်စတိုင်းမှ မိုဟာမက် အဗ္ဗဒူလာတာဟာ မက်တန်၊ တူနီးရှားမှ အဒဲလ်မိုဟာ မက်အယ်လ်အူအာဂျီ တို့ဖြစ်ကြောင်း သိရသည်။ အသက် ၄၃ နှစ်အရွယ်ရှိ အဘူလ်ဝါ အယ်လ်ဒီဟက်ဘ် ၏ ရှေ့နေဖြစ်သူက ယင်း၏ အမှုသည်ကို လက်ခံပေးသော ဥရုဂွေးနိုင်ငံကို ကျေးဇူးတင်ကြောင်း ထုတ် ပြောကြားခဲ့သည်။

“ဒီနေရာဟာ သူ့နိုင်ငံလို့သူ လက်ခံထားပါတယ်။သူဟာ သူ့ဇနီးနဲ့ သူ့ကလေးတွေကို တွေ့ချင်နေပါတယ်” ဟု Repriever အမည်ရ လူ့အခွင့်အရေးလှုပ်ရှားမှု အဖွဲ့မှ ရှေ့နေဖြစ်သူ ကော်ရီခရီဒါက ပြောကြားခဲ့သည်။ ဂွာတာနာမို အကျဉ်းစခန်းမှ ပြန်လည် လွတ်မြောက် လာသော အဆိုပါ အကျဉ်းသား ၆ ဦးကို ဥရုဂွေးနိုင်ငံရှိ စစ်ဘက်ဆိုင်ရာ ဆေးရုံတွင် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ပေးလျက် ရှိကြောင်းသိရသည်။

“ဂွာတာနာမို အကျဉ်းစခန်းဖျက်သိမ်းရေးမှာ ပါဝင်ကူညီပေးတဲ့ ဥရုဂွေးကို အမေရိကန်နိုင်ငံအနေနဲ. အလွန်ပဲ ကျေးဇူးတင်မိပါတယ်”ဟု ပင်တဂွန်စစ်ဋ္ဌာနချုပ်မှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အမေရိကန်သမ္မတအိုဘားမားသည် ကျူးဘားတွင်ရှိသော ဂွာတာနာမို အကျဉ်းစခန်းကို ဖျက်သိမ်းရန် တောင်းဆိုထားသည်။ အဆိုပါ အကျဉ်းစခန်းကို ၂၀၀၂ ခုနှစ်တွင် စစ်ဘက်ဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်သူတို့ကို ထိန်းသိမ်းရန် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ဂွာတာနာမို အကျဉ်းစခန်းမှ အကျဉ်းသား ခြောက်ဆယ်ကျော် ကို ပြန်လည်လွှတ်ပေးထားပြီး ဖြစ်သည်။

Ref: BBC
ဂွာတာနာမို အကျဉ်းစခန်းမှ အကျဉ်းသား ၆ ဦးကို အမေရိကန်မှ လွတ်မြောက်ခွင့် ပေးလိုက်ပြီး အဆိုပါ ခြောက် ဦးအား ဥရုဂွေးနိုင်ငံမှ လက်ခံ လိုက်ကြောင်း သိရသည်။ ၎င်းတို့ ခြောက်ဦး အနက် လေးဦးမှာ ဆီးရီးယား နိုင်ငံသားများ ဖြစ်ပြီး တစ်ဦးမှာ တူနီးရှား နိုင်ငံသား ဖြစ်ကာကျန်တစ်ဦးမှာ ပါလက်စတိုင်း နိုင်ငံသား ဖြစ်ကြောင်း သိရသည်။ အဆိုပါ ခြောက်ဦးစလုံးကို လွန်ခဲ့သော ၁၂ နှစ်တွင် အယ်လ်ကိုင်ဒါနှင့် ပတ်သက်မှုကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး တရားရုံးမှ ပြစ်ဒဏ် ချမှတ်ခြင်း မရှိခဲ့ချေ။

