Tuesday 9 December 2014

CIA အစီရင်ခံစာ မထုတ်ပြန်မီ ကမ္ဘာတစ်ဝန်းရှိ အမေရိကန်ပိုင် အဆောက်အအုံ များတွင် လုံခြုံရေး တပ်လှန့်ထား

Photo: CIA အစီရင်ခံစာ မထုတ်ပြန်မီ ကမ္ဘာတစ်ဝန်းရှိ အမေရိကန်ပိုင် အဆောက်အအုံ များတွင် လုံခြုံရေး တပ်လှန့်ထား
Tuesday, December 9, 2014

အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA)၏ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခြင်း မပြုမီ ကမ္ဘာတစ်ဝန်းရှိ အမေရိကန် သံရုံးများနှင့် အမေရိကန်ပိုင် အဆောက်အအုံများတွင် လုံခြုံရေး တပ်လှန့်ထားလိုက်ကြောင်း သတင်းရရှိ သည်။

အိမ်ဖြူတော်၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ဒီဇင်ဘာ ၉ ရက်တွင် CIA ထုတ်ပြန်ဖွယ် ရှိနေသည့် အစီရင်ခံစာသည် ကမ္ဘာတစ်ဝန်းရှိ အမေရိကန်ပိုင် အဆောက်အအုံများအပေါ် ပိုမိုခြိမ်းခြောက်မှု ရှိလာမည့် ဆက်နွှယ်မှုမျိုး ဖြစ်လာစေနိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။

အဆိုပါ စာမျက်နှာ (၄၈၀)ပါ အစီရင်ခံစာသည် CIA ၏ ပြင်းထန်ကြမ်းတမ်း သည့် စစ်ဆေးမေးမြန်းမှုများနှင့် ဆက်နွှယ်သည့် သတင်းအချက်အလက်များ ကိုပါ ထုတ်ပြန် ဖော်ပြလာနိုင်ကြောင်း သိရသည်။ CIA သည် အကြမ်းဖက်မှုနှင့် ပတ်သက်သည့် သတင်းများ ရယူရန်အတွက် အရေးပါသော သံသယ တရားခံ များကို နည်းမျိုးစုံဖြင့် မေးမြန်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရပြီး ယခုအစီရင်ခံစာတွင် အဆိုပါ အချက်အလက်များကို ဖော်ပြလာဖွယ် ရှိနေသည်။

သို့သော်လည်း CIA ၏ စာမျက်နှာ (၆၀၀၀)ပါ အစီရင်ခံစာ အပြည့်အစုံကိုမူ သီးခြားကန့်သတ် အဆင့်ဖြင့် သိမ်းဆည်းထားဆဲဟု သိရသည်။ အမေရိကန် တွင် သမ္မတ အိုဘားမား လက်ထက်၌ CIA ၏ စစ်ကြောမေးမြန်းရေး အစီအမံ များကို ၂၀၀၉ ခုနှစ်တွင် ရပ်ဆိုင်းထားစေခဲ့သည်။ ၎င်းက CIA အနေဖြင့် အယ်လ်ကိုင်ဒါကဲ့သို့ အကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်နွှယ်မှုများကို စစ်ဆေးသည့်အခါ ရက်စက်ညှင်းပန်းသော နည်းလမ်းများကို အသုံးပြုနေ ကြောင်း စွပ်စွဲမှုများကိုလည်း အသိအမှတ် ပြုခဲ့သည်။

ကြိုတင် ထွက်ပေါ်နေသော ကောလာဟလများအရ ဒီဇင်ဘာ ၉ ရက်တွင် ထုတ်ပြန်မည့် အစီရင်ခံစာတွင် ယခင်က သိရှိထားသည့် နည်းလမ်းများထက် ပိုမိုဆိုးရွားသော စစ်ကြောမှု ပုံစံများ ပါဝင်လာနိုင်ရာ ကမ္ဘာတလွှားတွင် ယင်းနှင့်ပတ်သက်၍ ဒေါသထွက် အုံကြွမှုများ ဖြစ်ပေါ်လာမည်ကို အမေရိကန် အစိုးရက စိုးရိမ်နေသည်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဂျော့ရှ်အားနက်စ်က အမေရိကန် အစိုးရ အနေဖြင့် CIA ၏ အစီရင်ခံစာ ထုတ်ပြန်မည့် ကိစ္စအပေါ် ကြိုဆိုသော်လည်း အမေရိကန်ပိုင် အဆောက်အအုံများ၏ လုံခြုံရေးကို ပိုမိုမြှင့်တင်ထားစေ လိုကြောင်း ပြောကြားထားသည်။

