Tuesday 9 December 2014

ဆော်ဒီတွင် လူ ၁၃၅ ဦးအား အကြမ်းဖက်မှုဖြင့် ဖမ်းဆီး

Photo: ဆော်ဒီတွင် လူ ၁၃၅ ဦးအား အကြမ်းဖက်မှုဖြင့် ဖမ်းဆီး
Tuesday, December 9, 2014

ဆော်ဒီအာရေဗျနိုင်ငံတွင် အကြမ်းဖက် ပြစ်မှုများနှင့် ပတ်သတ်၍ မသင်္ကာဖွယ် ဖြစ်သူ ၁၃၅ ဦးအား ဖမ်းဆီး ထားကြောင်း ဆော်ဒီ အာဏာပိုင်များက ဒီဇင်ဘာ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အစ္စလာမ်မစ်စတိတ် (အိုင်အက်စ်) အဖွဲ့ အစွန်း ရောက် များ အပေါ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည့် ညွန့်ပေါင်း အဖွဲ့ထဲတွင် ဆော်ဒီအာရေးဘီးယား နိုင်ငံလည်း ပါဝင်ရာ အိုင်အက်စ် အဖွဲ့က လက်စားချေသည့်အနေဖြင့် ဆော်ဒီအား အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ် လာမည်ကို စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။

ဆော်ဒီ တပ်ဖွဲ့များ အိုင်အက်စ်တို့ကို ၀င်ရောက် တိုက်ခိုက်နေမှုကြောင့် အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး နိုင်ငံအတွင်း စိုးရိမ်မှု မြင့်တက်လာ နေသည်။

မသင်္ကာဖွယ် ဖြစ်သူများထဲတွင် နိုင်ငံခြားသား ၂၆ ဦး ပါဝင်ကြကာ ၄င်းတို့အနက် ၁၆ ဦးသည် ဆီးရီးယားများဖြစ်ကြ၍ သုံးဦးသည် ယီမင်နိုင်ငံသားများ ဖြစ်ကြောင်း ဆော်ဒီ ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး မူဆာ အယ်လ်တာကီက ပြောခဲ့ သည်ဟု ဆော်ဒီအစိုးရပိုင် ဆော်ဒီပရပ်စ် အေဂျင်စီ တွင် ဖော်ပြထားသည်။

“အခု အဖမ်းခံထား ရတဲ့သူတွေဟာ မသင်္ကာစရာ အကြမ်းဖက်အဖွဲ့တွေ နဲ့ သက်ဆိုင်ကြတဲ့ သူတွေပါ။ နိုင်ငံတော်ရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်မှု ပျက်ပြားအောင် အန္တရာယ်ပေးဖို့ အကြိမ်ကြိမ် ကြိုးစား ကြတဲ့အတွက် သူတို့ကို ဖမ်းဆီးခဲ့တာပါ” ဟု ဗိုလ်ချုပ်ကြီး တာကီက ဆိုခဲ့သော်လည်း ထိုသူများအား မည်သည့်အချိန်က ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်းကိုမူ သူက ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။

မသင်္ကာဖွယ်ဖြစ်သူများအနက်မှ အယောက် ၄၀ သည် စစ်ပဋိပက္ခဖြစ်ပွါးရာ နေရာများသို့ သွားရောက်ခဲ့ကြကာ အစွန်းရောက်အဖွဲ့များထဲသို့ ဝင်ရောက်ခဲ့ကြပြီး လက်နက်များ မည်ကဲ့သို့ ကိုင်တွယ် အသုံးပြုရမည်ကို လေ့ကျင့်သင်ကြားခဲ့ကြပြီးနောက် နိုင်ငံအား မတည်မငြိမ်ဖြစ်အောင် လုပ်ရန်အတွက် နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ကြခြင်း ဖြစ်ကြောင်း တာကီက ဆိုခဲ့သည်။

အခြား ၅၄ ဦးမှာ အကြမ်းဖက် အဖွဲ့များ အတွက် ငွေကြေးထောက်ပံ့ခြင်း၊ တပ်သားသစ်စုဆောင်းပေးခြင်း၊ ဝါဒဖြန့်ပေးခြင်း နှင့် ဖောက်ခွဲရေး ပစ္စည်းများ ထုတ်လုပ်ခြင်းတို့တွင် ပါဝင် ပတ်သက် နေကြသူများ ဖြစ်ကြကြောင်းလည်း သူက ထည့်သွင်းပြောကြားခဲ့သည်။

