Tuesday 9 December 2014

သေဆုံးသွားသည့် မက္ကဆီကို ကျောင်းသား၏ မိဘများက တရားမျှတမှု အတွက် တောင်းဆို

Photo: သေဆုံးသွားသည့် မက္ကဆီကို ကျောင်းသား၏ မိဘများက တရားမျှတမှု အတွက် တောင်းဆို 
Tuesday, December 9, 2014 

မက္ကဆီကိုနိုင်ငံတွင် ပျောက်ဆုံးသွားခဲ့သည့် ကျောင်းသား ၄၃ ဦးအနက်မှ တစ်ဦး၏ အရိုးအား ဒီအင်န်အေ စစ်ဆေးအတည်ပြုနိုင်ခဲ့ပြီးနောက် ၎င်း၏ မိသားစုများက တရားဥပဒေအရ အရေးယူ ပေးရန် ဒီဇင်ဘာ ၇ ရက်က တောင်းဆိုလိုက်သည်။ 

စစ်ဆေးမှုအရ သေဆုံးသွားသူသည် အသက် ၁၉ နှစ်အရွယ် အလက်ဇန်းဒါး မိုရာဆိုသူ ဖြစ်ကြောင်း ရှေ့နေချုပ် ဂျီးဆက်မူရီလိုကာရမ်က အတည်ပြုခဲ့သည်။ ၎င်း၏ အလောင်းမှ မီးကျွမ်းနေသော အရိုးသည် မြေကြီးနှင့်အတူ အနီးရှိ မြစ်တစ်ခုအတွင်း ကျသွားရာမှ တွေ့ရှိခဲ့ ရပြီး ကျောင်းသား ၄၃ ဦးသည် ရဲများက အကူအညီပေးနေသည့် ဒုစရိုက်ဂိုဏ်းက စက်တင်ဘာလအတွင်း သတ်သွားခြင်းဖြစ်ကြောင်း သံသယများ ပိုမိုဖြစ်စေခဲ့သည်။

ဂီရီရော့စ် ယူနီဒို့စ် ဒုစရိုက်ဂိုဏ်းက ကျောင်းသားများအား နိုင်ငံတောင်ပိုင်း ဂီရီရိုပြည်နယ်တွင် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ဆိုးရွားမီးလောင်ကျွမ်းထားသော ခန္ဓာကိုယ်အစိတ်အ ပိုင်း ၁၇ ခုကို စစ်ဆေးရန် အာဏာပိုင်များက သြစတြေးလျဆေးတက္ကသိုလ် သို့ နိုဝင်ဘာလ အတွင်းက ပို့ခဲ့သည်။

ရှေ့နေချုပ် ဂျီးဆက်မူရီလိုကာရမ်က သြစတြေးလျသို့ ပို့ထားသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဆက်လက်စစ်ဆေးနေသော်လည်း အတည်ပြုမှုများ ထပ်မံမလုပ်ဆောင်နိုင်သေးကြောင်း၊ အကယ်၍ ကျောင်းသားအားလုံး အသတ်ခံရကြောင်း အတည်ပြုနိုင်ပါက မူးယစ်ဆေးဝါး စစ်ပွဲဖြစ်ပွားနေသည့် မက္ကဆီကိုနိုင်ငံတွင် အများဆုံးအစုလိုက်အပြုံလိုက် အသတ်ခံရမှုတစ်ခုဖြစ်ကြောင်း ပြောကြား သည်။

မက္ကဆီကိုတွင် မူးယစ်ဆေးဝါးဂိုဏ်းများနှင့် ၂၀၀၆ ခုနှစ်မှစတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင်း လူ ၈၀၀၀၀ ကျော် သေဆုံးခဲ့ပြီး ၂၂၀၀၀ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

ယခုကျောင်းသားများ ပျောက်ဆုံးနေမှုအပေါ် နိုင်ငံအ၀ှမ်းဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီး မက္ကဆီကို နိုင်ငံတွင်း အကျင့်ပျက်ခြစားမှုများ ထူထပ်နေခြင်းနှင့် သမ္မတ အန်ရစ်ပီနာနီတို၏ လုံခြုံရေးမူဝါဒနှင့် ပတ်သက်၍ ထိခိုက်မှုများ ကြုံတွေ့နေရခြင်းဖြစ်သည်။

