Tuesday 9 December 2014

တပ်မတော်နှင့် ပြည်သူကင်းကွာပါက နိုင်ငံကာကွယ်ရေး ထိခိုက်နိုင်ဟု ကာချုပ်ပြော

တပ်မတော်က ပြည်သူနှင့်ကင်းကွာပါက နိုင်ငံတော်ကာကွယ်ရေးကို ထိခိုက်နိုင်သဖြင့် ပြည်သူနှင့် ပတ် သက်၍ အလေးထားစောင့်ထိန်းရန် လိုအပ်ကြောင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

ဒီဇင်ဘာ ၈ ရက်က ပြုလုပ်သော လဟယ်တပ်နယ်ခန်းမနှင့် မွန်းလွဲပိုင်းတွင် ခန္တီးတပ်နယ်ခန်းမတို့၌ တပ် နယ် အသီးသီးရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံစဉ်အထက်ပါအတိုင်း ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။ အဆိုပါတွေ့ဆုံပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ‘‘မည်သည့်နိုင်ငံရေးစနစ် ကျင့် သုံးသည်ဖြစ်စေ၊ မည်သည့်အစိုးရ တာဝန်ယူသည်ဖြစ်စေ၊ တပ်မတော်မှာ ထာဝရရှိနေမည်ဖြစ်ပြီး နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ရန်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်ရန်အတွက် အရည်အချင်းပြည့်ဝသော တပ်မတော်ဖြစ်အောင် တပ်မတော်သားအားလုံး ပါဝင် ဆောင်ရွက်ရန်လိုအပ်ကြောင်း’’ ထည့်သွင်းပြောကြားခဲ့သည်။

7Day DAILY 

No comments:

Post a Comment