Ref: BBC
အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA)၏ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခြင်း မပြုမီ ကမ္ဘာ တစ်ဝန်းရှိ အမေရိကန် သံရုံးများနှင့် အမေရိကန်ပိုင် အဆောက်အအုံများတွင် လုံခြုံရေးတပ်လှန့် ထားလိုက်ကြောင်း သတင်းရရှိ သည်။

အိမ်ဖြူတော်၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ဒီဇင်ဘာ ၉ ရက်တွင် CIA ထုတ်ပြန်ဖွယ် ရှိနေသည့် အစီရင်ခံစာသည် ကမ္ဘာတစ်ဝန်းရှိ အမေရိကန်ပိုင် အဆောက်အအုံများအပေါ် ပိုမိုခြိမ်းခြောက်မှု ရှိလာမည့် ဆက်နွှယ်မှုမျိုး ဖြစ်လာစေနိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။

အဆိုပါ စာမျက်နှာ (၄၈၀)ပါ အစီရင်ခံစာသည် CIA ၏ ပြင်းထန်ကြမ်းတမ်း သည့် စစ်ဆေးမေးမြန်းမှု များနှင့် ဆက်နွှယ်သည့် သတင်းအချက်အလက်များကိုပါ ထုတ်ပြန် ဖော်ပြလာနိုင်ကြောင်းသိရသည်။ CIA သည် အကြမ်းဖက်မှုနှင့်ပတ်သက်သည့် သတင်းများရယူရန်အတွက် အရေးပါသော သံသယ တရားခံများ ကို နည်းမျိုးစုံဖြင့် မေးမြန်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရပြီး ယခုအစီရင်ခံစာတွင် အဆိုပါ အချက် အလက် များကို ဖော်ပြလာဖွယ် ရှိနေသည်။

သို့သော်လည်း CIA ၏ စာမျက်နှာ (၆၀၀၀)ပါ အစီရင်ခံစာ အပြည့်အစုံကိုမူ သီးခြားကန့်သတ် အဆင့်ဖြင့် သိမ်းဆည်း ထားဆဲဟု သိရသည်။ အမေရိကန်တွင် သမ္မတအိုဘားမားလက်ထက်၌ CIA ၏ စစ်ကြော မေးမြန်းရေးအစီအမံများကို ၂၀၀၉ ခုနှစ်တွင် ရပ်ဆိုင်းထားစေခဲ့သည်။ ၎င်းက CIA အနေဖြင့် အယ်လ် ကိုင်ဒါကဲ့သို့ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်နွှယ်မှုများကို စစ်ဆေးသည့်အခါ ရက်စက်ညှင်းပန်း သော နည်းလမ်းများကို အသုံးပြုနေ ကြောင်း စွပ်စွဲမှုများကိုလည်း အသိအမှတ် ပြုခဲ့သည်။

ကြိုတင် ထွက်ပေါ်နေသော ကောလာဟလများအရ ဒီဇင်ဘာ ၉ ရက်တွင် ထုတ်ပြန်မည့် အစီရင်ခံစာတွင် ယခင်က သိရှိထားသည့် နည်းလမ်းများထက် ပိုမိုဆိုးရွားသော စစ်ကြောမှု ပုံစံများ ပါဝင်လာနိုင်ရာ ကမ္ဘာတလွှားတွင် ယင်းနှင့်ပတ်သက်၍ ဒေါသထွက် အုံကြွမှုများ ဖြစ်ပေါ်လာမည်ကို အမေရိကန် အစိုးရက စိုးရိမ်နေသည်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဂျော့ရှ်အားနက်စ်က အမေရိကန် အစိုးရ အနေဖြင့် CIA ၏ အစီရင် ခံစာ ထုတ်ပြန်မည့် ကိစ္စအပေါ် ကြိုဆိုသော်လည်း အမေရိကန်ပိုင် အဆောက်အအုံများ၏ လုံခြုံရေးကို ပိုမိုမြှင့်တင်ထားစေ လိုကြောင်း ပြောကြားထားသည်။

Ref: BBC

No comments:

Post a Comment