မသင်္ကာဖွယ် ဖြစ်သူ ၁၇ ဦးမှာ ဆော်ဒီ အရှေ့ပိုင်းပြည်နယ်အတွင်း ဒမ်းမမ်းစီးတီး၏ အနောက်ဘက်ရှိ အာဝါမီယာ ဒေသတွင် ဆော်ဒီ လုံခြုံရေး တပ်ဖွဲ့ဝင်များ အပေါ် ပြုလုပ်ခဲ့သော တိုက်ခိုက်မှုများ နှင့် ဆက်နွယ်နေသူများ ဖြစ်ကြကြောင်းလည်း သူက ဆိုခဲ့သည်။

အာဝါမီယာ ဒေသတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် လူနည်းစု ရှီးယား ဆန္ဒပြသူများအကြား ပဋိပက္ခများ ဖြစ်ပွါးခဲ့သည်။ ဖမ်းဆီးထားသော မသင်္ကာဖွယ်ဖြစ်သူ နိုင်ငံခြားသားများထဲတွင် အီဂျစ်နိုင်ငံသားတစ်ဦး၊ လက်ဘနွန်နိုင်ငံသားတစ်ဦး၊ အီသီယိုပီးယား နိုင်ငံသားတစ်ဦး၊ ဘာရိန်းနိုင်ငံသားတစ်ဦး နှင့် နိုင်ငံမဲ့တစ်ဦးတို့ ပါဝင်ကြောင်း တာကီက ဆိုခဲ့သည်။ ဆီးရီးယားရှိ အိုင်အက်စ် အစွန်းရောက် အဖွဲ့အား လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နေသည့် အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းနိုင်ငံများထဲတွင် ဆော်ဒီအာရေးဘီးယား၊ ယူအေအီး၊ ဂျော်ဒန် နှင့် ဘာရိန်းနိုင်ငံတို့လည်း ပါဝင်ကြသည်။

အိုင်အက်စ် အဖွဲ့အပေါ် စက်တင်ဘာလအတွင်းက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသော ဆော်ဒီ စစ်လေယာဉ်မှူးများမှာ ၄င်းတို့၏ ဓာတ်ပုံများ ပေါ်ထွက်ပျံ့နှံ့ သွားခဲ့ပြီးနောက် အွန်လိုင်း ခြိမ်းခြောက်စာများ ရရှိခဲ့ကြသည်။ အိုင်အက်စ် အဖွဲ့အား လေကြောင်း တိုက်ခိုက်မှု များ ပြုလုပ်ခဲ့ကြသော ဆော်ဒီလေယာဉ်မှူးများ ထဲတွင် ဆော်ဒီ အိမ်ရှေ့မင်းသား၏ သားတစ်ဦးလည်း ပါဝင်သည်။

Ref: AFP
Mizzima - News in Burmese
ဆော်ဒီအာရေဗျနိုင်ငံတွင် အကြမ်းဖက် ပြစ်မှုများနှင့် ပတ်သတ်၍ မသင်္ကာဖွယ် ဖြစ်သူ ၁၃၅ ဦးအား ဖမ်းဆီး ထားကြောင်း ဆော်ဒီ အာဏာပိုင်များက ဒီဇင်ဘာ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အစ္စလာမ်မစ် စတိတ် (အိုင်အက်စ်) အဖွဲ့ အစွန်း ရောက် များ အပေါ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည့် ညွန့်ပေါင်းအဖွဲ့ထဲတွင် ဆော်ဒီအာရေးဘီးယား နိုင်ငံလည်း ပါဝင်ရာ အိုင်အက်စ် အဖွဲ့က လက်စားချေ သည့် အနေဖြင့် ဆော်ဒီအား အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ် လာမည်ကို စိုးရိမ်မှုများ မြင့်တက်လျက် ရှိသည်။

ဆော်ဒီ တပ်ဖွဲ့များ အိုင်အက်စ်တို့ကို ၀င်ရောက် တိုက်ခိုက်နေမှုကြောင့် အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး နိုင်ငံအတွင်း စိုးရိမ်မှု မြင့်တက်လာ နေသည်။

မသင်္ကာဖွယ် ဖြစ်သူများထဲတွင် နိုင်ငံခြားသား ၂၆ ဦး ပါဝင်ကြကာ ၄င်းတို့အနက် ၁၆ ဦးသည် ဆီးရီးယား များဖြစ်ကြ၍ သုံးဦးသည် ယီမင်နိုင်ငံသားများဖြစ်ကြောင်း ဆော်ဒီပြည်ထဲရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်ချုပ်ကြီး မူဆာ အယ်လ်တာကီက ပြောခဲ့ သည်ဟု ဆော်ဒီအစိုးရပိုင် ဆော်ဒီပရပ်စ် အေဂျင်စီ တွင် ဖော်ပြထားသည်။