အကြမ်းဖက်မှုနှင့် ဖမ်းဆီးထားသည့် အကျဉ်းသားများ ထားရှိရာ ဂွာတာနာမို အကျဉ်းအစခန်းကို ဖျက်သိမ်း ရန် သမ္မတ အိုဘားမားက တောင်းဆိုထားသည်။

ဥရုဂွေးနိုင်ငံသမ္မတ ဖြစ်သူဂျိုစ်မူဂျီကာက အဆိုပါခြောက်ဦးသည် အကြမ်းဖက် ပြန်ပေးဆွဲမှုနှင့် ဆက်နွယ်ခြင်းကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်း ခဲ့သည်။ အမေရိကန်နိုင်ငံ ဘက်မှ ပြန်လွှတ် ပေးခဲ့ သူများမှာ ဆီးရီယားနိုင်ငံမှ အဘူလ်ဝါ အယ်လ်ဒီဟက်ဘ်၊ အလီဟူစိန်ရှာဘန်၊ အာမက်အက်ဒနန် အဂျူရီ၊ အဘက်ဒယ်လ်ဖာရက်ဂ်ျ၊ ပါလက်စတိုင်းမှ မိုဟာမက် အဗ္ဗဒူလာတာဟာ မက်တန်၊ တူနီးရှားမှ အဒဲလ်မိုဟာ မက်အယ်လ်အူအာဂျီ တို့ဖြစ်ကြောင်း သိရသည်။ အသက် ၄၃ နှစ်အရွယ်ရှိ အဘူလ်ဝါ အယ်လ်ဒီဟက်ဘ် ၏ ရှေ့နေဖြစ်သူက ယင်း၏ အမှုသည်ကို လက်ခံပေးသော ဥရုဂွေးနိုင်ငံကို ကျေးဇူးတင်ကြောင်း ထုတ် ပြောကြားခဲ့သည်။

“ဒီနေရာဟာ သူ့နိုင်ငံလို့သူ လက်ခံထားပါတယ်။သူဟာ သူ့ဇနီးနဲ့ သူ့ကလေးတွေကို တွေ့ချင်နေပါတယ်” ဟု Repriever အမည်ရ လူ့အခွင့်အရေးလှုပ်ရှားမှု အဖွဲ့မှ ရှေ့နေဖြစ်သူ ကော်ရီခရီဒါက ပြောကြားခဲ့သည်။ ဂွာတာနာမို အကျဉ်းစခန်းမှ ပြန်လည် လွတ်မြောက် လာသော အဆိုပါ အကျဉ်းသား ၆ ဦးကို ဥရုဂွေးနိုင်ငံ ရှိ စစ်ဘက်ဆိုင်ရာ ဆေးရုံတွင် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ပေးလျက် ရှိကြောင်းသိရသည်။

“ဂွာတာနာမို အကျဉ်းစခန်းဖျက်သိမ်းရေးမှာ ပါဝင်ကူညီပေးတဲ့ ဥရုဂွေးကို အမေရိကန်နိုင်ငံအနေနဲ. အလွန်ပဲ ကျေးဇူးတင်မိပါတယ်”ဟု ပင်တဂွန်စစ်ဋ္ဌာနချုပ်မှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အမေရိကန် သမ္မတ အိုဘားမားသည် ကျူးဘားတွင်ရှိသော ဂွာတာနာမို အကျဉ်းစခန်းကို ဖျက်သိမ်းရန် တောင်းဆိုထား သည်။ အဆိုပါ အကျဉ်းစခန်းကို ၂၀၀၂ ခုနှစ်တွင် စစ်ဘက်ဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်သူတို့ကို ထိန်း သိမ်းရန် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ဂွာတာနာမို အကျဉ်းစခန်းမှ အကျဉ်းသား ခြောက် ဆယ်ကျော် ကို ပြန်လည်လွှတ်ပေးထားပြီး ဖြစ်သည်။

Ref: BBC

No comments:

Post a Comment