Tuesday 9 December 2014

မျဉ်းဝါနှင့် ဘလောက်တုံးကျော် မောင်းနှင်သည့် ဘတ်စ်ကားလေးရာခန့် ဖမ်းဆီး

သတ်မှတ်ယာဉ်ကြောအတွင်းမှ မောင်းနှင်နေသောခရီးသည်တင်ဘတ်စ်ကားနှစ်စင်းကို တွေ့ရစဉ် (ဓာတ်ပုံ - ကျော်ဇင်သန်း)
မျဉ်းဝါနှင့် ဘလောက်တုံး တွင်းမောင်းနှင်ရန် သတ်မှတ်ထားသည့်ရက် တစ်လမပြည့်မီ အတွင်းမှာပင် မျဉ်းဝါ နှင့် ဘလောက်တုံးကျော်မောင်းသော ဘတ်စ်ကားအစီးရေ လေးရာခန့်ကို ဖမ်းဆီးအရေးယူထား ကြောင်း သတင်းရရှိသည်။


ရန်ကုန်မြို့အတွင်း ရေးဆွဲ ထားသော ဘတ်စ်ကားသီးသန့် မောင်းနှင်ရမည့် မျဉ်းဝါလမ်း ကြောင်းနှင့် လမ်းကြောင်းသတ် မှတ်ဘလောက်တုံးကျော်၍ မောင်းသော ယာဉ်များကို နိုဝင်ဘာ တတိယပတ်မှစတင် ဖမ်းဆီး အရေးယူမှုပြုလုပ်နေရာ အရေးယူထားခဲ့သည့် ယာဉ်စီးရေမှာ ရာနှင့်ချီရှိနေခြင်းဖြစ်သည်။


‘‘အခုအချိန်ထိကို ဖမ်းဆီးရမိတာ အစီးရေက ၃၈၀ ကျော်ရှိ တယ်။ ဘလောက်တုံး ကျော် မောင်း တာကြောင့်ဆိုပြီးတော့ အရေးယူမှုစာရင်း ခွဲထားတာမရှိဘူး။ ဒီ ၃၈၀ ကျော်က မျဉ်းဝါရော၊ ဘလောက် တုံးရော ကျော်မောင်းလို့ အရေးယူထားရတဲ့ ယာဉ်စီးရေပါ’’ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးတစ်ဦး က ပြောသည်။

ရန်ကုန်မြို့ ယာဉ်ကြောကျပ်တည်းမှုကို ဖြေလျှော့နိုင်ရန်နှင့် ဘတ်စ်ကားများ မိမိယာဉ်လမ်းကြောင်း အတိုင်း စနစ်တကျမောင်းနှင်နိုင်ရန် သက်ဆိုင်ရာက နိုဝင်ဘာအတွင်း စတင်၍ မျဉ်းဝါများကို လမ်းညာ ဘက်ခြမ်းတွင် ရေးဆွဲခဲ့ပြီး အနော်ရထာ လမ်းပိုင်းတစ်လျှောက်ကိုလည်း မျဉ်းဝါအစား ဘလောက်တုံးများ ချထားမှု ပြုလုပ်ခဲ့သည်။ 

သတ်မှတ် လမ်းကြောင်းကျော်လွန်၍ စည်းကမ်း ဖောက်ဖျက်မောင်းနှင်သော ဘတ်စ်ကားများကို ထိရောက် စွာ ဖမ်းဆီးအရေးယူနိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက နိုဝင်ဘာ ၁၃ ရက်တွင် အမိန့် တစ်ရပ် ထုတ်ပြန်ခဲ့ပြီး စည်ပင်ဥပဒေဖြင့် အရေးယူစေခဲ့သည်။

ရန်ကုန်မြို့တော်စည်ပင် သာယာရေးဥပဒေအရ စည်းကမ်း ဖောက်ဖျက်သော ယာဉ်များမှာ အမြင့်ဆုံး ဒဏ်ကြေးငွေ ကျပ်သိန်းချီပေးဆောင် စေရမည်ဖြစ်၍ ယာဉ်လုပ်သားများအတွက် ပြင်းထန်သော ပြစ်ဒဏ် တစ်ခုဖြစ်စေ ခဲ့ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိ ရဲ အရာရှိတစ်ဦးကဆိုသည်။

ထိုသို့နည်းလမ်းသစ်များဖြင့် စိစစ်ကြပ်မတ်အရေးယူနေသော် လည်း ရန်ကုန်မြို့ယာဉ်ကြော ကျပ်တည်းမှု ပြဿနာမှာ သိသာစွာ လျော့ကျခြင်းမရှိသေးကြောင်း ဘတ်စ်ကားယာဉ်မောင်း များနှင့် ခရီးသွားများက မှတ်ချက်ပြုခဲ့သည်။

‘‘ဘတ်စ်ကားတွေအတွက် ကတော့ အစမ်းသပ်ခံဖြစ်နေတာ ပေါ့ဗျာ။ မနေ့ကမောင်းတဲ့ တစ်ယောက် ကတော့ မျဉ်းဝါကျော်လို့ အဖမ်းခံလိုက်ရသေးတယ်’’ဟု ၁၂၄ အထူးယာဉ်လိုင်းမှ ယာဉ်မောင်း ကိုကျော်သူ က ပြောသည်။

ဘတ်စ်ကားလမ်းကြောင်း သတ်မှတ်မျဉ်းဝါကို ကျန်ရှိသည့်နေရာများတွင် ဆက်လက်ရေးဆွဲနေပြီး ဘလောက်တုံးများကို ယာဉ်ထိန်းရဲတပ်ဖွဲ့၏ တင်ပြတောင်းဆိုချက်အပေါ် မူတည်ပြီးဆက်လက်ချထားပေး သွားမည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီလမ်း/တံတားဌာနမှဌာနမှူး ဦးတင်မောင်ကြည် ကဆိုသည်။

7Day DAILY 

No comments:

Post a Comment