“အခု အဖမ်းခံထား ရတဲ့သူတွေဟာ မသင်္ကာစရာ အကြမ်းဖက်အဖွဲ့တွေ နဲ့ သက်ဆိုင်ကြတဲ့ သူတွေပါ။ နိုင်ငံတော်ရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်မှု ပျက်ပြားအောင် အန္တရာယ်ပေးဖို့ အကြိမ်ကြိမ် ကြိုးစား ကြတဲ့အတွက် သူတို့ကို ဖမ်းဆီးခဲ့တာပါ” ဟု ဗိုလ်ချုပ်ကြီး တာကီက ဆိုခဲ့သော်လည်း ထိုသူများအား မည်သည့်အချိန်က ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်းကိုမူ သူက ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။

မသင်္ကာဖွယ်ဖြစ်သူများအနက်မှ အယောက် ၄၀ သည် စစ်ပဋိပက္ခဖြစ်ပွါးရာ နေရာများသို့ သွားရောက် ခဲ့ကြကာ အစွန်းရောက်အဖွဲ့များထဲသို့ ဝင်ရောက်ခဲ့ကြပြီး လက်နက်များ မည်ကဲ့သို့ ကိုင်တွယ် အသုံးပြုရ မည် ကို လေ့ကျင့်သင်ကြားခဲ့ကြပြီးနောက် နိုင်ငံအား မတည်မငြိမ်ဖြစ်အောင် လုပ်ရန်အတွက် နိုင်ငံအတွင်း သို့ ပြန်လည်ဝင်ရောက်လာခဲ့ကြခြင်း ဖြစ်ကြောင်း တာကီက ဆိုခဲ့သည်။

အခြား ၅၄ ဦးမှာ အကြမ်းဖက် အဖွဲ့များ အတွက် ငွေကြေးထောက်ပံ့ခြင်း၊ တပ်သားသစ်စုဆောင်းပေးခြင်း၊ ဝါဒဖြန့်ပေးခြင်း နှင့် ဖောက်ခွဲရေး ပစ္စည်းများ ထုတ်လုပ်ခြင်းတို့တွင် ပါဝင် ပတ်သက် နေကြသူများ ဖြစ်ကြ ကြောင်း လည်း သူက ထည့်သွင်းပြောကြားခဲ့သည်။

မသင်္ကာဖွယ် ဖြစ်သူ ၁၇ ဦးမှာ ဆော်ဒီ အရှေ့ပိုင်းပြည်နယ်အတွင်း ဒမ်းမမ်းစီးတီး၏ အနောက်ဘက်ရှိ အာဝါမီယာ ဒေသတွင် ဆော်ဒီလုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြုလုပ်ခဲ့သော တိုက်ခိုက်မှုများ နှင့် ဆက်နွယ် နေ သူများ ဖြစ်ကြကြောင်းလည်း သူက ဆိုခဲ့သည်။

အာဝါမီယာ ဒေသတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် လူနည်းစု ရှီးယား ဆန္ဒပြသူများအကြား ပဋိပက္ခများ ဖြစ်ပွါးခဲ့သည်။ ဖမ်းဆီးထားသော မသင်္ကာဖွယ်ဖြစ်သူ နိုင်ငံခြားသားများထဲတွင် အီဂျစ်နိုင်ငံသားတစ်ဦး၊ လက်ဘနွန်နိုင်ငံသားတစ်ဦး၊ အီသီယိုပီးယား နိုင်ငံသားတစ်ဦး၊ ဘာရိန်းနိုင်ငံသားတစ်ဦးနှင့် နိုင်ငံမဲ့တစ်ဦး တို့ ပါဝင်ကြောင်း တာကီက ဆိုခဲ့သည်။ ဆီးရီးယားရှိ အိုင်အက်စ် အစွန်းရောက် အဖွဲ့အား လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နေသည့် အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းနိုင်ငံများထဲတွင် ဆော်ဒီအာရေး ဘီးယား၊ ယူအေအီး၊ ဂျော်ဒန် နှင့် ဘာရိန်းနိုင်ငံတို့လည်း ပါဝင်ကြသည်။

အိုင်အက်စ် အဖွဲ့အပေါ် စက်တင်ဘာလအတွင်းက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသော ဆော်ဒီ စစ်လေယာဉ်မှူးများမှာ ၄င်းတို့၏ ဓာတ်ပုံများ ပေါ်ထွက်ပျံ့နှံ့ သွားခဲ့ပြီးနောက် အွန်လိုင်း ခြိမ်းခြောက်စာများ ရရှိခဲ့ကြသည်။ အိုင်အက်စ် အဖွဲ့အား လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသော ဆော်ဒီ လေယာဉ် မှူးများ ထဲတွင် ဆော်ဒီ အိမ်ရှေ့မင်းသား၏ သားတစ်ဦးလည်း ပါဝင်သည်။

Ref: AFP
Mizzima - News in Burmese 

No comments:

Post a Comment