Ref: AFP
Mizzima - News in Burmese  

ဒီအင်အေ စစ်ဆေးမှုအရ သေဆုံးသွားခဲ့သည်မှာ သေချာသွားခဲ့သည့် အလက်ဇန်းဒါး မိုရာ
ဒီအင်အေ စစ်ဆေးမှုအရ သေဆုံးသွားခဲ့သည်မှာ သေချာသွားခဲ့သည့် အလက်ဇန်းဒါး မိုရာ
မက္ကဆီကိုနိုင်ငံတွင် ပျောက်ဆုံးသွားခဲ့သည့် ကျောင်းသား ၄၃ ဦးအနက်မှ တစ်ဦး၏ အရိုးအား ဒီအင်န်အေ စစ်ဆေးအတည်ပြုနိုင်ခဲ့ပြီးနောက် ၎င်း၏ မိသားစုများက တရားဥပဒေအရ အရေးယူ ပေးရန် ဒီဇင်ဘာ ၇ ရက်က တောင်းဆိုလိုက်သည်။ 

စစ်ဆေးမှုအရ သေဆုံးသွားသူသည် အသက် ၁၉ နှစ်အရွယ် အလက်ဇန်းဒါး မိုရာဆိုသူ ဖြစ်ကြောင်း ရှေ့နေချုပ် ဂျီးဆက်မူရီလိုကာရမ်က အတည်ပြုခဲ့သည်။ ၎င်း၏ အလောင်းမှ မီးကျွမ်းနေသော အရိုးသည် မြေကြီးနှင့်အတူ အနီးရှိ မြစ်တစ်ခုအတွင်း ကျသွားရာမှ တွေ့ရှိခဲ့ ရပြီး ကျောင်းသား ၄၃ ဦးသည် ရဲများက အကူအညီပေးနေသည့် ဒုစရိုက်ဂိုဏ်းက စက်တင်ဘာလအတွင်း သတ်သွားခြင်းဖြစ်ကြောင်း သံသယများ ပိုမိုဖြစ်စေခဲ့သည်။

ဂီရီရော့စ် ယူနီဒို့စ် ဒုစရိုက်ဂိုဏ်းက ကျောင်းသားများအား နိုင်ငံတောင်ပိုင်း ဂီရီရိုပြည်နယ်တွင် သတ်ဖြတ် ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ဆိုးရွားမီးလောင်ကျွမ်းထားသော ခန္ဓာကိုယ်အစိတ်အ ပိုင်း ၁၇ ခုကို စစ် ဆေးရန် အာဏာပိုင်များက သြစတြေးလျဆေးတက္ကသိုလ် သို့ နိုဝင်ဘာလ အတွင်းက ပို့ခဲ့သည်။

ရှေ့နေချုပ် ဂျီးဆက်မူရီလိုကာရမ်က သြစတြေးလျသို့ ပို့ထားသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဆက် လက် စစ်ဆေးနေသော်လည်း အတည်ပြုမှုများ ထပ်မံမလုပ်ဆောင်နိုင်သေးကြောင်း၊ အကယ်၍ ကျောင်း သားအားလုံး အသတ်ခံရကြောင်း အတည်ပြုနိုင်ပါက မူးယစ်ဆေးဝါး စစ်ပွဲဖြစ်ပွားနေသည့် မက္ကဆီကို နိုင်ငံတွင် အများဆုံးအစုလိုက်အပြုံလိုက် အသတ်ခံရမှုတစ်ခုဖြစ်ကြောင်း ပြောကြား သည်။

မက္ကဆီကိုတွင် မူးယစ်ဆေးဝါးဂိုဏ်းများနှင့် ၂၀၀၆ ခုနှစ်မှစတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင်း လူ ၈၀၀၀၀ ကျော် သေဆုံးခဲ့ပြီး ၂၂၀၀၀ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

ယခုကျောင်းသားများ ပျောက်ဆုံးနေမှုအပေါ် နိုင်ငံအ၀ှမ်းဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီး မက္ကဆီကို နိုင်ငံတွင်း အကျင့် ပျက်ခြစားမှုများ ထူထပ်နေခြင်းနှင့် သမ္မတ အန်ရစ်ပီနာနီတို၏ လုံခြုံရေးမူဝါဒနှင့် ပတ်သက်၍ ထိခိုက်မှုများ ကြုံတွေ့နေရခြင်းဖြစ်သည်။

Ref: AFP
Mizzima - News in Burmese 

No comments:

Post a Comment